Monthly Archives: May 2022

သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ် ကြောင်း “မြေပေါ်မြေအောက် အတူချီတက် ဘုံရန်သူကို အမြစ်ဖြတ်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ

khit thit

စစ်ကောင်စီ ဦးဆောင်ဖွင့်လှစ်မည့် တက္ကသိုလ်နှင့် ကောလိပ်များတွင် ကျောင်းအပ်နှံသူနည်း ပါး

စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက မေလ ၁၂ ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်နှင့် ကောလိပ်များ ပြန်လည် ဖွင့်လှစ်မည်ဟု ကြေညာထား သော်လည်း‌ ကျောင်းအပ်နှံသူ အနည်းငယ်သာ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့မှ စတင်၍ ကျောင်းအပ်နှံနိုင်ကြောင်း ကြေညာထား သော်လည်း ယနေ့ မေလ ၁၁ ရက်အထိ ကျောင်းအပ်သူ အနည်းငယ်သာရှိကြောင်း အဆင့်မြင့် ပညာရေး အသိုင်းအဝိုင်းမှ သိရသည်။

ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်ကြီး ဖြစ်သည့် ဒဂုံတက္ကသိုလ်မှ ပညာရေးဝန်ထမ်း တစ်ဦးက “အများကြီးတော့ မဟုတ်ဘူး၊ လာအပ်ကြတယ်။ အများစုက ပထမနှစ်တွေ များတာ တွေ့ရတယ်” ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်တွင်လည်း ကျောင်းအပ်သူ နည်းပါးကြောင်း အပ်နှံသည့် ဦးရေကိုမူ လတ်တလော အတိအကျ မပြောနိုင်သေးကြောင်း ပညာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။

စစ်အာဏာ သိမ်းပြီးနောက် ပညာရေး ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူ အများအပြား စစ်ကောင်စီကို ဆန့်ကျင်၍ CDM ပြုလုပ်နေသဖြင့် ယခင်နှစ်က ဖွင့်လှစ်ရာတွင်လည်း တက်ရောက်သူ အနည်းငယ်သာ ရှိခဲ့ကြောင်း သိရသည်။

CDM ပညာရေး ဝန်ထမ်း ၁၀၀,၀၀၀ ကျော်ရှိသည့်အနက် အဆင့်မြင့်ပညာ ဦးစီးဌာနမှ ဝန်ထမ်း စုစုပေါင်း ၁၅,၀၀၀ ကျော် ပါဝင်ကြောင်း RC Of UTAs -CDM ၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

”စစ်ကောင်စီက သူတို့ ပုံမှန် လည်ပတ်နေတာကို ပြဖို့ ကျောင်းတွေ ဖွင့်ပြဖို့ လုပ်နေတယ်။ နွေဦးတော်လှန်ရေး ကလည်း တစ်နှစ်ကျော်နှစ်နှစ်အတွင်း ဝင်ရောက်လာတဲ့ အချိန်မှာ လူထုရဲ့ အခက်အခဲ တချို့ကိုလည်း ကြားလာရတယ်။ ဒါပေမယ့် ကျောင်းသား ကျောင်းသူ အများစုက တော့ စစ်ကျွန် ပညာရေးကို သပိတ်မှောက် ထားဆဲ ဖြစ်ပါတယ်” ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။ mizzima

အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေး မြန်မာစစ်ခေါင်းဆောင်ကို တက်ခွင့်မပြု၊ အာဆီယံမူကို အမေရိကန် ဆက်ထောက်ခံမည်

အကြမ်းဖက်မြန်မာစစ်ကောင်စီ အာဏာရှင်အဖွဲ့ကို ဖိအားပေးတဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုကို ဆက်လက် အားပေးထောက်ခံသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်က ပြောပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိတဲ့အတွက် အာဆီယံရဲ့ ထိပ်တန်းအဆင့်အစည်းအဝေးတွေမှာ  မြန်မာစစ်ခေါင်းဆောင်ကို ပါဝင်တက်ရောက်ခွင့်မပေးဘဲ  နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိုယ်စားလှယ်တွေကိုသာ ဖိတ်ကြားဖို့ ဆုံးဖြတ်တဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အားပေးထောက်ခံတယ်လို့လည်း ဆိုပါတယ်။

ဝါရှင်တန်ဒီစီမှာ မကြာမီကျင်းပမယ့် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း အဆိုပါ လမ်းစဉ်ကို ဆက်လက်ကျင့်သုံးမှာဖြစ်ပြီး စစ်အာဏာရှင်အဖွဲ့ဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ကာ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုနဲ့ နှိပ်ကွပ်မှုတွေကို ဆက်လက်တိုးမြှင့်လုပ်ဆောင်နေတာကြောင့် အဆိုပါမူကို ဆက်လက်ကျင့်သုံးတာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

