ကရင်နီပြည်နယ်တွင် မေလ ပထမ တပတ်အတွင်း စစ်ကောင်စီနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများတွင် စစ်သား ၄၄ ဦးသေဆုံးပြီး စစ်ကား ၈ စီး မီးလောင်ပျက်စီး၊ KNDF ရဲဘော် ၁ ဦး ကျဆုံး

ကရင်နီပြည်နယ်တွင် မေလ ပထမ တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများတွင် စစ်သား ၄၄ ဦးသေဆုံးကာ စစ်ကား ၈ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း KNDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

မေလ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်ကို ရိက္ခာနှင့် လက်နက်ခဲယမ်းများ အ သွားအပြန်ပို့နေပြီး ဖရူဆို-ဘောလခဲ လမ်းမတလျှောက် နှစ်ဖက် ထိတွေ့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အဆိုပါ ၂ မြို့နယ်တွင် တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဘောလခဲ-ဖရူဆိုလမ်မကြီးတစ်ကြောရှိ နန်းဖဲနှင့် လောကျေခူကျေရွာအနီးတို့တွင် ရိက္ခာနှင့် လက်နက်ခဲယမ်းများတင်ဆောင်ကာ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့၏ ကားအစီး(၃၀)ခန့်ပါ ယဉ်တန်းကို ကရင်နီပူးပေါင်းတပ်များမှ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ် သား ၄၄ ဦး ပွဲချင်းပြီးသေဆုံးကာ စစ်ကား ၈ စီးမီးလောင်ပျက်စီးပြီး သေနတ် ၁၅ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားနှင့် စစ်သား ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း KNDF ထံမှ သိရှိရသည်။

ယင်းအပြင် ဒီးမော့ဆိုမြို့နှင့် အနီးတဝိုက်ရပ်ကွက်ကျေးရွာများတွင် အကြမ်းဖက်စစ်တပ်က ဆက်လက်တပ်စွဲထားပြီး ကုန်းသာ၊ ဒေါငံခါးနှင့် ခေါက်ပလော့ရပ်ကွက်၊ ထူလွှီးဘီလာနှင့် အနီးတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များ၊ PDF မဟာမိတ်အဖွဲ့များ နေ့စဉ်နှင့်အမျှ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s