မုံရွာမြို့နယ်အတွင်း လမ်းပိုင်းအချို့ ယာယီပိတ်ပင်ဟု ကာကွယ်ရေးတပ် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အတွင်းရှိ လမ်းပိုင်း အချို့တွင် စစ်ကောင်စီတပ်က အိမ်စီးကားများ အသုံးပြုနေ သဖြင့် ယာယီ ပိတ်ပင်လိုက်ကြောင်း ဒေသကာကွယ်ရေး Black Dragon Special Task Force က မေလ ၁၁ ရက်နေ့တွင် ထုတ်ပြန် သည်။
မုံရွာ – ဗောဓိတစ်ထောင်လမ်း ၊ ကျောက္ကာ – ဗောဓိ ဖြတ်လမ်း ၊ မုံရွာ – အရာတော် လမ်းပိုင်းတို့တွင် အရေးကြီး ကိစ္စမရှိဘဲ သွားလာခြင်း မပြုရန် မဟာမိတ်များ ကိုယ်စား မေတ္တာရပ်ခံကြောင်း ဆိုသည်။
မဖြစ်မနေ အသုံးပြုမည်ဆိုပါ ပတ်ဝန်းကျင် အခြေအနေများ လေ့လာရန်နှင့် အိမ်စီးကားများ မှန်ချမောင်းနှင်ရန် သတိပေးထားသည်။
၎င်းအပြင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေး တင်းမာနေသည့် ဆားလင်းကြီး -ညောင်ပင်ကြီးလမ်းနှင့် ပုသိမ် – မုံရွာ လမ်းပိုင်းအား ဒေသ ကာကွယ်ရေးတပ်ဖွဲ့များက ယာယီ ပိတ်ပင်ထားသည်။
ယမန်နေ့ ကလည်း ပခုက္ကူ – ချောင်းဉီး လမ်းပိုင်းအတွင်း သွားလာနေသည့် မော်တော်ယာဉ်များ မှန်ချ မောင်း နှင်ရန်နှင့် မိုးကာအုပ်၍ မောင်းနှင်ခြင်း များ မပြုလုပ်ရန် Northern – Yesagyo ပြောက်ကျားတပ်ဖွဲ့မှ သတိပေးထားသည်။ mizzima