အခုလထဲ ဝါရှင်တန်ဒီစီမှာ ကျင်းပသွားမယ့် အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးကြမယ့် ခေါင်းစဉ်တွေထဲမှာ ဒီအကြောင်းအရာဟာလည်း တခုဖြစ်လိမ့်မယ်လို့ အသေအချာ မျှော်လင့်ကြောင်းနဲ့ မြန်မာပြည်သူတွေအပေါ်ထားရှိတဲ့ သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရေး အကူအညီပေးဖို့နဲ့ နိုင်ငံရေးအကျပ်အတည်းအတွက် တရားမျှတပြီး ထိရောက်တဲ့ ဖြေရှင်းမှုကို ရှာဖွေရာမှာ ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမယ်လို့လည်း အမေရိကန် အရာရှိက ဆိုပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ဖြစ်တဲ့ HRW အမေရိကန်အနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ တွေ့ဆုံရာမှာ ပွင့်ပွင့်လင်းလင်း၊ တည့်တည့်မတ်မတ်နဲ့ လူသိရှင်ကြားပြောဆိုသင့်ကြောင်း၊ လက်ရှိနှစ်ကာလတွေအတွင်း အာဆီယံနိုင်ငံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာလည်း စစ်အာဏာသိမ်းဆန့်ကျင်သူတွေ၊ တိုင်းရင်းသားလူမျိုးစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေကြောင်း ပြောထားပါတယ်။

ဒါ့အပြင် အာဆီယံဒေသတွင်းက အာဏာသုံး အုပ်ချုပ်ရေး ကြီးထွားလာနေတာဟာ လူ့အခွင့်အရေးကာကွယ်မှုတွေအပေါ် တရုတ်အစိုးရရဲ့ နှောင့်ယှက်ဟန့်တားမှုတွေ ပိုမိုကြီးထွားလာနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းဝေးတက်ရောက်ဖို့ အာဆီယံခေါင်းဆောင်တွေ အမေရိကန် ပြည်ထောင်စုကို သွားရောက်နေကြပြီး ဒီအစည်းအဝေးပွဲကျင်းပချိန်  အာဆီယံ ဒေသတွင်းက အာဏာရှင်ခေါင်းဆောင်တွေကို ဝါရှင်တန်ဒီစီမြို့မှာ ဆန့်ကျင်ဆန္ဒပြကြဖို့လည်း တက်ကြွလှုပ်ရှားသူတွေက စီစဉ်ထားပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာအကြမ်းဖက်စစ်တပ်နဲ့ ဆက်နွှယ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်ပျက် စီးမှုဆိုင်ရာ အထောက်အထားတွေရှိတဲ့ ကုမ္ပဏီ ၅၆ ခုကို ယူကေအခြေစိုက် ဘားမားကမ်ပိန်း အဖွဲ့က ထပ်မံ အမည်ပျက်စာရင်းသွင်းလိုက်တဲ့အတွက် အမည်ပျက်စာရင်းသွင်းခံထားတဲ့ နိုင်ငံတကာကုမ္ပဏီပေါင်း ၁၇၂ ခုထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအ တွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။ DVB

ထားဝယ်မြို့နယ်၊ ကင်ပွန်းချုံရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် EDF တိုက်ပွဲဖြစ်၊ စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်ရရှိ၊ စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီး ဘုန်း ကြီးကျောင်းအတွင်း ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကင်ပွန်းချုံရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် Eastern Defense Force – EDF တပ်ဖွဲ့ကြား ယမန်နေ့ မေလ ၁၀ ရက် ညနေပိုင်းတွင် ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးကာ လက်နက် ၁ လက် ရရှိကြောင်း EDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားကြောင်း၊ စစ်သား ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရကြောင်း၊ MA အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ ၂၁၉ တောင့် သိမ်းဆည်းရမိကြောင်း EDF ထံမှ သိရှိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မိနစ် ၂၀ ခန့် ရမ်းသန်းပစ်ခတ်ရာ တောင်သုံးလုံးကျေးရွာ ဘုန်း ကြီး ကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၁ ဦး သေဆုံးကာ ရဟန်း ၁ ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲဖြစ်ပြီးနောက် EDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်းထုတ်ပြန်ထားသည်။ khit thit

