ကဗျာဆရာ ပုဒ်မ ၅၀၅(က)ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

ကဗျာဆရာ မျိုးတေဇာမောင်ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် နေပြည်တော် ဒက္ခိဏအကျဉ်း ထောင်တွင်းတရားရုံးမှ မေလ ၁၀ ရက်နေ့က အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်ကြောင်း အမှု လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့ထံမှ သိရသည်။

“သူ့ကို အလုပ်နဲ့ထောင်ဒဏ် နှစ် နှစ်ချလိုက်တယ်။ စစ်တာကတော့ နေပြည်တော် ဒက္ခိဏအကျဉ်းထောင် ပေါ့။ ထောင်တွင်းတရားရုံးမှာ စစ်တာ။ ချုပ်ရက်တွေတော့ ခံစားခွင့်ပေးတယ်” ဟု ရှေ့နေတစ်ဦးကပြော သည်။

အမိန့်ချမှတ်ပြီးဖြစ်သည့်အတွက် ၎င်းကို ရမည်းသင်းအကျဉ်းထောင်သို့ ပြောင်းရွှေ့ပို့ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။

နေပြည်တော်ပျဉ်းမနားတွင်နေထိုင်သည့် ကဗျာဆရာမျိုးတေဇာမောင်ကို စစ်ကောင်စီက ပြီးခဲ့သည့် စက် တင်ဘာလအတွင်းက ၎င်း၏နေအိမ်သို့ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် လူမှုကွန်ရက်တွင်ရေးသားဖြန့်ဝေသော အကြောင်းအရာများကို အခြေခံပြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ကာ ခုနစ်လကျော်အကြာတွင် အပြီးသတ်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် မုံရွာအခြေစိုက်ကဗျာဆရာကေဇဝင်းမှာ စစ်ကောင်စီတပ်ဖွဲ့၏ ပစ် ခတ်မှုကြောင့် ဦးခေါင်းကိုကျည်ထိမှန်ကာကျဆုံးခဲ့ပြီး ပုလဲမြို့နေ ကဗျာဆရာခက်သီမှာလည်း စစ်တပ်က ဖမ်းဆီးပြီး ၂၄ နာရီအတွင်း ကျဆုံးခဲ့ရသည်။ အလားတူ ဖက်ဒရယ်ဂျာနယ်အယ်ဒီတာ၊ ကဗျာဆရာ အေစိုင်းကေမှာလည်း မယ်ဝါးခီးတွင် လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးခဲ့သည်။

ထို့အပြင် ကဗျာဆရာ အချို့မှာလည်း ဖမ်းဆီးထောင်ချခံထားရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s