Monthly Archives: May 2022

ဝေါမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အရှေ့ကမ်းရပ်ကွက်တွင် မေလ ၉ ရက်နေ့ နံနက် ၆နာရီခန့်က ပျူစောထီးခေါင်းဆောင်ဆိုသူ အမျိုးသားတစ်ဦး သေ နတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ပစ်ခတ်ခံရသူမှာ ဦးကျော်ဇော်ဖြစ်ပြီး ခရိုင်ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ပြီး ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

“သူ့ကြောင့် အဖမ်းခံရတဲ့သူတွေ၊ ပြေးနေရတဲ့သူတွေ အများအပြားပါပဲ၊ အဓိကတော့ CDMနဲ့ NLD ကလူတွေကိုပါပဲ၊ သူကတပည့်တွေမွေးပြီး လိုက်လံစုံစမ်းပြီး စစ်တပ်ကို သတင်းပေးနေသူပါ ” ဟု ကဒွတ်ကျေးရွာသားတစ်ဦးမှ ပြောသည်။

အဆိုပါ အသတ်ခံရသူသည် ဝေါမြို့နယ်နှင့် ကျေးရွာများမှ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူများကို စစ်တပ်အားသတင်း ပေးကာ လိုက်လံဖမ်းဆီးနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ဆောင်မှုကို မည်သည့်အဖွဲ့ကပြုလုပ်ခြင်း ဖြစ်ကြောင်းကို ထုတ်ပြန်လာခြင်းမရှိသေးပေ။

ပစ်ခတ်ခံရသူ၏ ရုပ်အလောင်းကို ဝေါဆေးရုံသို့ပို့ဆောင်ထားပြီး ဦးကျောဇော်ဆိုသူသည် အာရုံကြောပြတ်ပြီး သေဆုံးခဲ့သည်ဟု သတင်းလွှင့်ထားကာ လမ်းဆုံ၊လမ်းခွများတွင် စစ်ကောင်စီတပ်ဖွဲ့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ mizzima

တရားမဝင်မြန်မာများစီးသည့်ကားကို ထိုင်းလုံ ခြုံရေးအဖွဲ့က ပစ်ခတ်ခြင်းဖြစ်၊ ပါဝင်သူများကို ဆက်စစ်မည်

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျုပ်ခီရီခန်ခရိုင်ထဲမှာ  မေ ၆ ရက်က တရားမဝင်မြန်မာတွေ တင်ဆောင်လာတဲ့ကား ၁ စီး လမ်းမှာအပစ်ခံရပြီး ၁ ဦးသေဆုံး ၃ ဦး ဒဏ်ရာရ သွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင် တယောက်ကို ဖမ်းဆီးရမိထားတယ်လို့ ပရကျုပ်ခီရီခန်ခရိုင်ရဲတပ်ဖွဲ့က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အဆိုပါကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်မှာ အသက် ၅၁ နှစ်ရွယ် နိုင်းကွန်းဖျိန်း ကယောက်ပဆစ် ဆိုသူ ဖြစ်ပြီး ပရကျုပ်ခီရီခန်မြို့နယ် ကော်လတ်အုပ်စုကလို့ ဆိုပါတယ်။ 

တရားမဝင်အလုပ်သမားတွေတင်လာတဲ့ကား အပစ်ခံရတဲ့ကိစ္စ နှစ်နိုင်ငံချစ်ကြည်ရေးကို ပျက်ပြား စေပြီး ဥပဒေမဲ့လုပ်ရပ်လည်းဖြစ်တဲ့အ တွက် ပစ်ခတ်သူကို စုံစမ်းဖမ်းဆီး အရေးယူဖို့ ထိုင်းအမျိုးသားရဲချုပ်ကြီးကိုယ်တိုင် ညွှန်ကြားထားတာပါ။ 

မေ ၈ ရက်နေ့မှာတော့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးက ကျူးလွန်သူ နိုင်းကွန်းဖျိန်းကို  သူကိုင်တဲ့သေနတ်၊ အဲဒီညက ဝတ်ထားတဲ့ ဝတ်စုံနဲ့အတူ သက်သေအဖြစ် ခရိုင်ရဲတပ်ဖွဲ့ထံ လာရောက်အပ်နှံခဲ့တာပါ။