ဖမ်းမိထားသည့် မူးယစ်ဆေးဝါးများကို Tiger Army မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ မော်လူးမြို့နယ် မလူးကျေးရွာအနီးတွင် မူးယစ်ဆေးဝါးအချို့ ဖမ်းမိခဲ့ပြီး မီးရှို့ဖျက်ဆီးလိုက်သည်ဟု Tiger Army ရဲဘော်တစ်ဦးထံမှ သိရသည်။

ဖမ်းမိထားသည့် မူးယစ်ဆေးများတွင် စိတ်ကြွဆေးပြား ၆၀ ကျော်နှင့် ဘိန်းဖြူအချို့ပါဝင်ပြီး မူးယစ်ဆေးဝါးကိုင်ဆောင်သူနှစ်ဦးကို ကြိမ်ဖြင့်ရိုက်အပြစ်ပေးခဲ့ကာ နောက်ထပ်မလုပ်ရန် လက်မှတ်ထိုး ခိုင်းကာ ယမန် နေ့ မေလ ၁၀ ရက် မွန်းလွဲပိုင်းတွင် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

“ ဆေးမိတဲ့သူတွေကို‌တော့ ကြိမ်နဲ့ရိုက်ပြီး အပြစ်ပေးလိုက်ပါတယ်။ နောက်ထပ် မလုပ်ဖို့ လက်မှတ်လည်း ထိုးခိုင်းခဲ့တယ်။ ယာဘ အပြား ၆၀ ကျော် နဲ့ ဘိန်းဖြူတွေကိုတော့ အကုန်လုံး မီးရှို့လိုက်တယ်။ နောက် ထပ်လည်း ထပ်ဖမ်းမှာပါ” ဟု Tiger Army ရဲဘော်တစ်ဦးက ပြောသည်။

မော်လူးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း လူငယ်များအကြား မူးယစ်ဆေးသုံးစွဲမှု များပြားလာကြောင်း၊ ယခုကဲ့သို့ မူးယစ်ဆေးသုံးစွဲသူများပြားလာခြင်းမှာ မူးယစ်ဆေးရောင်းသူများကြောင့်ဖြစ်သည်ဟု Tiger Army ရဲဘော်တစ်ဦးက ဆိုသည်။ mizzima

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စစ်ကောင်စီက ဖိတ်ခေါ်နေသော်လည်း ဝင်လာရန်မလွယ်သေးဟု စီးပွားရေးလေ့လာသူများ သုံးသပ်

နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခတွေ မဆုံးရှုံးစေရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ထပ်မံဖိတ်ခေါ်သွားဖို့လိုတဲ့အကြောင်း အာဏာသိမ်း စစ်ကောင်စီ  ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတွေနဲ့ မကြာသေးခင်ရက်ပိုင်းက တွေ့ဆုံခဲ့ရာမှာပြောဆိုခဲ့တာဖြစ်ပြီး နိုင်ငံတော်ရဲ့ ပထမဆုံးနဲ့ အောင်မြင်မှုအရှိဆုံး စံပြအထူး စီးပွားရေးဇုန် ဖြစ်ဖို့ ယခုထက် အောင်မြင်အောင် ကြိုးပမ်းကြဖို့လည်း ဒုစစ်ခေါင်းဆောင်က တိုက် တွန်းပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေက နိုင်ငံရေးပြဿနာ နဲ့ စီးပွားရေးပြဿနာကို တပြိုင်တည်း ရင်ဆိုင်နေရတာဖြစ်လို့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့က မလွယ်ကူတဲ့ အနေအထားမှာ ရှိနေတယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ် ပါတယ်။

