ကလေးမြို့နယ်တောင်ပိုင်း ရေရှင်ရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သား ၁၄ ဦးထက်မနည်း သေဆုံးပြီး PDF ၂ ဦး ကျဆုံး၊ အကြမ်း ဖက်စစ်သားများ ရေရှင်ရွာကို မီးရှို့နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ရေရှင်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက မေလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ခုခံတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၄ ဦးထက်မနည်း သေဆုံးကာ PDF ၂ ဦး ကျဆုံးသွားကြောင်း PDF-Kalay က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အင်ကျွန်းရွာမှ စစ်ကြောင်း ၂ ကြောင်း၊ ကြံသာရွာမှ စစ်ကြောင်း ၁ ကြောင်း စုစုပေါင်း အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာခဲ့ပြီး မေလ ၈ ရက် ည ၈ နာရီမှ ၁၀ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်သား အနည်းဆုံး ၁၀ ဦး သေ ဆုံးနိုင်ကြောင်း သိရှိရသည်။

ရေရှင်ရွာသို့ ဦးတည်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မေလ ၉ ရက် နံနက် ၈ နာရီမှ စတင်ကာ ဒေသကာကွယ်ရေးမဟာမိတ်များက ခုခံတိုက် ခိုက်ခဲ့ပြီး တိုက်ပွဲသည် ညနေ ၄ နာရီအထိကြာမြင့်ကြောင်း၊ တိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံးကာ၊ PDF ၂ ဦးကျဆုံးခဲ့ကြောင်း PDF-Kalay က ထုတ်ပြန်ထားသည်။

ယနေ့နံနက်တွင်လည်း အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီး ပစ်ကူများ ပစ်ခတ်ပြီး ရေရှင်ရွာသို့ ထိုးစစ်ဆင်လာခြင်းကြောင့် ဒေသကာ ကွယ်ရေးမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် PDF-Kalay၊ CDF-KKG၊ ပ.က.ဖ မဟာမိတ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရပြီး နံနက် ၉ နာရီခန့်တွင် အ ကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများသည် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း PDF-Kalay ထံမှ သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s