နိုင်းကွန်းဖျိန်းကတော့ သူဟာ လူကို ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ပစ်ခတ်တာမဟုတ်ကြောင်း၊ စစ်ဆေးတဲ့ကားက ရပ်မပေးလို့ ခြိမ်း ခြောက် တဲ့အနေနဲ့ ၁ ချက်ပစ်လိုက်ပြီး လူတွေထိသွားတယ်ဆိုတာ မသိရကြောင်း၊ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကတော့ သေနတ်ကို မိုးပေါ်ထောင်ပစ်ခဲ့တယ်လို့ ထွက်ဆိုပါတယ်။ 

ဒါပေမဲ့ သေဆုံးသူ ကျော်ရဲအောင် (၃၀ နှစ်) ရဲ့ အလောင်းမှာ သေနတ်ဒဏ်ရာ ၁ ချက်မကရှိပြီး ဆေးရုံတက်နေရတဲ့ နောက် ၃ ဦးလည်း သေ နတ်မှန်ထားကြောင်း၊   ကားဘော်ဒီဘေးမှာလည်း ၂ ချက်၊ ကားနောက်ခြမ်းအပိတ်မှာ ၁ ချက်၊ ကားနောက်ခန်းမှန်မှာ ၁ ချက် တွေ့ရှိလို့ နောက်ထပ်ပါဝင်သူတွေ ဆက်လက်စစ်ဆေးဖော်ထုတ်သွားမယ်လို့  အမှတ် ၇ တိုင်းဒေသရဲမှူးချုပ် ထနားယုဒ် ဝုဒ်ကျရတ်ထမ်းရုန်းက သ တင်းထောက်ကို ပြောသွားပါတယ်။

မွန်ပြည်နယ် မုဒုံဘက်ကလာတဲ့ မြန်မာ ၁၄ ဦးဟာ ပွဲစားအဆက်အသွယ်နဲ့ ထိုင်းမှာ အလုပ်လုပ်ဖို့  ပြီးခဲ့တဲ့မေလ ၆ ရက်နေ့ မနက်အစောပိုင်းက ပုန်းနေတဲ့ တောထဲကနေ လာကြိုတဲ့ ကားနဲ့လိုက်လာစဉ် လမ်းမှာ စစ်ဆေးရေးဂိတ်နဲ့တွေ့ခဲ့ပါတယ်။

ကားသမားက ရပ်မပြေးဘဲ မောင်းပြေးသွားလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အနောက်ကလိုက်လာပြီး ကော်လတ်အုပ်စုထဲမှာ ကားရောလူပါ သေနတ်ပစ်ခံခဲ့ရတာပါ။ ကားသမားကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး လုံခြုံရေးစစ်ဆေးရေး တပ်ဖွဲ့ဝင်တွေကတော့ အစပိုင်းက သူတို့မပစ်ရဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ DVB

ကျောက်တော်မြို့ စစ်ရှောင်စခန်း မီးလောင်၊ ခိုလှုံသူ ရာနှင့်ချီ အကူအညီလိုအပ်

ယနေ့ (မေ ၉) တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စစ်ဘေးရှောင်စခန်းတစ်ခု မီးလောင်ကျွမ်းခဲ့သောကြောင့် ထိုစခန်းမှ စစ်ရှောင် ရာနှင့်ချီ နေထိုင်စားသောက်ရေး အခက်အခဲနှင့် ကြုံနေရသည်။

နံနက် ၁ နာရီခန့်တွင် ကျောက်တော်မြို့မှ ၆ မိုင်ခန့်အကွာရှိ “မဟာမုနိ” စစ်ရှောင်စခန်း မီးလောင်ခဲ့ခြင်းဖြစ်ပြီး ယာယီဆောက်လုပ်ထားသည့် တဲအိမ်များမှာ အချိန်တိုအတွင်း ကူးစက်လောင်ကျွမ်းခဲ့ကာ တဲအိမ် အလုံး ၂၆၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း စစ်ရှောင်များထံမှ သိရသည်။

