အမ်းရှိ နေအိမ် ၃၀၀ ခန့်ကို ကျူးကျော်အိမ်များဟုဆိုကာ စစ်ကောင်စီ ဖယ်ရှားရန် စီစဉ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ လူနေအိမ်များနှင့်ဈေးဆိုင်ခန်း ၃၀၀ ခန့်အား တပ်ပိုင်နယ်မြေများတွင် ကျူးကျော် သည်ဟုဆိုကာ မေလ ၂၁ရက်နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားကြောင်းသိရသည်။

စစ်ကောင်စီသည် အမ်းမြို့နယ်ရှိ ထွေအုပ်ရုံးဟောင်းမြေနေရာနင့် ဆက်စပ်နေသည့် မြေနေရာ၊ ရဲစခန်းဟောင်းနေရာနှင့်ဆက်စပ်နေသည့်မြေနေရာ ၊ ဆေးရုံအနီးတစ်ဝိုက်၊ ခမရ (၃၇၁) တပ်ရင်း အနီးနေရာ၊ အမ်း လေယာဉ်ကွင်းဧရိယာနှင့် ဆက်စပ်နေသည့် မြေနေရာများရှိ ဈေးဆိုင်များနှင့်နေအိမ် စုစုပေါင်း ၃၀၀ခန့်ကို ဖယ်ရှားရန် အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ နေအိမ်များအား အချိန်မီ ဖယ်ရှားမပေးပါက တရားစွဲဆိုသွားမည်ဟု ဆက်တိုက် ခြိမ်းခြောက်မှုများရှိနေ၍ ဖြိုဖျက်နေရကြောင်း နေ အိမ်ဖြိုဖျက်ခဲ့သူ တစ်ဦးထံက သိရသည်။

“ဖြိုဆိုရင် ဖြိုကြရတယ်။ ကြောက်တာကိုး၊ သူတို့က မဖြိုရင် တရားစွဲမယ်။ မြေတူး စက်တွေနဲ့ နင်းမယ်ဆိုပြီးတော့ အမျိုးမျိုးတွေ ခြိမ်း ခြောက် နေတော့ ကြောက်ကြောက်နဲ့ အိမ်တွေ ဖြိုနေကြရပါတယ်။ ကျွန်တော်တို့မှာ ပြန်ဆောက်ဖို့အတွက်လည်း နေရာလည်း မရှိဘူး။ အခုက နေစရာလည်းမရှိဘူး ” ဟု နေအိမ်ဖြိုဖျက်ခံရသူ တစ်ဦးက ပြောသည်။

ခမရ ၃၇၁ အနီးအနားရှိ နေအိမ်များကို မတ်လမှစတင်ကာ ဖြိုဖျက်နေခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ ဈေးဆိုင်ခန်းများနှင့် လူနေအိမ်များကို ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်။ အမ်း လေယာဉ်ကွင်းအနီးအနားရှိ နေအိမ်များကိုမူ ယခုမေလ ၂၁ရက်နေ့ နောက်ဆုံးထား၍ ဖြိုဖျက်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နေအိမ်စုစုပေါင်း ၁၀၀ကျော်ခန့် ဖြိုဖျက်ခံထားရပြီဖြစ် သည်ဟု အမ်းမြို့ ဒေသခံတစ်ဦးထံက သိရသည်။

“ သူတို့က စစ်တပ်မြေဆိုပြီးတော့ သုံးလပိုင်းကတည်းက ဖြိုဖျက်ခိုင်းနေတာ။ အခုက လေယာဉ်ကွင်းအနီးနားမှာရှိတဲ့ နေအိမ်တွေကို ဖိအားပေးပြီး ဖြိုခိုင်းနေတာပေါ့။ စစ်တပ်မှာလည်း အခုက ခြံစည်းရိုးကာထားပေါ့နော်။ ခြံစည်းရိုးမကာတဲ့ အချိန် ကတည်းက စစ်တပ်ကသိမ်း ဆည်းထားတဲ့ မြေတွေကို တောင်သူတွေက ဝိုင်းပြီးတောင်းခဲ့တာတွေရှိပါတယ်။ ဒါပေမဲ့ စစ်တပ်က အရင်က မသိမ်းရင်တောင် အခုသိမ်းတယ်ဆိုပြီး လူနေခြံတွေတောင်မလွတ်ဘဲ သိမ်းလာတွေရှိပါတယ်” အမ်းမြို့ဒေသခံက ပြောသည်။

စစ်ကောင်စီသည် ယခုကဲ့သို့ နေအိမ်များကို ဖယ်ရှားနေသော်လည်း မည်သည့်ထောက်ပံ့ကြေးမျှ ပေးဆောင်ခြင်းမရှိကြောင်းနှင့် နေအိမ်ဖြို ဖျက်ခံရသူများမှာ စားဝတ်နေရေး အခက်အခဲများနှင့်ရင်ဆိုင်နေကြရကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

“ ကျွန်မတို့မှာ နေစရာနေရာလည်းမရှိသေးဘူး။ စားဝတ်နေရေးကလည်း အခက်အခဲ ဖြစ်နေတယ်။ အခု မိုးက ဆက်တိုက်ရွာနေတော့ ပိုပြီးတော့ စားဝတ် နေရေး အခက်အခဲ ကြုံရတယ်။ ဘာမှလည်း ပြောချင်စိတ်မရှိတော့ဘူး ” ဟု လေယာဉ်ကွင်းအနီးရှိ နေအိမ် ဖယ်ရှားခံရသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီက ဖယ်ရှားခိုင်ထားသည့်နေရာတချို့မှာ ယခင်က မြေလွတ်မြေရိုင်းများဖြစ်ပြီး အမ်းမြို့နယ်မှ မရှိဆင်းရဲသည့်ဒေသခံများက အသုံးမပြုသည့် မြေနေရာများကို ရှင်းလင်း၍ နေအိမ် ဆောက်လုပ်နေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s