မိုးဗြဲအင်းအနောက်ဖက်ကမ်းရှိ ထီရိကျေးရွာ စစ်ကောင်စီဂိတ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တိုက်၊ ဗိုလ်မှူးအပါအဝင် ၅ ဦး အရှင်ဖမ်းမိဟုဆို

ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲအင်း အနောက်ဘက်ကမ်းရှိ ထီရိကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းကို ယနေ့ မေလ ၁၂ ရက် နံနက် အစောပိုင်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီ၏ ဗိုလ်မှူးအဆင့် ၁ ဦးအပါအဝင် ၅ ဦး ကို အ ရှင်ဖမ်းမိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနက် ၄ နာရီလောက်ကနေ သေနတ်သံ စကြားရတယ်၊ မနက် ၆ နာရီဝန်းကျင်ကျတော့ ဖယ်ခုံကနေ လက်နက်ကြီးနဲ့ စပစ်တယ်။ ၇ နာရီခွဲ ၈ နာရီလောက်မှာ လေယာဉ်ပစ်ကူလာတယ်။ တိုက်ပွဲအသေးစိတ်တော့ မသိဘူး၊ ၅ ယောက်ကို အရှင်ဖမ်းမိတယ်လို့ကြားတယ်။ စခန်းမှာ ဘယ် နှစ်ယောက်ရှိလဲတော့ အတိအကျမသိဘူး၊ ဗိုလ်မှူးအဆင့်ထိုင်တယ်လို့ ကြားတယ်။ ညောင်ရွှေဘက်ကလည်း စစ်ကား ၅ စီး ဆင်းလာပြီလို့ သိရတယ်။ ရွာသားတွေက မြောက်ဘက် နမ့်ပွန်ဘက်လည်းပြေးတယ်၊ တောင်ဘက် လွယ်ပေါဘက်လည်း ပြေးကြတယ်။ ရွာသားတွေ ထိခိုက်မှု ရှိ၊ မရှိတော့ မသိရသေးဘူး” ဟု ဒေသခံ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီဂိတ်စခန်းကို KNDF တပ်ရင်း ၃ (ဖယ်ခုံ) နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရပြီး တိုက်ပွဲဖြစ်စဉ်အ သေးစိတ်ကို ကနဦး မသိရှိရသေးပေ။

ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာသည် ရှမ်း-ကရင်နီအစပ် မိုးဗြဲအင်း အနောက်ဘက်ကမ်းတွင်တည်ရှိပြီး ညောင်ရွှေ-နမ့်ပွန်-ထီရိ-လွယ်ပေါ လမ်းကြောင်းတွင်ရှိပြီး လင်ဖုံလေးလမ်းခွဲမှတဆင့် မိုးဗြဲသို့လည်းကောင်း လွိုင်ကော်သို့လည်းကောင်း ဆက်သွယ်ထားသည်။

အဆိုပါ ထီရိကျေးရွာ ရှိ စစ်ကောင်စီဂိတ်စခန်းကို ကရင်နီပူပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ထီရိကျေးရွာမြောက်ဘက် ၂ မိုင်ခန့်အကွာရှိ နမ့်ပွန်ကျေးရွာဂိတ်စခန်းတွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့များ အင်အားဖြည့်တင်းလိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ ထီရိကျေးရွာရှိ စစ်ကောင်စီဂိတ်သည် ဖြတ်သန်းသွားလာသော ခရီးသွားကားများ၊ ကုန်တင်ကားများထံမှ ပိုက်ဆံတောင်းခံမှုနှင့် အစစ် အဆေး ကြမ်းသော ဂိတ် ၁ ခုဖြစ်ကြောင်းနှင့် ကားအများစုမှာ ရှောင်ကွင်းသွားလေ့ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

တိုက်ပွဲဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း ၃ ဖယ်ခုံဇုံက မကြာမီ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s