လူဦးရေ ၁၈၂၀ ဦး နေထိုင်ခိုလှုံနေသော တဲအိမ် ၄၃၂ လုံးအနက် ထက်ဝက်ကျော် မီးလောင်ကျွမ်းခဲ့ရပြီး လက်ရှိတွင် စားနပ်ရိက္ခာ၊ အဝတ်အထည်များ လိုအပ်နေကြောင်း မဟာမုနိစစ်ရှောင်စခန်းတာဝန်ခံ နာယကဆရာတော်က မိန့်သည်။

“အခု မီးလောင်သွားတဲ့အတွက် စားဖို့သောက်ဖို့၊ နေဖို့ထိုင်ဖို့ အားလုံး အခက်အခဲဖြစ်နေတယ်။ အခု စစ်ဘေးရှောင်တွေက ဘယ်လိုနေရလဲဆိုရင် လောလောဆယ် ရထားဘူတာရုံထဲမှာ ဖြစ်သလို အထုပ်လေးတွေ ကိုင်ပြီး မှိုင်လို့ ထိုင်နေကြတယ်” ဟု ဆရာတော်က ဆက်မိန့်သည်။ 

စစ်ကောင်စီ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ကယ်ဆယ်ရေးပစ္စည်းတချို့ လာရောက်လှူဒါန်းခဲ့ကြောင်း၊ ပရဟိတလူမှုဖွဲ့အစည်းများ ရောက်မလာသေးကြောင်း ဆရာတော်က နံနက် ၁၁ နာရီတွင် မိန့်သည်။

“ဘေးစီမံကတော့ ပလတ်စတစ်ဘူးတွေ လာလှူတယ်။ အဲဒီအထဲမှာ ဘာတွေပါလဲဆိုတာကိုတော့ ကိုယ်တော် မသိဘူး” ဟု ဆရာတော်က မိန့် ကြားသည်။ 

“သူတို့မှာက လက်နဲ့ ခြေဖဝါးသာ ပါလာတဲ့အတွက် အကုန် အခက်အခဲဖြစ်နေကြတယ်။ ဒုက္ခသည်တွေ ဒုက္ခရောက်နေကြရတဲ့အချိန်မှာ အများပြည်သူအားလုံး ဝန်းဝိုင်းပြီးတော့ ကူညီလှူဒါန်းစေချင်တယ်” 

ထိုစခန်းမှ မီးဘေးသင့် စစ်ရှောင်ဒုက္ခသည်များမှာ အနီးနားရှိ ဘူတာရုံတွင် ရောက်နေပြီး မွန်းလွဲပိုင်း၌ မိုးရွာနေသည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

”မနက်က ကျွန်တော်သွားကြည့်တဲ့အခါ ဒုက္ခသည်တွေက ဟိုတစ်စုဒီတစ်စု ဒီအတိုင်း ထိုင်နေကြတာ တွေ့ခဲ့ရတယ်။ အခုက မိုးလည်း ရွာနေတယ်ဆိုတော့ သူတို့ နေဖို့ထိုင်ဖို့ အခက်အခဲရှိတယ်။ လူမှုဖွဲ့အစည်းတွေက အကူအညီပေးဖို့ လိုပါတယ်” ဟု မီးလောင်သွားသည့်စခန်းကို သွားရောက်ကြည့်ရှုခဲ့သည့် ကျောက်တော်မြို့ခံတစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ၂ နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေ သခံအများအပြားသည် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ခဲ့ကြရသည်။

ထိုမဟာမုနိစစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ်မှ မျောက်တောင်၊ သာစည်၊ ရွှေပြည်၊ မာလာ၊ ပြိုင်းတိုင်း၊ တင်းမနှင့် ပလက်ဝမြို့ နယ် စိမ်းစင်း၊ ရချမ်းဝ၊ နှမဒါ စသည့်ကျေးရွာများမှ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်နေခြင်း ဖြစ်သည်။

ထိုဒေသများသည် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သော နေရာဖြစ်ပြီး ရွာမီးရှို့ခံရခြင်း၊ စစ်တပ်က အနီးနား၌ ဆက်လက်တပ်စွဲခြင်း၊ မပေါက်ကွဲသေးသော စစ်ကျန်လက်နက်ကြီးအန္တရာယ်များကြောင့် ထိုသူများမှာ ယနေ့ထက်ထိ နေရပ်မပြန်နိုင်ကြသေးပေ။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က ပုံမှန်စားနပ်ရိက္ခာထောက်ပံ့နေသည့် စစ်ရှောင်စခန်းတစ်ခုဖြစ်ပြီး ဟောင်းနွမ်းဆွေးမြည့်နေသည့် တဲအိမ်များကို ပြန်လည်ပြုပြင်ရန် ICRC က သစ်၊ ဝါးများ ထောက်ပံ့ရန် ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက စီစဉ်နေကြောင်း သိရသည်။

