ပုလဲမြို့နယ်၊ ဇီဖြူကုန်းကျေးရွာရှိ အကြမ်း ဖက်စစ်တပ်နှင့် ပျူစောထီးများ အခြေချသည့် စခန်းကို MRDA နှင့် ပူးပေါင်းတပ်ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၂၀ ခန့်သေဆုံး၊ စစ်ကူလာသော ယာဉ်တန်းများ မိုင်းခွဲခံရပြီး စစ်ကား ၂ စီး လုံးဝပျက်စီး

စစ်ကိုင်းတိုင်းတောင်ပိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီစစ်သားများနှင့် ပျူစောထီးများ ပူးပေါင်းတပ်စွဲထားသော စခန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA နှင့် KUG ကိုယ်စားပြု GYZ အဖွဲ့တို့ မေလ ၁၀ ရက် နံနက် ၁၁ နာရီခန့်တွင် စတင်တိုက် ခိုက်ရာ တိုက်ပွဲသည် ည ၇ နာရီခွဲခန့်အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၂၀ ဦးခန့် သေဆုံးကြောင်း MRDA က သတင်းထုတ် ပြန်သည်။

အဆိုပါ စစ်ကောင်စီနှင့် ပျူစောထီးစခန်းကို MRDA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးဖြင့် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ၄၅ မိနစ်ခန့် ပစ်ကူပေးခဲ့ကြောင်းနှင့် မြေပြင်မှ လာသော စစ်ကူယာဉ်တန်းကို ဆားလင်းကြီးအခြေစိုက် MRDA တပ်ဖွဲ့နှင့် တဇောက်ကန်းဘဂျမ်းတို့အဖွဲ့က မိုင်းခွဲရာ စစ်ကား ၁ စီး လုံးဝ ပျက်စီးပြီး ၃ စီး ထိခိုက်မှုရှိခဲ့သည်ဟု MRDA က ဆိုသည်။

အဆိုပါ စခန်းကို MRDA ပူးပေါင်းအဖွဲ့က ဆက်လက်တိုက်ခိုက်နေခဲ့ပြီး စစ်ကောင်စီ၏ နမခ မှ ညနေ ၆ နာရီ ၅၀ ခန့်တွင် တိုက်ခိုက်ရေး ရ ဟတ်ယာဉ်ဖြင့် နောက်တကြိမ်လာရောက် ပစ်ခတ်ခဲ့ကြောင်း ညပိုင်းတွင် မိုးရွာသွန်းမှုများကြောင့် မြင်ကွင်းမရှင်းလင်း၍ MRDA ပူးပေါင်းအဖွဲ့က ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ KUG ကိုယ်စားပြု GYZ အဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

မေလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင်လည်း မုံရွာ နမခမှ ထွက်ခွာလာသော စစ်ယာဉ်တန်းကို ယင်းမာပင်၊ လည်ငေါက်တောင်ကျေးရွာတွင် MRDA က မိုင်းခွဲရာ စစ်ကား ၁ စီး လုံးဝ ပျက်စီးသွားကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်က သတင်းထုတ်ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s