ယင်းမာပင်မြို့သို့ ဦးတည်လာသော စစ်ယာဉ်တန်းကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်၊ မိုင်းမိထားသော စစ်ယာဉ်တန်း ယခုနံနက်ပိုင်းအထိ ရပ်တန့်ထားရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်သို့ ဦးတည်လာသော စစ်တပ်ယာဉ်တန်းကို မေလ ၁၀ ရက်နေ့ ည ၁၁ နာရီ ကျော်အချိန် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေါင်းသွေးနီ တပ်ခွဲ ( ၁ )အဖွဲ့တို့က ယင်းမာပင်မြို့နယ် ကောင်းဆင့်ကျေးရွာအရှေ့ဘက် ငါးကန်အနီးတွင် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီယာဉ်တန်းသည်စံပယ်တောင် ၊ ကြေးစင်တောင်၏ တောင်ဘက်တွင်တည်ရှိသော ဆားလင်းကြီးမြို့နယ် ဝါးတန်းကျေးရွာမှ စတင်ကာ စက်သေနတ်မော်တာများ ၊ လက်နက်ငယ်များဖြင့် ကားလမ်းတလျှောက်တွင် ဒလစပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီယာဉ်တန်းသည် အခင်းဖြစ်ပွားရာအနီးမှာပဲ ဆက်လက်တည်ရှိနေပြီး ၄င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ ယမန်နေ့ည စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် နာရီဝက်ခန့်ကြာမြင့်အောင် အပြန်အလှန် ပစ် ခတ်မှုဖြစ်ပွားခဲ့ကြသော်လည်း ဒေသခံကာကွယ်ရေးအဖွဲ့ဘက်က ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၅ ရက်နေ့က ယင်းမာပင်မြို့မှ ထွက်လာသည့် အင်အား ၁၀၀ ကျော်ပါရှိသည့် စစ်ကြောင်းတစ်ခုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တချို့က စုပေါင်းကာ ခြုံခိုကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။

ထို့ပြင် မေလ ၈ ရက်နေ့က ယင်းမာပင်မြို့နယ် ရွှေပန်းခိုင်ကျေးရွာနှင့်သဲတောကြီးကျေးရွာကြားတွင် ထိုးစစ်ဆင်လာသည့် စစ်ကြောင်းတစ်ခုနှင့်ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s