စီးပွားရေးသုတေသီတဦးက “နိုင်ငံရေးအခြေအနေ မကောင်းတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာဖို့က မလွယ်ဘူးနော်။ နိုင်ငံရေး တည်ငြိမ်မှု မရှိဘူး၊ ဥပဒေ စိုးမိုးမှု မရှိဘူး ဆိုတော့ လာဖို့ ခက်တာပေါ့။ ဒါပေမဲ့ လုံးဝ ဇီးရိုး လားဆိုရင် ဇီးရိုး တော့ မဟုတ်ဘူးပေါ့။ လောလောဆယ် လုပ်လက်စရှိတဲ့ ကုမ္ပဏီတွေ၊ နိုင်ငံတွေနဲ့ နောက်တခုက အခုလို အခြေအနေမှာ လုပ်ချင်တဲ့ နိုင်ငံတွေလည်း ရှိနိုင်တာပဲ။ ဥပမာ တရုတ်ပေါ့။ သူတို့ကတော့ ဝင်လာနိုင်ခြေ ရှိပါတယ်။ ဒီကုမ္ပဏီတွေ ဝင်လာရင်တော့ အလုပ်အကိုင် အခွင့်အလမ်းတော့ ရရှိစေတယ်။ ဒါပေမဲ့ ဆိုးကျိုးက သူတို့ကကော ပွင့်ပွင့် လင်းလင်းလုပ်လို့ ရမလား။ မြန်မာပြည်မှာက နိုင်ငံရေး ပြဿနာ တခုတည်း မဟုတ်ဘူး။ စီးပွားရေး ပြဿနာလည်း ရှိနေတာ။ လျှပ်စစ်မီး မမှန်တာ၊ အင်တာနက် မရတာ၊ လုံခြုံစိတ်ချရမှု မရှိတာ။ အဲ့ဒီ့အခြေအနေအောက်မှာ သူတို့က စီးပွားရေးကို တည်တည်ငြိမ်ငြိမ်နဲ့ ကောင်းကောင်းမွန်မွန် လုပ်နိုင်မလား။ တဖက်ကလည်း အတိုက်အခံတွေဘက်က ခြိမ်းခြောက်မှုတွေ မရှိနိုင်ဘူးလား၊ ဒါတွေ အများကြီး စဉ်းစားစရာ ရှိတယ်။ အခုကတော့ အခြေအနေ မကောင်းတဲ့အတွက် ပြည်တွင်းကဘဲ လုပ်လုပ်၊ ပြည်ပကဘဲ လုပ်လုပ် အခြေအနေ မပေးသေး တဲ့ ဟာပေါ့နော်။ သူတို့လည်း စီးပွားရေး လုပ်တယ်ဆိုတာ မြတ်ချင်လို့ လုပ်ကြတာ။ ဒါပေမဲ့ မြန်မာပြည်မှာက စီးပွားရေးလုပ်ဖို့က (risk) စွန့်စားရမှာတွေက နိုင်ငံရေးကော စီးပွားရေးကော ရှိနေတာနော်။ အဲ့တော့ သူတို့ကလည်း သေသေချာချာ စဉ်းစားပြီးမှ လုပ်ကြမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံတကာနဲ့ချိတ်ဆက်ဆောင်ရွက်နေတဲ့လုပ်ငန်းရှင်တဦးကလည်း “စစ်တပ်က အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးအပေါ် အလေးထားလိုက်နာကြတဲ့ ကုမ္ပဏီကြီးတွေ ပြည်တွင်းက ထွက်ခွာသွားတာရှိတယ်နော်။ ဒီအပေါ်မှာ ပထမတချက်က အလုပ်အကိုင် ဆုံးရှုံးစေတယ်။ နောက်တချက်က တိုင်းပြည်အတွက် ဝင်ငွေပေါ့။ ကုမ္ပဏီကြီးဆိုတော့ အခွန်ဆောင်ရတဲ့အတွက် အခွန်အခတွေ ဆုံးရှုံးစေတယ်။ ပိုဆိုးတာက ကုမ္ပဏီကြီးတွေ ထွက်သွားတဲ့ သက်ရောက်မှုက တိုင်းပြည်ရဲ့ ပုံရိပ်ကိုပါ ထိခိုက်မှု ရှိစေတယ်။ ဒီနိုင်ငံက ဘာကြောင့် ထွက်တာလဲ။ တွက်ခြေမကိုက်လို့ ထွက်တာလား။ ဘာကြောင့်ထွက်တာလဲဆိုတဲ့ အကြောင်းရင်း ရှိရတယ်။ ကုမ္ပဏီကြီးတွေဆိုတာက တာဝန်ယူမှု၊တာဝန်ခံမှု ရှိတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေပေါ့။ အထူးသဖြင့် ဒါက ဒီမိုကရေစီနိုင်ငံကြီးတွေက ကျင့်သုံးကြတာ။ ဒီတော့ တာဝန်ယူမှု၊တာဝန်ခံမှု ရှိတဲ့ ကုမ္ပဏီကြီးတွေကတော့ ဝင်လာဖို့ ခက်သွားတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တနှစ်အကြာမှာ ကောင်းမွန်တဲ့ လုပ်ငန်းခွင်တွေ မရှိတော့တဲ့အတွက် လုပ်သားစျေးကွက်ကြီးက ချည့်နဲ့သွားပြီလို့ သုံးသပ်ပြောပါတယ်။

စစ်တပ်မှ အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကြောင့် ပြည်တွင်းမှာ နိုင်ငံရေးမငြိမ်သက်မှုနဲ့အတူ ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါကြောင့်လည်း မြန်မာပြည်သူတွေဟာ လူထုကျန်းမာရေးနဲ့ လူမှုစီးပွားရေးမှာ စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရပါ တယ်လို့  ILO က ဆိုပါတယ်။

