ပုဇွန်တောင်မြို့နယ် ကြံ့ခိုင်ရေးပါတီရုံးတွင် ပေါက်ကွဲမှုဖြစ်ပွါး

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ အောက်ပုဇွန်တောင်လမ်းမရှိ ကြံ့ခိုင်ရေးပါတီရုံးတွင် မေလ ၁၂ ရက်နေ့ ညနေ ၄နာရီ အချိန်ခန့်တွင် ပေါက် ကွဲမှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ၏ အပြောအရ သိရသည်။
“ကြံ့ခိုင်ရေးရုံးမှာ ပေါက်တာ၊အဲ့နားမှာNLD ရုံးဟောင်းလည်း ရှိတယ်၊ လူထိခိုက်မှုတော့ မကြားဘူး၊ဗုံးပစ်သွားတဲ့ လူတွေလည်း လွတ်သွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။
ပေါက်ကွဲမှု အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့က အနီးအနားတွင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီးနောက် လမ်းပြန်လည်ဖွင့်ပေးလိုက်ပြီဟုသိရသည်။ mizzima