၂၀၂၁ ခုနှစ် မတ်လအတွင်း မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်ရှိ တိမ်ညိုစစ်ဘေးရှောင်စခန်းလည်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာယီတဲအိမ် ၆၀၀ ကျော် မီးထဲ ပါသွားကာ စစ်ရှောင်ဒုက္ခသည် ရာနှင့်ချီ အိုးအိမ်မဲ့ ထပ်ဖြစ်ခဲ့ရသည်။myanmar now

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်အရာရှိများ၊ ထွေအုပ်နှင့်ရဲများ ပူးပေါင်း၍ လိုင်စင်မဲ့ကား တင်သွင်း သယ်ယူအသုံးပြုနေ၊ နေပြည်တော်က လိုင်စင်မဲ့ကား အများဆုံးယူပြီး စစ်တပ်အသိုင်းအ၀ိုင်းက အသုံးပြုမှုများ ပြား

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်တပ်၊ ထွေအုပ်နှင့်ရဲများ ပူး ပေါင်း၍ လိုင်စင်မဲ့ကား တင်သွင်းခြင်းများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပြီး စစ်တပ်အသိုင်းအ၀ိုင်းက လိုင်စင်မဲ့ကားများကို အဓိက အသုံးပြုနေကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

ကရင်ပြည်နယ်၊ မြ၀တီဘက်မှ တောင်ငူ၊ နေပြည်တော်၊ ရန်ကုန်၊ဧရာ၀တီ၊ မန္တလေး၊ ရှမ်းပြည်နယ်များသို့ နေ့စဉ် လိုင်စင်မဲ့ကား အစီး ၂၀ အ ထက် စစ်တပ်၊ ရဲ၊‌ ထွေအုပ်များပေါင်း၍ ပွဲစားများနှင့်ချိတ်ဆက်ကာ နိုင်ငံတစ်ဝန်း သယ်ယူပို့ဆောင်မှုများရှိနေကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“ရဲ ၊ ယာဥ်ထိန်း ထွေအုပ် စစ်ဗိုလ်ကြီးတွေနဲ့ ပွဲစားတွေ ​ပေါင်းပြီး တစ်နေ့ W အစီး ၂၀ ကျော် နေပြည်တော် တောင်ငူ ရန်ကုန် ဧရာဝတီ ရှမ်း မန္တလေး အခေါက် ရေစိတ် ပို့ပြီး ရေလျှံတယ်(ငွေရလွယ်) ။ သံလွင်တံတား၊ ဒုံသမိတံ တား နဲ့ မရမ်းချောင်တို့မှာ စစ်ဆေးရေးဂိတ်တွေက သယ်ခငွေကို လူကိုယ် တိုင်ပေးလက်မခံဘူး။ Wave K pay ကြိုငွေလွှဲပေးရတယ်။ နေပြည် တော်က လိုင်စင်မဲ့ကား အများဆုံးမှာတယ်။ ခရိုနီတပည့်တွေ၊ နေပြည်တော် အဘ PA တွေစီးကြတာ။ ရန်ကုန်မှာ ယာဥ်အစစ်ကိုထားပြီး ပွားစီးပုံစံနဲ့ လုပ်ချင်ရာလုပ် မင်းမူနေကြတာ” ဟု နေ ပြည်တော် အသိုင်းအ၀ိုင်းက ပြောသည်။

လိုင်စင်မဲ့ကား ပွဲစားများသည် နေပြည်တော်သို့ လိုင်စင်မဲ့ကားများ သယ်ယူရာတွင် လိုင်စင်မဲ့ကားတစ်စီးလျှင် ငွေကျပ် ၅ သိန်း အသွားအလာစရိတ်နှင့်စားစရိတ်အပြီးအစီးကျန်ရှိကြောင်း သိရှိရသည်။

