ကလေးမြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာနေရာများကို CNDFနှင့် ပူးပေါင်းအဖွဲ့ဝင်ပစ်၊ စစ်သား ၇ ဦးခန့်သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားရာ နေရာ ၃ ခုကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CN DF နှင့် ပူးပေါင်းအဖွဲ့က မေလ ၁၀ ရက် ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၇ ဦးခန့်သေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း CNO/CNDF က သတင်းထုတ်ပြန်သည်။

ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ လေးထပ်ဆောင် ဝန်ထမ်းအိမ်ရာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို CNDF က မေလ ၁၀ ရက် ည ၈ နာရီတွင် အလစ်ဝင်တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးခန့်သေဆုံးကြောင်း၊ စမ်းမြို့ရပ်ကွက်ရှိ မူးယစ်ရုံးကို CNDF နှင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်စဉ် စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း၊ တာဟန်းရပ်ကွက် နေကြာတိုက်အနီးရှိ စစ်ကောင်စီကင်းပုန်းကို ဝင်ပစ်ရာ အကြမ်းဖက်စစ်သား ၂ ဦး ဒဏ်ရာရကြောင်း CNO/CNDF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့များကို CNDF၊ PDF-Kalay၊ CSS၊ GRF တို့က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ပြန်လည်ရမ်းသန်းပစ်ခတ်ရာ တာဟန်းရပ်ကွက်အတွင်း လက်နက်ကြီးကျည် များ ကျရောက်ပေါက်ကွဲပြီး နေအိမ်အချို့ပျက်စီးခဲ့ကာ ပြည်သူ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s