ပြင်ဦးလွင်-လားရှိုးလမ်းအတိုင်း စစ်ကားကြီး ၁၀ စီးထက်မနည်း အလုံပိတ်၍ ပြင်ဦးလွင်မှ ထွက်ခွာလာ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှ ပြင်ဦးလွင်-လားရှိုးလမ်းအတိုင်း စစ်ကားကြီး ၁၀ စီးထက်မနည်း အလုံပိတ်၍ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ထွက်ခွာသွားသည်ကို မြင်တွေ့ရကြောင်း မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

“ပြင်ဦးလွင်ကနေ ထွက်လာတာ။ ပြင်ဦးလွင်-လားရှိုးလမ်းအတိုင်းပဲ ထွက်လာတာ။ အချိန်က အခု မနက် ၈ နာရီ ၁၅ မိနစ် အချိန်ပါ။ လားရှိုးဘက်ကို ဦးတည်တည်လို့ ခန့်မှန်းရတယ်။ စစ်ကားတွေက အလုံပိတ်ထားတော့ စစ်သား ပါလား မပါလားသေချာမသိဘူး။ ပါဖို့များတယ်။ အဲဒါလေး သက်ဆိုင်တဲ့ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ သိအောင်ပါ” ဟု ပြင်ဦးလွင် ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s