တိုက်ပွဲအတွင်း ခြေလက်အင်္ဂါဆုံးရှုံးသွားသည့် ကရင်နီရဲဘော်များကို ဆန်နှင့်ချီးမြှင့်ငွေ ထောက်ပံ့

ကရင်နီ (ကယား) ပြည်နယ် ဒီးမောဆိုမြို့နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း ခြေလက်အင်္ဂါ ပေးဆပ်စွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်ငွေနဲ့ ရိက္ခာ ဆန် ၁ အိတ်စီ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B05 က ထုတ်ပြန်ပါတယ်။

ခြေလက်အင်္ဂါ ဆုံးရှုံးသွားတဲ့ ရဲဘော်တွေကို တဦး ၅၀,၀၀၀ ကျပ်နဲ့ ရိက္ခာ ဆန် ၁ အိတ်စီ ရဲဘော် ၁၆ ဦးကို မေ ၁၀ ရက် နေ့လယ်ပိုင်းက ပထဆုံးအကြိမ်အဖြစ် ထောက်ပံ့ ချီးမြှင့်ခဲ့တာလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B05 တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ (ကယား) ပြည်နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေအတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် တပ်ရင်း ၅ တဖွဲ့တည်း ခြေလက်အင်္ဂါ ဆုံးရှုံးသွားတဲ့ ရဲဘော် ၁၆ ဦးအထိ ရှိတယ်လို့ သိရပါတယ်။

ဒဏ်ရာအပြင်းအထန်ရထားတဲ့ ရဲဘော်တွေကို လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ မိသားစုဝင်တွေရဲ့ စောင့်ရှောက်မှုနဲ့အတူ ဆေးဝါးကုသမှု ပေးထားပေမဲ့ တချို့ရဲဘော်တွေဆို စကားတောင် မပြောနိုင်သေးတာကြောင့် လိုအပ်တဲ့ ဆေးဝါးကုသမှု ဆက်လက်ပေးသွားမှာဖြစ်ပြီး လစဉ်ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ KNDF B05 တပ်ဖွဲ့ဝင်တွေက ပြောထားပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s