ဒါကြောင့် ILO ရဲ့ ခန့်မှန်းချက်အရ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်အခြေအနေနဲ့ အာဏာမသိမ်းမီ ၂၀၂၀ အခြေအနေကို နှိုင်းယှဉ်ရာမှာ ၂၀၂၁ ခုနှစ်မှာ အလုပ်လုပ်နိုင်တဲ့အချိန်နာရီက ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ရပါတယ်။

အဆိုပါပမာဏဟာ အချိန်ပြည့်ဝန်ထမ်း အရေအတွက် ၃ ဒသမ ၁ သန်းရဲ့ အလုပ်လုပ်ချိန်နဲ့ ညီမျှတာပါ။ ဒါကြောင့် အလုပ်လုပ်ချိန်နာရီတွေ ဆုံးရှုံးမှုဟာ အလုပ်အကိုင် ဆုံးရှုံးမှုအပြင် မိမိအရည်အချင်းအောက် နိမ့်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရတာဖြစ်တယ်လို့ ILO က သုံးသပ်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ စစ်တပ်မှ အာဏာ သိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဇန်နဝါရီ ၃၁ ရက်အထိ ရင်းနှီးမြုပ်နှံမှုကဏ္ဍပေါင်း ၁၂ ခု၊ လုပ်ငန်းပေါင်း ၄၄ ခုရှိကာ တန်ဖိုးအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၂၃ သန်း ခွင့်ပြုပေးခဲ့ပြီး အဲဒီထဲက လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၃၀၆၂ သန်းနဲ့ အများဆုံးရှိပြီး ဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၃၇ သန်း နဲ့ စက်မှုကဏ္ဍမှာ ၁၉၉ သန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။DVB

ထားဝယ်မြို့နယ်၊ ကင်ပွန်းချုံရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် EDF တိုက်ပွဲဖြစ်၊ စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်ရရှိ၊ စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီး ဘုန်း ကြီးကျောင်းအတွင်း ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကင်ပွန်းချုံရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် Eastern Defense Force – EDF တပ်ဖွဲ့ကြား ယမန်နေ့ မေလ ၁၀ ရက် ညနေပိုင်းတွင် ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးကာ လက်နက် ၁ လက် ရရှိကြောင်း EDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားကြောင်း၊ စစ်သား ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရကြောင်း၊ MA အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ ၂၁၉ တောင့် သိမ်းဆည်းရမိကြောင်း EDF ထံမှ သိရှိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် မိနစ် ၂၀ ခန့် ရမ်းသန်းပစ်ခတ်ရာ တောင်သုံးလုံးကျေးရွာ ဘုန်း ကြီး ကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၁ ဦး သေဆုံးကာ ရဟန်း ၁ ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲဖြစ်ပြီးနောက် EDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်းထုတ်ပြန်ထားသည်။ khit thit

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီ တပ်စွဲထားသည့် နေရာ သုံးခုအား ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင် စီတပ်သား ခုနစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF က ယနေ့ မေလ ၁၁ ရက်တွင် ထုတ် ပြန်သည်။

ကလေးမြို့၊ တောင်ဖီလာရပ်ကွက် လေးထပ်ဆောင် ဝန်ထမ်းအိမ်ယာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ယမန်နေ့ ည ၈ နာရီခန့်က CN DF တပ်ဖွဲ့ဝင်များက တိုက်ခိုက်ရာ ခြောက်ဦး သေဆုံးကြောင်း ဆိုသည်။

ည ၁၀ နာရီတွင် စမ်းမြို့ရပ်ကွက်ရှိ မူးယစ်ရုံးအား CNDF နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကလေး)၊ CSS နှင့် GRF အဖွဲ့တို့ မိနစ် ၃၀ နီး ပါးကြာ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းအချိန်တွင်ပင် တာဟန်းရပ်ကွက် နေကြာတိုက် အနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်အား ပစ်ခတ်ရာ နှစ်ဦး ဒဏ်ရာ ရရှိပြီး ပူး ပေါင်း တပ်ဖွဲ့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“စိုးရိမ်ပူပန် နေရတာပေါ့၊ ဘယ်အချိန် ကိုယ့်အိမ်ခေါင်မိုးပေါ် ကနေ လက်နက်ကျည် ကျလာမလဲ ဆိုတာကို၊ ညဘက်တွေ ကတော့ ညတိုင်းလိုလို သေနတ်သံ ကြားနေရတယ်၊ နေ့ခင်းဘက်လည်း ကြားရတတ်တယ်၊ သေနတ်သံ ကြားရရင် စိတ်ထဲကနေ အပြစ်မဲ့ ပြည်သူတွေ မထိပါစေနဲ့၊ အမှန်တရား ဘက်တော်သားတွေ ဘေးကင်းပါစေ၊ အာဏာရူး မိစ္ဆာတွေ များများ ကျရှုံးပါစေလို့ ရေရွတ် ဆုတောင်းမိတယ်” ဟု တိုက်ပွဲ ဖြစ်ပွားရာ အနီး နေထိုင်သည့် ကလေးမြို့ခံက ပြောသည်။

