မချမ်းဘောမြို့နယ်တွင် လေဘေးသင့် မိသားစုများအကူအညီလိုအပ်နေ

ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ နမ်ဘူယာန်ကျေးရွာမှာ လေပြင်းတိုက်ခတ်ပြီး နေအိမ် အဆောက်အအုံတချို့ ပျက်စီးခဲ့တဲ့အတွက် အ ကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မေလ ၇ ရက် ညပိုင်းမှာ လေပြင်းတိုက်ခတ်ခဲ့လို့ သစ်ပင်တွေကျိုးကျပြီး နေအိမ် အဆောက်အအုံ ၁၀ လုံးထက်မနည်း ပျက်စီးခဲ့တဲ့အတွက် အကူအညီ လိုအပ်နေတာဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “လေမုန်တိုင်းတိုက်တော့ ည ၁၁ နာရီလောက်ဖြစ်နေပြီ။ သစ်ပင်တွေကျိုး၊ အိမ်ခေါင်မိုးတွေလန် ဖြစ်သွားတယ်။ ဘုရားကျောင်းတခုလည်း ပျက်စီးသွားတယ်။ နေလို့မရအောင် ပျက်စီးသွားတာက ၅ လုံးလောက် ရှိတယ်။ သီးနှံစားပင်တွေလည်း ပါသွားတယ်။ ခုကာလနဲ့ဆိုတော့ အိမ်ပြန်ဆောက်ဖို့က မလွယ်ဘူး။ ဈေးနှုန်းတွေက နှစ်ဆမက မြင့်နေတယ်။ အိမ်ပျက်စီးတာတွေ ပြန်လည်ပြုပြင်ဖို့ အကူ အညီတော့ လိုအပ်နေတာပဲ” လို့ ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ လေမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းတချို့မှာ လေပြင်းတိုက် မိုးသည်းထန်စွာရွာ သွန်းနိုင်တယ်လို့ မိုးဇလဌာနက ကြိုတင် ကြေညာထားပါတယ်။
ပူတာအိုခရိုင်အတွင်းမှာ ပါဝင်တဲ့ နမ်ဘူယာန်ကျေးရွာမှာ အိမ်ခြေ ၆၀ လောက်သာရှိပြီး အင်တာနက်လိုင်းမရှိတဲ့အတွက် မိုးလေဝသနဲ့ မုန် တိုင်းသတင်း ကြိုတင်သတိပေးချက်များ မသိခဲ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လေပြင်းတိုက်တာ ၁၀ မိနစ်ဝန်းလောက်ကြာခဲ့ကာ အဆောက်အအုံ ၁၀ လုံးနဲ့ သီးပင်စားပင်တွေ ထိခိုက်ပျက်စီးတာတွေရှိခဲ့ပေမဲ့ လူနဲ့ တိ ရစ္ဆာန် တွေ ထိခိုက်သေဆုံးတာ မရှိခဲ့ပါဘူး။
အန်အယ်လ်ဒီအစိုးရလက်ထက်တုန်းကတော့ သဘာဝဘေး ထိခိုက်ပျက်စီးမှုတွေအတွက် ဒုက္ခရောက်တဲ့ မိသားစုတွေကို အကူညီတွေပေးတဲ့ အစီအစဉ်တွေရှိခဲ့ပါတယ်။ DVB