ခင်ဦးတွင် စစ်ကားများ မိုင်း ၁၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ၊ ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မေလ ၉ ရက်နေ့ ယနေ့တွင် စစ်ကောင်စီစစ် ကြောင်း ယာဉ်တန်းများကို မိုင်း ၁၄ လုံးဖြင့် တိုက်ခိုက်ကြောင်း ဒေသကာကွယ် ရေးတပ်များက သတင်းထုတ်ပြန်သည်။

ခင်ဦးမြို့နယ် အင်းပတ်ကွေ့တွင် ရေဦးဘက်မှလာသော စစ်ကောင်စီကား ၂ စီးကို ယနေ့ ညနေ ၅ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် နယ်မြေခံအဖွဲ့များက မိုင်း ၄ လုံး ဖောက်ခွဲ၍ တိုက်ခိုက်ကြောင်း၊ တစ်ဆက်တည်း သရက်ပင်စုနှင့် မြင်းဒေါင်းကြားမှ မိုင်း ၈ လုံးဖြင့် ဆက်လက်ဖောက်ခွဲ တိုက်ခိုက်ကြောင်း၊ ထို့ပြင် ညနေ ၅ နာရီ ၅၅ မိနစ် အချိန် ရေဦးဘက်မှ ဆက်လက်၍ လိုက်ပါလာသော စစ် ကား ၂ စီးကို အင်းပတ်ကွေ့တွင်ပင် ထပ်မံ၍ မိုင်း ၂ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း၊ စစ်သားအသေအပျောက်များနိုင်ကြောင်း သိရှိရသည်။

မိုင်းဆွဲခံရပြီးနောက် စစ်တပ်က ရေဦး- ခင်ဦးကားလမ်း သာဂရနှင့်မြင်းဒေါင်းကြား မူးတိမ်ချောင်းတံတားပေါ်မှ မြို့သစ်ကျေးရွာဘက်သို့ လက် နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း၊ မြို့သစ်ရွာတောင်ဘက်နှင့်အနောက်ဘက်သို့ စစ်တက်က ပစ်ခတ်လိုက်သော ၆၀ မမ ၇ လုံးကျရောက်ကြောင်း၊ ယခုအချိန်ထိ ရမ်းသမ်းပစ်ခတ်နေဆဲဖြစ်ကြောင်း၊ ရေဦးခင်ဦးကားလမ်း မြင်းဒေါင်းကာဘိုးကားလမ်း များအား ပြည်သူများအနေ ဖြင့်အသုံးမပြုရန်ဒေသခံများကို ပန်ကြားထားကြောင်း သိရှိရသည်။

ထို့ပြင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့၊ မြို့မရပ်ကွက်တွင် စစ်​ကြောင်းထိုးလာ​သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီးမော့ဆို (DMO-PDF)နှင့် အလယ်ပိုင်းတိုင်း ၁၁၀၂ ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ နံနက် ၉ နာရီတွင် တိုက်ခိုက်ရာ DMO-PDF ၏ စနိုက်ဘာလက်ချက်​ကြောင့် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး​ခန့်သေဆုံးခဲ့ပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ​သေဆုံးသွားခဲ့​သော အ ကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်၏ ရုပ်အ​လောင်းကို ဒီး​မော့ဆိုမြို့မရဲစခန်းအတွင်းသို့ ပြန်လည်သယ်​ဆောင်သွားခဲ့ကြောင်း၊ အဆိုပါထိ​တွေ့တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည့်အပြင် ကင်း​ထောက်​လေယာဥ်အသုံးပြုကာ လိုက်လံ​​ထောက်လှမ်းမှုများပြုလုပ်​ခဲ့ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF) ပြန်ကြား​ရေး တာဝန်ခံက သ တင်းထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s