ယင်းသို့ တိုက်ခိုက် ခံရမှုကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ည ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် တာဟန်းဈေး အနီးရှိ KT ထမင်းဆိုင်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ခေါင်မိုးနှင့် နေအိမ် အပေါ်ထပ် ပျက်စီးခဲ့ပြီး အိမ်ရှင် အမျိုးသမီးနှင့် သမီးငယ်တို့ လက်မောင်း၌ ဒဏ်ရာ အနည်းငယ် ရရှိသော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။ mizzima

စစ်မတိုက်သည့်အဖွဲ့များနှင့်တွေ့မည့် စစ်ခေါင်း ဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဟန်ပြသာဖြစ်မည်

အာဏာသိမ်းစစ်တပ်နဲ့ စစ်ရေးပဋိပက္ခတိုက်ပွဲတွေ ဖြစ်ပွားမနေတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ခေါင်းဆောင်တို့အကြား နေ ပြည်တော်မှာ တွေ့ဆုံမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တဖွဲ့ချင်းစီရဲ့ အကျိုးစီးပွားအတွက် တောင်းဆိုတာထက်မပိုတဲ့ ဟန်ပြဆွေးနွေးပွဲသာ ဖြစ်လိမ့်မယ် လို့  နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က  ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကိုယ်တိုင်တွေ့ဆုံလိုတယ်လို့ ဖိတ်ခေါ်ထားတာကို စစ်တပ်နဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာ တိုက်ပွဲမဖြစ်တော့တဲ့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့သာ တွေ့ဆုံဆွေးနွေးမယ်လို့ စာရင်းပေးထားကြတာဖြစ်ပါတယ်။

မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ဖို့ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှု မဟုတ်တာကြောင့် စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်သလို လက်ရှိအချိန်က စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရမယ့် အချိန်မဟုတ် သေးဘူးလို့လည်း ကျန်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေက  အသီးသီး ကြေညာထား ပါတယ်။

လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ မဆွေးနွေးပွဲ တိုက်ပွဲမဖြစ်တဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးကြမယ့် ငြိမ်းချမ်းရေးဆွေးနွေးမှုဟာ ကောင်းမွန်တဲ့ရလဒ်ထွက်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေကသုံးသပ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ  ဦးသန်းစိုးနိုင်က “အခုဖြစ်နေတာက အန်ယူဂျီနဲ့ ပီဒီအက်ဖ်တွေ ဦးဆောင်နေတဲ့ နွေဦးတော်လှန်ရေးနဲ့ ဒီနေ့က တိုင်းနဲ့ ပြည်နယ်အနှံ့မှာ တိုက်ပွဲတွေဖြစ်နေတယ်။ အဲဒါတွေ ရပ်ဆိုင်းအောင်လုပ်မယ်ဆိုရင် အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှု လုပ်ဖို့လိုတယ်။ အဲဒါတွေ မလုပ်သမျှကာလပတ်လုံး ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုတာ အဓိပ္ပာယ်မရှိတဲ့ သကြားဖုံးထားတဲ့ ဆွေးနွေးပွဲတွေပဲ။ ငြိမ်း ချမ်းရေးရပြီးသားအဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးနေတာကတော့ လက်ရှိ ဗမာပြည်မှာ ဖြစ်နေတဲ့ ဒီစစ်ရေး ပဋိပက္ခတွေ၊ နိုင်ငံရေး ပဋိပက္ခတွေ ဖြေရှင်းရေးအတွက်တော့ ဘာမှအဓိပ္ပာယ်မရှိဘူးလို့ ကျနော်ကတော့ ခြုံငုံသုံးသပ်ပါတယ်” လို့ ပြောပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့အတွက် တူညီတဲ့ ရည်မှန်းချက်တွေရှိကြပေမယ့် တဖွဲ့ချင်းစီက လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်တွေဟာ မတူညီကြပါဘူး။ 