လိုင်စင်မဲ့ကားများကို တပ်အတွင်းအသုံးပြုမှုများပြားလာရာတွင် စစ်အရာရှိမိသားစုနှင့်ဆွေမျိုးများ၊ အသိုင်းအ၀ိုင်းက အဓိကထားအသုံးပြုကြောင်း၊ ရှိရင်းစွဲ ကားနံပါတ်ကို ပွား၍ စီးနင်းမှု အများဆုံးဖြစ်သည်ဟု သိရှိရသည်။ khit thit

မြင်းမူ Black Eagle PDF တပ်ဖွဲ့၏ ကင်းစခန်း စီးနင်းခံရ၊ ပြည်သူ့ရဲဘော် ၈ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ပဲကူကျေးရွာအနီးမှာ မေ ၉ ရက် မနက်ပိုင်းက မြင်းမူ Black Eagle Defense Force – MMU တပ်ဖွဲ့ရဲ့ ကင်းစခန်း စီးနင်းတိုက်ခိုက်ခံရပြီး ပြည်သူ့ရဲဘော် ၈ ယောက်  ကျဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

MMU အဖွဲ့နဲ့ မဟာမိတ်ဖြစ်တဲ့ မြောင်ပြည်သူ့ကာကွယ်‌ရေးတပ်မှ ဗိုလ်သမန်ကျားက  “အလစ်ဝင်စီးတယ်။ အဲဒီလို စခန်းကို စီးပြီး  ရဲဘော် ၈ ဦးကို ပစ်သတ်သွားကြတယ်။ ဒီကောင်တွေ တစ်သက်မကျေဘူး။ ကလဲ့စားချေရမှ ကျေနပ်မယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မေလတလတည်းတင် မြင်းမူမြို့နယ်အတွင်းက ညောင်ပင်ရှည်ရွာကို မီးရှို့ခဲ့သလို စစ်ကိုင်းတိုင်းတွင်းမှာရှိတဲ့ မြို့နယ်တွေက ကျေးရွာတွေကိုပါ နေစဉ်လိုလို မီးရှို့နေလို့ ဒေသခံတွေ မီးဘေးသင့် စစ်ပြေးဒုက္ခသည်တွေ အများအပြား ဖြစ်နေရပါတယ်။ 

အဲဒီဒုက္ခသည်တွေဟာ နေစရာအိမ်တွေ မရှိဘဲ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုရဲ့သတင်မီဒီယာတွေကတော့ မြင်းမူ Black Eagle Defense Force – MMU တပ်ဖွဲ့ရဲ့ ကင်းစခန်း စီးနင်းမှုနဲ ပတ်သက်ပြီး  ဒီကနေ့ မနက် ၆ နာရီလောက်က မြင်းမူမြို့နယ် ပဲကူကျေးရွာအနီး PDF စခန်းတစ်ခု တွေ့ရှိတဲ့အတွက် တိုက်ခိုက်ရာမှာ အလောင်း ရှစ်လောင်း၊ လက် လုပ်သေနတ် လေးလက်၊ လက်လုပ်မိုင်း ငါးလုံး၊ ဖုန်း (၁၅)လုံး၊ ယမ်းကြိုးခွေ သုံးခွေ၊ ဆိုလာပြား၊ အင်ဗာတာ၊ ဘက်ထရီအိုး နဲ့ ဖောက်ခွဲရေးသုံး ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်း ရရှိခဲ့ တယ် ထုတ်ပြန်ထားပါတယ်။ DVB

မြောင်းမြပညာရေးကောလိပ် ခြံစည်းရိုးအုတ်တံတိုင်း ဆောက်လုပ်ပြီး လေးအကြာတွင် ပြိုကျ

ဆောက်လုပ်ပြီးခဲ့သည်မှာ လေးလသာကြာမြင့်သေးသည့် ဧရာဝတီတိုင်း မြောင်းမြမြို့ရှိ ပညာရေး ကောလိပ်ခြံစည်းရိုးအုတ်တံတိုင်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး အနီးဝန်းကျင်မှ အမျိုးသမီးတစ်ဦးအနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မြောင်းမြမြို့တွင် မိုးရွာသည်းထန်စွာရွာသွန်းပြီးနောက် မေလ ၉ ရက်နေ့တွင် အဆိုပါ ခြံစည်းရိုး အုတ် တံတိုင်း ပြိုကျခဲ့ခြင်းဖြစ်သည်။

