မတ်နှင့် ဧပြီလ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၀၅ ဦး သေဆုံးဟု CNO/CNDF ထုတ်ပြန်

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) နှင့် စစ်ကောင်စီတပ်တို့ မတ်လနှင့် ဧပြီလအတွင်း တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀၅ ဦး သေဆုံးကြောင်း (CNO/CNDF ) က ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း CNDF ရဲဘော် လေးဦး ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီဘက်က ဖမ်းဆီး ပစ်သတ် ခံရသူ ငါးဦး နှင့် တိုက်ပွဲအတွင်း ကျဆုံးသူ တစ်ဦး စုစုပေါင်း ခြောက်ဦး ကျဆုံးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တိုက်ပွဲများကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)နှင့် ပူးပေါင်း ကာကွယ်ရေး အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည့် သေဆုံးသူများ စာရင်းတွင် မတ်လ ၁၃ ရက်နေ့က ကလေး အကျဉ်းထောင်အတွင်း ပစ်သတ်ခံရသူ နှစ်ဦးနှင့် ဧပြီ ၁၈ ရက်နေ့တွင် ရိခေါဒါရ်မြို့၌ ဖမ်းဆီး ပစ်သတ်ခံရသူ နှစ်ဦး ပါဝင်သည်။

လက်ရှိတွင်လည်း ဖလမ်း-ဟားခါး လမ်းမကြီးပေါ်တွင် ထိတွေ့ တိုက်ပွဲများ အချိန်မရွေး ဖြစ်ပေါ်နိုင်သောကြောင့် မိဘပြည်သူများ ဖလမ်း-ဟားခါး လမ်းမကြီးတွင် ခရီး သွားလာခြင်း မပြုရန် ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s