ကရင်နီပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် ၅ ဦးအရှင်ဖမ်းမိ

ရှမ်းကယားနယ်စပ်၊ မိုးဗြဲအင်း အနောက်ဘက် ထီရိကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ဂိတ်စခန်းကို KNDF BO-3 နှင့်ပူးပေါင်းတပ် ဖွဲ့တို့က ယနေ့ မေလ ၁၂ ရက်နေ့ နံနက်အစောပိုင်း အချိန်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် ငါး ဦးကို အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း တစ်ချို့ကိုလည်း သိမ်း ဆည်းရမိသည်ဟု ကနဦး သိရသည်။

စစ်ကောင်စီတပ် ဂိတ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်က နံနက် ၇ နာရီနှင့် ၈ နာရီဝန်းကျင်အချိန် လေယာဉ်ပစ်ကူဖြင့်လာရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထီရိကျေးရွာ မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ နမ့်ပွန်ကျေးရွာဂိတ်စခန်းတစ်ခုတွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့ အင်အားဖြည့်တင်းနေသည်ဟု လည်းသိရသည်။

ထီရိကျေးရွာတွင် စခန်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့၏ ဂိတ်စခန်းကို ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ကုန်ကားများကို ငွေတောင်းခံခြင်းနှင့် စစ်ဆေးမှုများ အများဆုံးပြုလုပ်သည့် ဂိတ်စခန်းတစ်ခုဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s