ယင်းမာပင်သို့ အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီယာဉ်တန်းကို PDF အဖွဲ့ မိုင်းဆွဲတိုက် ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ ထပ်မံအင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မေ ၁၁ ရက် မနက် ၉ နာရီခွဲအချိန်လောက်က အင်ကြင်းတောင်အနီး တနေရာမှာ PDF အဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က မိုင်းထိမှန်ခံခဲ့ရတဲ့သူတွေကို ဝမ်ပေါင်၊ ယန်စီ ကုမ္ပဏီကားတချို့နဲ့ သယ်ယူခဲ့ပြီး မုံရွာဘက်ခြမ်းကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုလို အင်အားထပ်ဖြည့်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ မုံရွာဘက် မုံရွာ-ညောင်ပင်ကြီး-ယင်းမာပင်လမ်းပိုင်းကနေ ယင်းမာပင်ဘက်ကို လာတာဖြစ်ပြီး တယ်ပင်ကန်ကျေးရွာနဲ့ ဖိုလ်ဝင်တောင်လမ်းခွဲအကြားရှိ အင်ကြင်းတောင်အနီး တနေရာမှာ ဒေါင်းမင်း PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အဖွဲ့ခေါင်းဆောင် ဗိုလ်စက္ကက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကား ၂ စီး ထိုးရပ်သွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ပေမဲ့ အရေအတွက် အတိ အကျ မသိရသေးသလို မိုင်းဆွဲတိုက်ခိုက်ခံရအပြီး စစ်ကောင်စီတပ်သားတချို့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဘေးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီယာဉ်တွေ နေ့စဉ်ဆက်တိုက်ဆိုသလို PDF အဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး မနေ့ မေ ၁၀ ရက် ညပိုင်းကလည်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီကား ၁ စီး လုံးဝပျက်စီးသွားသလို ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s