သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာရှိ အုပ်ချုပ်ရေးမှူးနေအိမ်၊ ရုံးခန်းနှင့် ပျူစောထီးနေအိမ် ၊ မိုင်တဲတာဝါတိုင်တို့ကို PDF က ရှင်းလင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ပဲဒက်ရွာရှိအုပ်ချုပ်ရေးမှူးနေအိမ်၊ ပျူစောထီးခေါင်းဆောင်နေအိမ်တို့နှင့်ရုံးခန်းအပါဝင် မိုင်တဲဝါတာ တိုင်ကို ယနေ့နံနက်ပိုင်းကပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့အတူတကွပူးပေါင်းပြီး ရှင်းလင်းခဲ့ဟုဆိုသည်။
မေလ(၁၁)ရက်၊နံနက်ကဦးစိုးဝေ၊ဦးညဏ်ထင်၏နေအိမ် (၂)ဆောင်နှင့်အုပ်ချုပ်ရေးမှူးရုံးခန်းကို KNDO၊ပြည်သူ့ကာကွယ်ရေးတပ်မတော် (T5. ဇုန်)၊ဒေါင်းမင်းစစ်ဆင်ရေးဖွဲ့(TYC.PDF)၊ကစိုဒိုကျားဖွဲ့၊စွန်ရဲဖွဲ့၊ဒီးတစ်လုံးဖွဲ့ တို့အတူပူးပေါင်းပြီး မီးရှို့ ရှင်းလင်းခဲ့ကြောင်းရဲဘော်တစ်ဦးကဆို သည်။
ထို့နောက် အကြမ်းဖက် ဖက်ဆစ်ကောင်စီ၏စီးပွားရေးထောက်တိုင်ဖြစ်သောမိုင်တဲဝါတာတိုင်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ကထပ်မံမိုင်းခွဲဖြိုချခဲ့ကြောင်း ၎င်းကပြောသည်။
ယင်း အုပ်ချုပ်ရေးမှူးနေအိမ်၊ ရုံးခန်း၊ ပျူစောထီးနေအိမ်နှင့်မိုင်တဲတာဝါတိုင်ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကနေ မဟာ မိတ်ညီနောင်များဖြစ် မိတ်ဆက်ပွဲအနေနဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်းပြည်သူ့ကာကွယ်ရေး ဖွဲ့မှတာဝန်ရှိသူတစ်ဦးကရှင်းပြသည်။
အဆိုပါဖြစ်စဥ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ပြီး ကျေးရွာနေပြည်သူများ နှင့် သက်ဆိုင်မှုမရှိပါကြောင်း ထပ်မံအသိ ပေးပြောကြားခဲ့သည်။ khit thit