ကရင်နီပြည်နယ်ရှိ စစ်‌ရှောင်စခန်းများတွင် သောက်သုံးရေ ပြတ်လပ်နေ၊ စင်္ကာပူ၊ မြန် မာနိုင်ငံမှ အလှူရှင်များ၊ ကျေးလက်မြေအဖွဲ့တို့ပူးပေါင်းကာ သောက်သုံးရေလှူဒါန်း

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ၊ နေအိမ်များကို အကြောင်းမဲ့မီးတင်ရှို့မှုများ၊ အပြစ်မဲ့ ရွာသားများကို ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ကရင်နီပြည်သူများသည် တောတောင်အတွင်း ပုန်းအောင်းကာ စစ်ရှောင်စခန်းများတွင် နေထိုင်နေရပြီး အစားအသောက်၊ အမိုးအကာနှင့် သောက်သုံးရေများ အရေးပေါ်လိုအပ်နေကြောင်း သိရှိရသည်။

ယနေ့ မေလ ၁၁ ရက် နံနက်တွင် စင်္ကာပူ၊ မြန်မာနိုင်ငံမှ အလှူရှင်များနှင့် ကျေးလက်မြေအဖွဲ့တို့ ပူးပေါင်းကာ ဒီးမော့ဆိုမြို့နယ်တနေရာရှိ စစ်ရှောင်စခန်းတခုကို သောက်သုံးရေ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

“အခုက မိုးတွင်းရောက်တော့မှာ ကရင်နီမှာက ရေရှားတယ်လေ။ စစ်ရှောင်စခန်းတွေကလည်း အမိုးအကာက တာလဘတ်တွေနဲ့ လုပ်ထားတာ ရေတံလျှောက်ကလည်း မရှိတော့ သောက်ရေအတွက် အခက်အခဲဖြစ်နေတယ်။ အဲဒါ စင်္ကာပူ၊ မြန်မာက အလှူရှင်တွေနဲ့ ကျေးလက်မြေအဖွဲ့က စစ်ရှောင်စခန်းတွေကို သောက်သုံးရေလှူဒါန်းတာပါ။ စခန်းတခုပြီး တခု လှူမှာပါ။” ဟု ကျေးလက်မြေအဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကရင်နီပြည်နယ်တွင် စစ်ရှောင်ဦးရေ အနည်းဆုံး ၁၇၀,၀၀၀ ခန့် ရှိနေပြီးသလို ရှမ်းပြည်နယ် တောင်ပိုင်းဒေသများတွင်လည်း စစ်ရှောင်ဦးရေ ၄၅,၀၀၀ ခွဲခန့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s