ဖမ်းမိထားသည့် မူးယစ်ဆေးဝါးများကို Tiger Army မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ မော်လူးမြို့နယ် မလူးကျေးရွာအနီးတွင် မူးယစ်ဆေးဝါးအချို့ ဖမ်းမိခဲ့ပြီး မီးရှို့ဖျက်ဆီးလိုက်သည်ဟု Tiger Army ရဲဘော်တစ်ဦးထံမှ သိရသည်။
ဖမ်းမိထားသည့် မူးယစ်ဆေးများတွင် စိတ်ကြွဆေးပြား ၆၀ ကျော်နှင့် ဘိန်းဖြူအချို့ပါဝင်ပြီး မူးယစ်ဆေးဝါးကိုင်ဆောင်သူနှစ်ဦးကို ကြိမ်ဖြင့်ရိုက်အပြစ်ပေးခဲ့ကာ နောက်ထပ်မလုပ်ရန် လက်မှတ်ထိုး ခိုင်းကာ ယမန် နေ့ မေလ ၁၀ ရက် မွန်းလွဲပိုင်းတွင် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။
“ ဆေးမိတဲ့သူတွေကိုတော့ ကြိမ်နဲ့ရိုက်ပြီး အပြစ်ပေးလိုက်ပါတယ်။ နောက်ထပ် မလုပ်ဖို့ လက်မှတ်လည်း ထိုးခိုင်းခဲ့တယ်။ ယာဘ အပြား ၆၀ ကျော် နဲ့ ဘိန်းဖြူတွေကိုတော့ အကုန်လုံး မီးရှို့လိုက်တယ်။ နောက် ထပ်လည်း ထပ်ဖမ်းမှာပါ” ဟု Tiger Army ရဲဘော်တစ်ဦးက ပြောသည်။
မော်လူးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း လူငယ်များအကြား မူးယစ်ဆေးသုံးစွဲမှု များပြားလာကြောင်း၊ ယခုကဲ့သို့ မူးယစ်ဆေးသုံးစွဲသူများပြားလာခြင်းမှာ မူးယစ်ဆေးရောင်းသူများကြောင့်ဖြစ်သည်ဟု Tiger Army ရဲဘော်တစ်ဦးက ဆိုသည်။ mizzima