ကျောက်ပန်းတောင်းရှိ စစ်တပ်ပိုင် မြန်မာဘီယာရုံးချုပ် ဖောက်ခွဲခံရ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ရှိ စစ်တပ်ပိုင် မြန်မာဘီယာ ရုံးချုပ်အား မေလ၉ရက် နေ့လယ် ၁၂နာရီ၄၀မိနစ်ခန့်တွင် Kyaukpadaung Defence Force-KDFအဖွဲ့က ဖောက်ခွဲခဲ့ကြောင်း သိရသည်။
ဖောက်ခွဲမှုကြောင့် ဖြန့်ချိရေးပြုလုပ်သောကားနှင့် ဘီယာဖာများပျက်စီးခဲ့သော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
“ဖောက်ခွဲတဲ့အချိန်မှာတော့ အထဲမှာ စာရေးနှစ်ယောက်ရှိတယ်။ ကျွန်တော်တို့ကလူကို လုပ်ချင်တာမဟုတ်ပါဘူး။ ပစ္စည်းကိုပဲဖျက်ဆီးတာပါဗျ”ဟုKyaukpadaung Defence Force-KDFအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ကျောက်ပန်းတောင်း မြို့ပေါ်ရှိ ဘီယာဆိုင်များအား မြန်မာစည်ဘီယာ မရောင်းချရန်နှင့် စတိုးဆိုင်များတွင်လည်း စစ်ကောင်စီမှ ထုတ်လုပ်သည့် ဘီယာနှင့် အခြား ထုတ်ကုန်များ ကို မရောင်းချရန် Kyaukpadaung Defence Force-KDF အဖွဲ့က တိုက်တွန်းထားသည်။mizzima