မြောင်မြို့နယ်၊ မယ်မသော်ကျေးရွာသို့ စစ် ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို နှလုံးလှလူမိုက်ကြီးများအဖွဲ့က စနိုက်ပါဖြင့် ပစ်ခတ်၊ ၃ ပွင့် ဗိုလ်ကြီးအပါအဝင် ၅ ဦးသေဆုံ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မယ်မသော်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို မေလ ၅ ရက်နေ့တွင် မြင်းခြံခရိုင်၊ အမှတ် ၅ တပ်ရင်း၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့က စနိုက်ပါသေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃ ပွင့် ဗိုလ်ကြီး ၁ ဦး အ ပါအဝင် ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့ထံမှ သိရှိရသည်။

စစ်ကောင်စီ၏ ၃ ပွင့် ဗိုလ်ကြီး ၁ ဦး၊ လက်နက်ကြီးသမား ၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော မှတ်တမ်းဗီဒီယိုကို နှလုံးလှလူမိုက်ကြီးများအဖွဲ့က ယနေ့ မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပစ်ခတ်ပြီးနောက် မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်း၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့က နယ်မြေရှင်းစဉ် အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးများ ကိုင်ဆောင်သော ၃၈၀ ပစ္စတိုသေနတ် ၁ လက်နှင့် ကျည်ဘောက် ၁ ခုကို သိမ်းဆည်းရမိကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့က ထုတ်ပြန်ထား သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s