အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော်က တရုတ်သမ္မတထံ ပေးပို့သော အိတ်ဖွင့်ပေးစာတွင် ပူး ပေါင်းပါဝင်သည့် အဖွဲ့များ တိုးလာ

အာဏာသိမ်း စစ်ကောင်စီကို ဆက်လက် ပံ့ပိုးကူညီနေပါက ပြည်တွင်းရှိ တရုတ်စီးပွားရေး လုပ်ငန်းများ တိုက်ခိုက်ခံရနိုင်ကြောင်း သတိ ပေးချက် အပါအဝင် တိုက်တွန်းတောင်းဆိုချက် ၇ ချက် ပါဝင်သော အိတ်ဖွင့်ပေးစာ တစ်စောင်ကို မြန်မာ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၅၀၀ ကျော်က တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ ပြီးခဲ့သည့် ဧပြီလ၂၅ ရက်တွင် ပေးပို့ခဲ့သည်။

မြန်မာနိုင်ငံ အရပ်ဘက်အဖွဲ့အစည်းများ၊ သပိတ်စစ်ကြောင်းများ၊ ပညာရှင်များ၊ နိုင်ငံရေး ပါတီများ၊ အလုပ်သမားသမဂ္ဂများနှင့် ရွေးကောက်ခံ ပြည်သူ့ ကိုယ်စားလှယ် အစုအဖွဲ့များ ပါဝင်သည့် အဖွဲ့အစည်း ပေါင်း ၅၅၈ ဖွဲ့က ပေးပို့ခဲ့သော အဆိုပါ အိတ်ဖွင့်ပေးစာတွင် အဖွဲ့ ၁၃ ဖွဲ့က ထပ် မံပူးပေါင်း ပါဝင်လာသဖြင့် စုစုပေါင်း အဖွဲ့ ၅၇၁ ဖွဲ့ ရှိလာပြီလည်း ဖြစ်သည်။

အထူးသဖြင့် မြန်မာစစ်တပ်သည် ပြည်သူများအား အကြမ်းဖက် ဖိနှိပ်ရာတွင် တရုတ်၏ အကူအညီများကို လက်နက်အဖြစ် အသုံးပြုနေသ ဖြင့် စစ်တပ်၏ စစ်ရာဇဝတ် ကျူးလွန်မှုများတွင် တရုတ်နိုင်ငံသည် ကြံရာပါ ဖြစ်နိုင်ကြောင်း မြန်မာအဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာထဲတွင် သတိပေးထားသည်။

အဆိုပါ အိတ်ဖွင့်ပေးစာကို ရန်ကုန်မြို့ရှိ တရုတ်သံရုံးအပါအဝင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ရုံး ဌာနဆိုင်ရာ အဖွဲ့အစည်းများမှတဆင့် တရုတ်သမ္မတထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ယခုထပ်တိုးအဖွဲ့များ စာရင်းကိုလည်း အထက်ပါအဖွဲ့အစည်းများထံသို့ ထပ်မံပေးပို့သွားမည် ဖြစ်ကြောင်း စာပေးပို့သည့် အဖွဲ့အစည်းများထံမှ သိရသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာ ထုတ်ပြန်ပြီး မရှေးမနှောင်းပင် မြန်မာနိုင်ငံ မြို့ကြီးများအပါအဝင် နေရာတော်တော်များများတွင် တရုတ်၏ ရင်းနှီးမြှပ်နှံမှုများအပေါ် ဆန့်ကျင်သည့် မြေပြင်ဆန္ဒပြမှုများ ပေါ်ပေါ်က်လာသည်။

အလားတူ စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင် ဆားလင်းကြီးဒေသရှိ တရုတ် ကြေးနီးစီမံကိန်းများ ပြန်လည် လည်ပတ်ပါက နည်းမျိုးစုံဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ထုတ်ပြန်သတိပေးခဲ့သည်။

လက်ရှိတွင်လည်း စစ်ကိုင်းတိုင်းအတွင်းရှိ တရုတ် ကြေးနီစီမံကိန်း တည်ရှိရာ နေရာများတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မြန် မာစစ်တပ်အကြား ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပေါ်နေပြီး အကြမ်းဖက်စစ်တပ်က ဒေသခံ ပြည်သူများ၏ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပစ္စည်းဥစ္စာများကို အင်အားသုံး လုယက်ဖျက်ဆီးမှုများ လုပ်ဆောင်နေပြီး တရုတ်အကျိုးစီးပွားကို စွမ်းစွမ်းတမံ ကာကွယ်လျက် ရှိနေ သည် khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s