KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ ကူးဆိပ်အခြေစိုက် ခမရ ၄၀၈ က ပစ်ခတ်သော လက် နက်ကြီး ထိမှန်ပြီး ပြည်သူ ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ ကူးဆိပ်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ စကခ ၈ လက် အောက်ခံ ခမရ ၄၀၈ တပ်ရင်းက မေလ ၇ ရက် နေ့လယ်တွင် ဒွယ်လိုးမြို့နယ်၊ တဒွီးခိုကျေးရွာအတွင်းသို့ ၆၀ မမ လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်ခဲ့ရာ ဆယ်ကျော်သက် အမျိုးသမီးငယ် ၂ ဦး ကျည်ထိမှန်ပြီး ၁ ဦးမှာ သေဆုံးခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ကျည်ထိမှန်ခဲ့သူများမှာ အသက် ၁၆ နှစ်နှင့် အသက် ၁၂ နှစ်အရွယ် ညီအစ်မ နှစ်ဦးဖြစ်ပြီး ညီမဖြစ်သူမှာ ဒေသတွင်းရှိ ကျန်းမာရေးနှင့်ပြန် လည်ထူထောင်ရေးဆေးတပ်သားများမှ ကုသပေးခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် မေလ ၈ ရက်နေ့တွင် သေဆုံးသွားခဲ့သည်ဟု ဆို သည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့၏ ရှေ့တန်းစခန်းများကို ရိက္ခာနှင့် ခဲယမ်းများကို ကုန်းကြောင်းမှ ပို့ဆောင်နိုင်ရန် ကြိုး စားနေကြောင်း၊ ဖာပွန်-ကမမောင်း လမ်းရှိ ကတိုင်တိနှင့် ကူးဆိပ်အနီးဝန်းကျင် ကျေးရွာများသို့ လက်နက်ကြီးများ ချိန်ရွယ်ပစ်ခတ်နေကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s