“ပေ ၄၀ လောက် အတွဲလိုက်ကြီးပြိုကျသွားတာ။ ကာထားတာမှ သုံးလကျော် လေးလလောက်ပဲရှိသေး တယ်။ ဆေးတောင် မသုတ်ရသေးဘူး။ ကျောင်းဝင်းထဲက ဝန်ထမ်းအိမ်တွေနည်းနည်းနဲ့ လူနေအိမ်တွေ နည်းနည်းထိသွားတယ်။ အနားက အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရသွားတယ်။ ဘာလို့ပြိုလဲဆိုရင်တော့ ခိုးလို့ပြိုတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြောင်းမြမြို့တွင် စည်ပင်သာယာမှ တည်ဆောက်နေသည့် အုတ်ရေမြောင်းများမှာလည်း တည်ဆောက် ပြီး ရက်အနည်းငယ်အကြာတွင် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ mizzima

ဧပြီလအတွင်း မြန်မာ့ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ သိန်းခွဲကျော် ပြည်ပတင်ပို့နိုင်

ပြည်ပဝယ်လိုအားကြောင့် မြန်မာ့ဆန်နဲ့ ဆန်ကွဲ တင်ပို့မှု ဆက်လက်အားကောင်းနေပြီး ဧပြီလမှာ  ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ သိန်းခွဲကျော်တင်ပို့နိုင်ခဲ့တယ်လို့  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က လစဉ်ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

ဆန်တန်ချိန် ၁၄၄,၀၀၀ ကျော်၊ ဆန်ကွဲတန်ချိန် ၁၀၆၀၀၀ကျော်နဲ့  စုစုပေါင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂၅၀၀၀၀ ကျော်ကို ကုမ္ပဏီ ၃၅ ခုကနေ တင်ပို့ခဲ့တာပါ။

တရုတ်၊ ကင်မရွန်း၊ ဘယ်လ်ဂျီယံ၊ စပိန်၊ အမ်ဂိုလာ၊ နယ်သာလန်၊ ဖိလစ်ပိုင်နဲ့ ပိုလန်နိုင်ငံတွေကို ပင်လယ်ရေကြောင်းကနေ အဓိက တင်ပို့ရောင်းချခဲ့တာ ဖြစ်ပြီး အရင်လတွေက တင်ပို့မှုနဲ့ယှဉ်ရင် ဧပြီလမှာ တိုးတက်မှု ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ တင်ပို့မှုစာရင်းကို  ပြန်ကြည့်ရင်  မတ်လပိုင်းမှာ  တန်ချိန် ၁၃၃၉၇၂ တန်၊ ဖေဖော်ဝါရီလမှာ  တန်ချိန် ၂၁ ၄၃၃၅ တန်သာ  တင်ပို့မှုရှိခဲ့တာပါ။

လတ်တလော ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ ကမ္ဘာ့စားနပ်ရိက္ခာစျေးနှုန်းတွေ စံချိန်တင် မြင့်တက်နေပြီး၊ နိုင်ငံတကာမှာ ဆန်နဲ့ ဆန်ကွဲ ဝယ် လိုအား မြင့်တက်လာပါတယ်။

မြန်မာ့ဆန်ကိုလည်း ဝယ်ယူနေကျ နိုင်ငံတွေအပြင် တခြား နိုင်ငံသစ်၊ စျေးကွက်သစ်တချို့ကို တိုးချဲ့တင်ပို့လာနိုင်ပေမဲ့ ပြည်တွင်း စိုက်ပျိုးထုတ် လုပ်မှု စရိတ်၊ သင်္ဘောတင်စရိတ် မြင့်တက်မှုတွေက စိန်ခေါ်မှု ဖြစ်နေပြန်ပါတယ်။

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် လောင်စာဆီနဲ့ ဓာတ်မြေဩဇာစျေးတွေ မြင့်တက်လာမှုက မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့လယ်ယာထွက်ကုန်အပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့  ပညာရှင်တွေက မှတ်ချက်ပြုထားကြပါတယ်။