အဲဒီအတွက် အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံကြမယ့်တော်လှန်ရေးအဖွဲ့အစည်းတွေဟာ သူတို့တွေရဲ့ ဘုံအကျိုးစီးပွားအတွက် တောင်းဆိုလာနိုင်သလို အာဏာရှင်တော်လှန်ရေးအတွက် ရန်သူအင်အားတိုးလာမှာကြောက်တဲ့ စစ်တပ်အနေနဲ့လည်း အဲဒီတောင်းဆိုချက်တွေကို နှုတ် အားဖြင့် သဘောတူမယ့်အနေထား ရှိနိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပါဝင်မှုအားကောင်းတဲ့ဘက်က အာဏာရှင်တော်လှန်ရေး အောင်နိုင်ခြေများတာကြောင့် လက်နက်အင် အားတောင့်တင်းတဲ့ တိုင်းရင်းသားအဖွဲ့တွေဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ကူညီပြီး နွေဦးတော်လှန်ရေးကို ပူးပေါင်းလာမှာ စစ်တပ်က စိုးရိမ်နေတယ်လို့လည်း စစ်တပ်အသိုင်းအဝိုင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒါကြောင့် စစ်တပ်ဟာ နိုင်ငံရေးအပြင် စစ်ရေးအရ အသာစီးရနိုင်မယ့် တွေ့ဆုံဆွေးနွေး နိုင်ရေးလမ်းကြောင်းကို ဖော်ဆောင်ခဲ့ပေမယ့် အားလုံးပါဝင်ခွင့်မရသလို အရေးကြီးတဲ့ စစ်မှန်တဲ့ စိတ်စေတနာမှန် မပါတာကြောင့် အောင်မြင်မယ့်ဆွေးနွေးပွဲ မဟုတ်ဘူးလို့လည်း ချင်းတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးရှိန်းထွန်းက ထောက်ပြပါတယ်။

“ခြုံပြီးပြောရရင်တော့ တိုင်းပြည်တခုလုံးအတွက် ဖယ်ဒရယ်ဖော်ဆောင်မယ့် အနေအထားထက်စာရင် တဖွဲ့ချင်းစီရဲ့ ဘုံအကျိုးစီးပွားအပေါ်မှာပဲ အခြေတည်တဲ့ အခင်းအကျင်းမျိုးပဲ သုံးသပ်မိပါတယ်။ အင်အားကြီး EAO တွေ သွားတဲ့ဘက်က ပြည်သူနေမှာ ဖြစ်တဲ့အတွက် ဒီဟာကို သူ က လက်ဦးမှု နိုင်ငံရေးအရ လက်ဦးမှုယူလိုက်ပြီးမှ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ဖွင့်ချလိုက်တယ်လို့ ကျနော်တို့ သုံးသပ်တယ်။”

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ၂၀၁၈ ခုနှစ်ကလည်း အခုလိုပဲ ၂၀၂၀ မှာ ငြိမ်းချမ်းရေးရအောင်လုပ်မယ်လို့ ပြောဆိုပြီး ရခိုင်ပြည်နယ်ကလွဲလို့ နေရာစုံကို အပစ်အခတ်ရပ်စဲ ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး ရက္ခိုင့်တပ်တော် အေအေအဖွဲ့ကို လက်နက်အင်အား လူအင်အား အ များ အပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်က  အေအေကို လူအင်အား လက်နက်အင်အား အလွန်အကျွံသုံးပြီး စစ်ရေးအရ အသာစီးရယူနိုင်အောင်လုပ်ဆောင်ခဲ့ပေမယ့် တိုက်ခိုက်ရေးစွမ်းရည်ကျဆင်းနေတဲ့ သူရဲ့စစ်တပ်က စစ်နိုင်အောင် မတိုက်နိုင်တော့တဲ့အချိန်မှာ အေအေထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အလျှော့ပေးတဲ့ အပစ်ရပ်ရေး သဘောတူညီမှုကို စစ်တပ်က လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း တစ်နိုင်ငံလုံးအနှံ့ တိုက်ပွဲဖြစ်နေတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကို နှိမ်နင်းနိုင်ဖို့အတွက် တိုက်ခိုက်ရေး အတွေ့ကြုံရင့်တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို စည်းရုံးပြီး ဟန်ပြငြိမ်းချမ်းရေး ဆွေးနွေးပြီး စစ်ရေးအကျပ်အတည်းကို ဖြေရှင်းဖို့ လုပ်ဆောင်နေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

