နွေဦးဆရာအတတ်သင်တက္ကသိုလ် အဓိပတိအဖြစ် ဒေါက်တာသိန်းလွင် ခန့်အပ်ခံရ

နွေဦးဆရာအတတ်သင်တက္ကသိုလ်၏ အဓိပတိအဖြစ် ဒေါက်တာသိန်းလွင် ခန့်အပ်ခံရကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် တစ်စိုက်မတ်မတ်လှုပ်ရှားဆောင်ရွက်ခဲ့သူ ဒေါက်တာသိန်းလွင်သည် နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ ပထမဦးဆုံးအဓိပတိဖြစ်လာခြင်းဖြစ်သည်။

NUG အစိုးရ အဖွဲ့၏ ပညာရေးဝန်ကြီးတာဝန်ယူဖို့ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီးနွေဦးဆရာအတတ်သင်တက္ကသိုလ်၏ အဓိပတိတာဝန်ကိုသာယူခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာသိန်းလွင်က ​၎င်း၏ Facebook တွင်ရေးသားထားသည်။

” ဒေါက်တာဇော်ဝေစိုးက ကျနော့်အား ပညာရေးဝန်ကြီးတာဝန်ယူရန်ကမ်းလှမ်းခဲ့ပါသည်။ ကျနော်ငြင်းပယ်ခဲ့ပါသည်။ အကြောင်းမှာ NUG သည် တော်လှန်ရေးတာဝန်ထမ်းဆောင်နေသည်ဖြစ်၍ တော်လှန်ရေးကို ဦးဆောင်နေသူများသာ ဝန်ကြီးဌာနကိုတာဝန်ယူသင့်သည်ဟု ထင် မြင်ယူဆသောကြောင့်ဖြစ်ပါသည်။ ဒေါက်တာဇော်ဝေစိုးကိုသာ ပညာရေးဌာနကို ဆက်လက်တာဝန်ယူရန် အကြံပြုခဲ့ပါသည်” ဟု ရေးသားထားသည်။

ဆရာအတတ်ပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရန်၊ အရည်အသွေးရှိပညာရပ်များကို ပေးနိုင်ရန်နှင့်ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် နွေဦးဆရာအတတ်သင်တက္ကသိုလ်၏ အဓိပတိတာဝန်ကိုရယူခြင်းဖြစ်ကြောင်း ဒေါက်တာသိန်းလွင်က ပြောသည်။

နွေဦးဆရာအတတ်သင်တက္ကသိုလ်မှာ ပညာရေးတက္ကသိုလ်အသီးသီးမှ CDM ဆရာ၊ဆရာမများ စုပေါင်းတည်ထောင်ထားသည့် တက္ကသိုလ်ဖြစ်သည်။

ဒေါက်တာသိန်းလွင်သည် NLD ပညာရေးကွန်ရက်တာဝန်ခံတစ်ဦးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန် ရက်(NNER) ၏ ကိုယ်စားလှယ်တာဝန်ယူခဲ့သူလည်းဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s