လတ်တလောမှာလည်း မြန်မာ့စိုက်ပျိုးတောင်သူတွေအနေနဲ့ လောင်စာဆီစျေး၊  ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးအပါအဝင် စိုက်ပျိုးရေးသွင်းအားစု စျေးနှုန်းတွေ အဆမတန် ကြီးမြင့်တဲ့ဒဏ်ကို ခံနေကြရတာပါ။

တောင်သူတချို့က စိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချခဲ့ကြပြီး၊  တချို့က ဓာတ်မြေဩဇာ ထည့်သွင်းအသုံးပြုမှုကို လျှော့ချခဲ့ကြပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ စိုက်ပျိုးရေးထွက်ကုန်တွေ အထွက်နှုန်း လျော့ကျခဲ့ပါတယ်။

နိုင်ငံတကာမှာ ဆန်ဝယ်လိုအား ကြီးမားလာချိန် ဆန်အဓိက တင်ပို့နေတဲ့ မြန်မာနိုင်ငံက လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း  ပြည်ပကို ဆန်တန်ချိန် ၂ သန်းတင်ပို့နိုင်ဖို့ ရည်မှန်းထားတယ်လို့  သိရပါတယ် ။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျတ်မှာတော့  ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၄ သန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။

လက်ရှိက မြန်မာနိုင်ငံမှာ နွေးစပါးပေါ်ချိန်ဖြစ်ပေမဲ့ အထွက်နှုန်းလျော့ကျနိုင်တဲ့ အခြေအနေ၊ အဆမတန်မြင့်တက်နေတဲ့ စိုက်ပျိုးထုတ်လုပ်မှု စရိတ်စက၊ လျှပ်စစ်မီး ပုံမှန်မရလို့  ဆန်စက်တွေကို ဒီဇယ်ဆီအသုံးပြုပြီး လည်ပတ်နေရတာ အဲဒီအချက်တွေကြောင့်  ဆန်၊ စပါးစျေးတွေ မြင့် တက်နေပါတယ်။ DVB

ပင်းတယမြို့နယ်ပညာရေးမှူးရုံး မိုင်းဖောက်ခွဲခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်ပညာရေးမှူးရုံးကို ယနေ့ မေလ ၉ ရက် နံနက် ၄ နာရီခွဲခန့်တွင် မိုင်းဖြင့် ဖောက်ခွဲခဲ့သည်ဟု ပင်းတယမြို့ပြပြောက်ကျားတပ်စု (Urban Task Force PINDAYA-UTF PDY)မှ သိရသည်။

ကျောင်းများပြန်ဖွင့်ရန်ပြင်ဆင်နေသည့်အတွက် ပညာရေးအားစတင်အသိပေးသည့်အနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ် သည်ဟု UTF PDY အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“လက်ရှိက ကျောင်းတွေပြန်ဖွင့်တော့မှာမလို့ လောလောဆယ်တော့ အသံမိုင်းသာသာ အပျော့စားမိုင်းနဲ့ဖောက်ခွဲ ပြီး သတိပေးအဆင့်ပဲလုပ်တာပါ။ နောက်ပိုင်းတော့ ပိုအားကောင်းတာနဲ့ခွဲသွားပါမယ်” ဟု UTF PDY မှ တာဝန်ရှိသူ က မဇ္ဈိမကိုပြောသည်။

ပင်းတယမြို့ပြပြောက်ကျားတပ်စု (Urban Task Force PINDAYA) (UTF PDY) အဖွဲ့သည် မေလ ၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးတိုက်ခိုက်မှုအနေဖြင့် ဌာနဆိုင်ရာအဆောက်အအုံများကို တိုက်ခိုက်သွားမည်ဟု ပြော ကြားပြီးနောက်တွင် အဆိုပါဖောက်ခွဲမှုကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ ပထမဆုံးလုပ်ဆောင်ချက်မှာတော့ အခက်အခဲ မရှိဘဲလုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု အဆိုပါအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

နောက်ပိုင်းတွင်လည်း ထပ်မံ၍ ဌာနဆိုင်ရာအဆောက်အဦများအား ပိုမိုအားကောင်းသောဖောက်ခွဲမှုများ လုပ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း UTF PDY က ပြည်သူများအားကြိုတင်အသိပေးထားသည်။ mizzima

« Older Entries Recent Entries »