ရန်ကုန်၊ မန္တလေး၊ တနင်္သာရီ၊ ရှမ်းနှင့် ပဲခူးတို့တွင် ရဲတပ်ဖွဲ့ဝင်၊ သွေးသောက် အဖွဲ့ဝင်၊ စစ် တပ် သတင်းပေး၊ အုပ်ချုပ်ရေးမှူးနှင့် ကြံ့ဖွတ်ပါတီဝင်၊ ပျူစောထီး စုစု ပေါင်း ၁၃ ဦး အ သတ်ခံရ၊ ၁ ဦး ကျည်ထိမှန်ဒဏ်ရာရ

ရန်ကုန်၊ မန္တလေး၊ တနင်္သာရီ၊ ရှမ်းနှင့် ပဲခူးတို့တွင် ရဲတပ်ဖွဲ့ဝင်များ၊ သွေး သောက် အဖွဲ့ဝင်များ၊ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများ၊ အုပ်ချုပ်ရေးမှူးနှင့် ကြံ့ဖွတ်ပါတီဝင်များကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၁၃ ဦးသေဆုံးကာ ၁ ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
မင်းလှတွင် သစ်မှောင်ခိုဂိတ်ဖွင့် ဆက်ကြေးကောက်သူ ရဲ ၁ ဦးနှင့် ပျူစောထီး ၅ ဦး အသတ်ခံရ
===========================================
ပဲခူးတိုင်းသာယာဝတီခရိုင် မင်းလှမြို့နယ် စမ်းဘုတ်အုပ်စု စမ်းဘုတ်ရွာတွင် မှောင်ခိုသစ် များကို ဂိတ်ဖွင့်ပြီး စပ်ကြေးတောင်း နေသော ဂိတ်စောင့် ရဲတစ်ဦးနှင့် ပျူစောထီး (၅) ဦးတို့ကို ယနေ့ နံ့နက် ၉ နာရီတွင် သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁) တပ်ခွဲ(၁)နှင့် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) တို့မှ ပူးပေါင်းတိုက်ခိုက်ရာ ၆ ဦးလုံး သေဆုံးသွားကြောင်း ဇီးကုန်း PDF ကတရားဝင် သတင်းထုတ်ပြန်သည်။
စဉ့်ကိုင်မြို့၊ ရွာသာရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စိုးမင်းဦး နှင့် CDM များကို ဖိအားပေးသူ မီးရထားဝန်ထမ်းအသတ်ခံရ
===========================================
မန္တလေးတိုင်း စဉ့်ကိုင်မြို့ အနောင်ခြမ်း ရွာသာရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စိုးမင်းဦးကို မေလ ၉ ရက်နေ့ နံနက် ၉နာရီခန့်တွင် သေမင်းတမန်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သေမင်းတမန်အဖွဲ့ထံမှ သိရသည်။
အုပ်ချုပ်ရေးမှူး စိုးမင်းဦးသည် စဉ့်ကိုင်အနောက်ခြမ်းတွင် ၎င်းနှင့်အဆင်မပြေ သူများကို စစ်တပ်ခေါ်ကာ အကြိမ်ကြိမ် ဖမ်းဆီး ရှာဖွေခိုင်းခြင်းများ၊ မတရားဖိနှိပ်မှုများ လုပ်ဆောင်ခြင်းနှင့် စစ်ကောင်စီ သတင်းပေး ပြုလုပ်ခြင်းကြောင့် သေမင်းတမန်အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေနတ် ကျည် ၄ ချက်ထိမှန်ကာ သေဆုံးခဲ့ခြင်းကြောင်း သေမင်းတမန်အဖွဲ့မှ ထုတ်ပြန်ထားသည်။
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပလိပ် မြွေဘုရားအနီး ပလိပ်မြို့- မြွေဘုရား လမ်းပိုင်းတွင် မေလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ၊ CDM များကို ဖိအားပေးသူ မြစ်ငယ် မီးရထားစက်ရုံ ဝန်ထမ်း ကျော်စိုးလှိုင်ကို အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ ကျော်စိုးလှိုင်သည် ဆီးခုံအထက်ပိုင်းနှင့် နောက်ကျောတို့တွင် ကျည်ထိမှန် ဒဏ်ရာများ ရင်အုံတွင် ထိုးသွင်း ဒဏ်ရာများဖြင့် သေ ဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေဖြူမြို့နယ် ပရဒတ်ကျေးရွာ သွေးသောက် အဖွဲ့ခေါင်းဆောင် ညီညီ သေဆုံး
==========================================