“အန်ယူဂျီနဲ့ EAO တွေကို သွေးခွဲဖို့ဆိုတဲ့အချက်က သေချာတယ်ပေါ့ဗျာ။ စစ်ရေးအရ ပြောရမယ်ဆိုရင် အဘက်ဘက်က အရေးနိမ့်နေတဲ့ အ ခြေ အနေမှာ သူတို့အနေနဲ့ အချိန်ဝယ်ချင်ပုံရတယ်။ အနည်းဆုံးတော့ လာမယ့် မိုးရာသီပေါ့ဗျ ကျနော်တို့အတွက်ကော၊ စစ်ကောင်စီအတွက်ကော၊ စိန်ခေါ်မှုရှိပါတယ်။ စစ်အုပ်စုကတော့ သူတပ်တွေက မနားမနေ တိုက်နေရတော့ စစ်ပန်းနေပြီလို့ ပြောလို့ရတယ်။ မိုးရာသီကို အသာလေးများ ကျော်သွားလို့ရမလား မျှော်လင့်ပုံရတယ်။ ဒါပေမဲ့ ဒီစစ်အုပ်စုရဲ့ မာယာတွေ ပရိယာယ်တွေ ဆိုတာက နွေဦးတော်လှန်ရေးမှာတော့ အလုပ်မဖြစ်တော့ဘူးလို့ ပြောချင်ပါတယ်။”

အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာ မိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (MNSP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားတယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။

အဆိုပါအဖွဲ့တွေထဲက အများစုဟာ ၁၀ စုနှစ်တွေနဲ့ ချီပြီး  စစ်တပ်နဲ့ တိုက်ပွဲတွေ တကြိမ်တခါမှ ဖြစ်ပွားခဲ့တာ မရှိတဲ့ အဖွဲ့တွေဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIO၊ KNPP၊ CNF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ဆွေး နွေးပွဲ မတက်ဘူးလို့ အသီးသီးကြေညာထားကြပါတယ်။

တရားမဝင် အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီအနေနဲ့ အခုလိုငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွား‌ရေး အ ခက် ခဲတွေကို ယာယီဖြေရှင်းဖို့ ကြိုးစားနေတာသာဖြစ်ပြီး  ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်အသက်သွင်းမယ့် စစ်အုပ်စုရဲ့ အတုယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ဟာ တရားဝင်မှုမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က  ထုတ်ပြန်ထားပါတယ်။ DVB

သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာရှိ အုပ်ချုပ်ရေးမှူးနေအိမ်၊ ရုံးခန်းနှင့် ပျူစောထီးနေအိမ် ၊ မိုင်တဲတာဝါတိုင်တို့ကို PDF က ရှင်းလင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ပဲဒက်ရွာရှိအုပ်ချုပ်ရေးမှူးနေအိမ်၊ ပျူစောထီးခေါင်းဆောင်နေအိမ်တို့နှင့်ရုံးခန်းအပါဝင် မိုင်တဲဝါတာ တိုင်ကို ယနေ့နံနက်ပိုင်းကပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့အတူတကွပူးပေါင်းပြီး ရှင်းလင်းခဲ့ဟုဆိုသည်။

မေလ(၁၁)ရက်၊နံနက်ကဦးစိုးဝေ၊ဦးညဏ်ထင်၏နေအိမ် (၂)ဆောင်နှင့်အုပ်ချုပ်ရေးမှူးရုံးခန်းကို KNDO၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (T5. ဇုန်)၊ဒေါင်းမင်းစစ်ဆင်ရေးဖွဲ့(TYC.PDF)၊ကစိုဒိုကျားဖွဲ့၊စွန်ရဲဖွဲ့၊ဒီးတစ်လုံးဖွဲ့ တို့အတူပူးပေါင်းပြီး မီးရှို့ ရှင်းလင်းခဲ့ကြောင်းရဲဘော်တစ်ဦးကဆို သည်။

ထို့နောက် အကြမ်းဖက် ဖက်ဆစ်ကောင်စီ၏စီးပွားရေးထောက်တိုင်ဖြစ်သောမိုင်တဲဝါတာတိုင်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ကထပ်မံမိုင်းခွဲဖြိုချခဲ့ကြောင်း ၎င်းကပြောသည်။

ယင်း အုပ်ချုပ်ရေးမှူးနေအိမ်၊ ရုံးခန်း၊ ပျူစောထီးနေအိမ်နှင့်မိုင်တဲတာဝါတိုင်ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကနေ မဟာ မိတ်ညီနောင်များဖြစ် မိတ်ဆက်ပွဲအနေနဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေး ဖွဲ့မှတာဝန်ရှိသူတစ်ဦးကရှင်းပြသည်။

အဆိုပါဖြစ်စဥ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ပြီး ကျေးရွာနေပြည်သူများ နှင့် သက်ဆိုင်မှုမရှိပါကြောင်း ထပ်မံအသိ ပေးပြောကြားခဲ့သည်။ khit thit

« Older Entries