ရေစကြိုတွင် ဒေသခံ လူငယ် ၁ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီး

မကွေးတိုင်း၊ ရေစကြိုမြို့မှာ မေ ၈ ရက် ညက ဒေသခံ အမျိုးသား တယောက်ကို စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးလို့ အ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့၊ အမှတ်(၈) စိတ္တသုခရပ်ကွက်၊ ဆေးရုံရှေ့လမ်းမှာ မေ ၈ ရက် ည ၉ နာရီလောက်က ဆိုင်ကယ်နဲ့ တယောက်တည်းအိမ်ပြန်လာတဲ့ သုခဝတီရပ်ကွက်က ကိုဝေဖြိုးကျော်ကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ လိုက်ပစ်ဖမ်းဆီးတာကြောင့် ဒဏ်ရာအပြင်းထန်ရခဲ့တာ ဖြစ်ပါတယ်။
ရေစကြိုမြို့ခံ တစ်ယောက်က “စစ်ကောင်စီတပ်သားတွေဟာ လူငယ်တွေကို ပစ်မှတ်ထားပြီး ဆက်တိုက်ဖမ်းဆီးနေကြတာ။ ဒေသခံတွေကိုလည်း NUG/PDF ထောက်ပံ့သူလို့ စွပ်စွဲပြီး ဖမ်းဆီးကြသလို PDF လို့ စွပ်စွဲဖမ်းဆီးတာတွေ ဘာသက်သေအထောက်ထားမှ မရှိဘဲ ဆက် တိုက်ပြုလုပ်နေကြတာ”လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ ကိုဝေဖြိုးကျော်ဟာ PDF တပ်ဖွဲ့ဝင်လည်း မဟုတ်သလို မိဘတွေနဲ့အတူ အေးအေးဆေး နေထိုင်တာဖြစ်ပြီး အိမ်ပြန်လာတဲ့အ ချိန် စစ်ကောင်စီတပ်သားတွေနဲ့ အပေါင်းပါတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးကြတာလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာတော့ ရေစကြိုမြို့ ဆေးရုံရှေ့လမ်းအတိုင်း မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို လုံခြုံရေးတပ်ဖွဲ့တွေက စစ် ဆေးဖို့ တားဆီးရာမှာ ရပ်တန့်ခြင်းမရှိတာကြောင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး အကြမ်းဖက်သမား ဝေဖြိုးကျော်ကို လက်လုပ်မိုင်း တလုံးနဲ့ အတူ သေနတ်ဒဏ်ရာနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ စွပ်စွဲ ဖော်ပြထားပါတယ်။ DVB