ကလေးမြို့နယ်တောင်ပိုင်း တိုက်ပွဲများအပြီး အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ မီးတင်ရှို့မှုကြောင့် ရှားဖိုကျေးရွာမှ နေအိမ် ၁၀၆ လုံးထက်မနည်း ပြာကျ

ကလေးမြို့နယ်တောင်ပိုင်းတွင် အကြမ်းဖက်စစ်ကေင်စီတပ်နှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အ ကြမ်း ဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးတင်ရှို့ဖျက်ဆီးမှုကြောင့် ရှားဖိုရွာမှ လူနေအိမ် ၁၀၆ လုံးနှင့် စပါးကျီ ၁၁ လုံး မီးလောင်ပြာကျခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-KKG က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ဧပြီလ ၃၀ ရက် ညနေပိုင်းမှ စတင်ကာ အရှေ့စည်းရွာ၊ ဒိုးနွယ်ရွာ၊ ရှားဖိုရွာအပါအဝင် အနီးဝန်း ကျင်ကျေးရွာများကို စစ်ကြောင်းထိုးလာမှုများ၊ ရမ်းသန်းပစ်ခတ်မှုများ၊ အကြောင်းမဲ့ မီးတင်ရှို့မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူ ၇,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများကို CDF-KKG၊ VAKOK (CNDF)၊ PDF-Kalay၊ RKDF၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ကြပြီး စစ်သားအများအပြား သေဆုံးခဲ့သလို ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော်အချို့ ကျဆုံးခဲ့သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s