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ပရဒတ်ကျေးရွာတွင် သွေးသောက် အဖွဲ့ခေါင်းဆောင် ညီညီ ဆိုသူကို မေလ ၁ဝ ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ ညီညီ ဆိုသူသည် သေနတ်ကျည် ၈ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ပြီး မူးယစ်ဆေးဝါးများ ဖြန့်ဝေ ရောင်းချနေသူ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
ပင်းတယမြို့နယ် ပန်းစစ်ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ရွှေဖီ သေဆုံး
===========================================
ရှမ်းပြည်နယ် ပင်းတယမြို့နယ် ပန်းစစ်ကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ရွှေဖီကို မေလ ၁ဝ ရက်နေ့ နံနက် ၆ နာရီခန့်၌ အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ ရွှေဖီသည် ပြည်သူ ၂ဝ ကျော်ကို စစ်တပ်ထံ သတင်းပေး ဖမ်းဆီးခိုင်းခဲ့ခြင်းကြောင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ၏ သတိပေး ခံထားရသူဖြစ်သော်လည်း ပစ်ခတ်တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်သည်ကို မသိရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။
ပုသိမ်ကြီး၊ ဆင်ပွတ်ကြီးရွာ သွေးသောက်အဖွဲ့ ဒုတိယ ခေါင်းဆောင် ဖြိုးကျော်နှင့် မုန့်နီတို့ သေဆုံး
===========================================
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ဆင်ပွတ်ကြီးရွာ သွေးသောက်အဖွဲ့ ဒုတိယ ခေါင်းဆောင် ဖြိုးကျော်နှင့် မုန့်နီကို မန္တလေးမြို့ အခြေ စိုက် UG မဟာမိတ်တပ်ပေါင်းစုက မေလ ၁ဝ ရက်နေ့၌ လမ်း ၃၀ မြို့ပတ်လမ်း အရှေ့ထိပ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မန္တလေးမြို့ အခြေ စိုက် UG မဟာမိတ် တပ်ပေါင်းစုများဖြစ်သော Rangers Of Mandalay(ROM)၊ အနက်ရောင်သေမင်း၊ NGU:FF၊ နတ်ဆိုး မြေအောက် တော်လှန်ရေး အဖွဲ့အပါအဝင် မဟာမိတ် ၆ဖွဲ့က ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝေါမြို့နယ် ပျူစောထီး အဖွဲ့ခေါင်းဆောင်၊ ကြံ့ဖွတ်ပါတီ ခရိုင် ကော်မတီဝင် ကျော်ဇော် အသတ်ခံရ
===========================================
ပဲခူးတိုင်း ဝေါမြို့နယ်တွင် ပျူစောထီး အဖွဲ့ခေါင်းဆောင်၊ ခရိုင်ကြံ့ဖွတ်ပါတီ ကော်မတီဝင် ကျော်ဇော်ကို မေလ ၉ ရက်နေ့တွင် Waw PDF တပ် ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပီး သေဆုံးခဲ့ကြောင်း Waw PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဒေါပုံမြိုနယ် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ သိန်းထွန်း ပစ်ခတ်ခံရ
===========================================
ရန်ကုန်တိုင်း ဒေါပုံမြိုနယ် ကြည်စုရပ်ကွက်တွင် မေလ ၈ ရက်နေ့ ညနေ ၅ နာရီ ၅ဝ မိနစ်ခန့်၌ စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ သိန်းထွန်းကို အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျည်ထိမှန် ဒဏ်ရာများဖြင် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ khit thit