ပေါင်းတည်မြို့နယ် လဲပင်ကျေးရွာ ဘုန်းကြီး ကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ မိုင်းထောင်


ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ လဲပင်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့က နင်းမိုင်းများ ထောင်သွားသည်ဟုပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူထံက သိရသည်။
စစ်ကောင်စီတပ်သည် လဲပင်ကျေးရွာအတွင်းမှ မေလ ၉ရက်တွင် ဆုတ်ခွာသွားပြီးနောက် နင်းမိုင်းများထောင်သွားခဲ့ရာ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်က မေလ ၁၀ရက်နေ့တွင် ဖောက်ခွဲဖျက်ဆီးခဲ့ရကြောင်း သိရသည်။
“စစ်ကောင်စီတပ်ဖွဲ့က လဲပင်ဘုန်းကြီးကျောင်းထဲမှာ နင်းမိုင်းထောင်ထားခဲ့ပြီး တပ်ဆုတ်သွားတယ် ။ အဲ့တာကို မေလ ၉ရက်နေ့ ၉နာရီခွဲလောက်မှာ ကျွန်တော်တို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးက ဖောက်ခွဲဖျက်ဆီးလိုက်တာပါ”ဟု ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်နှင့် ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်တို့ မတ်လ ၁၅ရက်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့သည့် နေရာအနီးရှိ လဲပင်ကျေး ရွာကို နှစ်ကြိမ်တိုင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံထံက သိရသည်။mizzima