တာချီလိတ်မြို့လယ်တွင် ဗုံးပေါက်ကွဲ၊ အ နည်းဆုံး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့လယ် မကာအိုခမ်းရပ်ကွက် မင်းလမ်းပေါ်ရှိ မီနီမတ်ကုန်စုံဆိုင် တဆိုင်ရှေ့မှာ မေ ၉ ရက်ညက ဗုံးပေါက် ကွဲမှုဖြစ်ပြီး အနည်းဆုံးလူ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ 

ဗုံးပေါက်ကွဲသံကြားရချိန်မှာ ည ၈ နာရီ ၁၅ မိနစ်လောက်ဖြစ်ပြီး အဆွေတော်မီနီမတ်ကုန်စုံဆိုင်နဲ့ လမ်းအနည်းငယ်ပျက်စီးကာ ဆိုင်အလုပ် သမားတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တာချီလိတ်ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“အဲဒီနေရာက ခါတိုင်းဆို လူစည်ကားတယ်ခင်ဗျ။ မနေ့ညကတော့ မိုးလည်းရွာနေလို့ မဟုတ်ရင် ထိခိုက်ဒဏ်ရာရသူက ဒီထက်ပိုများမှာ။ ချိန် ကိုက်ဗုံးပေါက်တယ်လို့လည်း ပြောနေကြတာပဲ။ ဒဏ်ရာရတာက ကျနော်တို့သိရသလောက်တော့ မီနီမတ်ဆိုင်က အလုပ်သမား ၂ ယောက်၊ အသက်အန္တရာယ်မစိုးရိမ်ရဘူးတဲ့။”

ဒေသခံ နောက်တဦးကလည်း မနေ့ည ၈ နာရီ ၁၅ နဲ့  ၈ နာရီခွဲကြားမှာ အဲဒီနေရာတဝိုက် ပေါက်ကွဲသံ ၂ ကြိမ်ကြားရတယ်လို့ ပြောပါတယ်။ 

မနေ့က ပေါက်ကွဲသံကြောင့် တာချီလိတ်တမြို့လုံး ထိတ်လန့်စွာနဲ့ စောစီးစွာမီးပိတ်ကြကြောင်း၊ ဒီနေ့မနက်မှာ အခြေအနေငြိမ်သက်နေပေမယ့် ပေါက်ကွဲမှုဖြစ်တဲ့ လမ်းထဲမှာ တာချီလိတ် အထက ကျောင်းကနေ လဝကရုံးအထိ လမ်းပိတ်ထားတာကြောင့် အခြားလမ်းကနေ ကွေ့ပတ်သွားလာနေ ရတယ်လို့ တာချီလိတ်ဒေသခံက ပြောသွားပါတယ်။ 

ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s