စစ်အာဏာသိမ်းပြီးနောက် ပြည်သူ ၁ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရပြီး ပြည်သူ ၂၉၆၁ ဦးကို စစ်တပ်က သတ်ဖြတ်၊ နေအိမ် ၁၃၂၆၆ လုံးကို စစ်တပ်က မီးရှို့ ဖျက်ဆီး

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်တပ် တိုင်းပြည်ပြည် အာဏာ သိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလလမှ ၂၀၂၂ ခုနှစ် ဧပြီလ အထိ အကြမ်းဖက် စစ်တပ်က ပြည်သူ ၂၉၆၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၃၂၆၆ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း Media Monitor Collective က ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်တပ်သည် ပြည်နယ်နှင့် တိုင်းအတွင်းရှိ ကျေးရွာပေါင်း ၃၄၇ ရွာ၊ မြို့နယ် ၈၀ ခုမှ ပြည်သူပိုင်နေအိမ်များကို ဖျက်ဆီးခဲ့ပြီး စစ် ကိုင်းတိုင်းမှ ပြည်သူပိုင် နေအိမ် ၈၅၃၉ လုံး၊ မကွေတိုင်းမှ ပြည်သူပိုင် နေအိမ် ၂၃၉၉ လုံး၊ ချင်းပြည်နယ်မှ ပြည်သူပိုင်နေအိမ် ၁၂၁၂ လုံး၊ က ယားပြည်နယ်မှ ပြည်သူပိုင်နေအိမ် ၃၄၄ လုံး၊ ရှမ်းပြည်တောင်ပိုင်းမှ ပြည်သူပိုင် နေအိမ် ၂၆၂ လုံး၊ ကရင်ပြည်နယ်မှ ပြည်သူပိုင်နေအိမ် ၁၄၇ လုံး၊ ရှမ်းပြည်မြောက်ပိုင်းမှ ပြည်သူပိုင် နေအိမ် ၁၃၇ လုံး၊ မန္တလေးတိုင်း အတွင်းမှ ပြည်သူပိုင်နေအိမ် ၅၈ လုံး၊ ကချင်ပြည်နယ်မှ ပြည်သူပိုင် နေအိမ် ၅၈ လုံး၊ ပဲခူးတိုင်း အနောက်ပိုင်းမှ ပြည်သူပိုင်နေအိမ် ၂၆ လုံး၊ တနင်္သာရီတိုင်းမှ ပြည်သူပိုင် နေအိမ် ၂၀ လုံး၊ မွန်ပြည်နယ်မှ ပြည်သူပိုင် နေအိမ် ၁၉ လုံးနှင့် ရန်ကုန်တိုင်းမှ ပြည်သူပိုင် နေအိမ် ၄လုံးတို့ကို ဖျက်ဆီး ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက် စီးနင်း ဖျက်ဆီး ခဲ့ခြင်းကြောင့် ပြည်သူ ၁၁၀၅၀၅၅ ဦး( ၁ သန်းကျော်)သည် အိုး အိမ်များကို စွန့်ခွာက ဘေးလွတ်ရာများသို့ စစ်ပြေး ဒုက္ခသည်များ အဖြင့် ထွက်ပြေး တိမ်းရှောင် နေရကာ စစ်တပ်က ကျေးရွာများကို ရမ်း ကား ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၉၆၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းစဥ် အကြောင်းမဲ့ ဖမ်းဆီးခဲ့သော အရပ်သားပြည်သူ ၁၅၁၄၅ ဦးရှိကာ လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့သော အရပ်သား ပြည်သူ ၇၆၉ ဦးထိရှိကြောင်း Media Monitor Collective က ထုတ်ပြန်ထားသော သတင်း အချက်အလက်များအရ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s