ရွှေဘိုခရိုင် ကျောင်မြောင်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေးကို နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ် ရှင်းလင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်တွင် စစ်ကောင်စီသတင်းပေးအမျိုးသားကို နေအိမ် အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Black Wolf PDF က သတင်းထုတ်ပြန်သည်။
ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းခံရသူမှာ ကျောက်မြောင်းမြို့တွင်နေထိုင်သည့် ချိုဦးဆိုသူ ဖြစ်ပြီး ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ၎င်းနေထိုင်သည့် နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သူ့ကို စောင့်ကြည့်နေတာ သုံးလလောက်ရှိနေပြီ။ ဆန္ဒပြတဲ့အချိန်ကတည်းက သတင်းပေး ဒလန်လုပ် နေတဲ့သူပါ။ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်မှာ သူ့ရဲ့ နေအိမ်ထဲအထိ ဝင်ရောက် ပစ်ခတ်ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။ နေရာမှာပဲ သေဆုံးသွားပါတယ်” ဟု Black Wolf PDF တာဝန်ရှိ သူက ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းခံခဲ့ရသည့် ချိုဦးဆိုသူသည် အသက် ၄၀ ဝန်းကျင်အရွယ်ရှိပြီး ဆန္ဒထုတ်ဖော်စဉ်က ပြည်သူများဖမ်းဆီးခံရအောင် သတင်းပေးလုပ်ဆောင်မှုများရှိခဲ့သလို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာသည့် အချိန်တွင်လည်း မဟာမိတ်တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခံရစေရန် စစ်ကောင်စီထံတိုင်ကြားခြင်းများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ကူညီထောက်ပံ့လျက်ရှိသည့် ထောက်ပို့အလှူရှင်များ အားဖမ်းဆီးခိုင်းခြင်းနှင့် ကျေးရွာများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များခေါ်ဆောင်လမ်းပြကာ အနိုင် ကျင့် နှိပ်စက်နေကြောင်း ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုကြောင့် ယ ခုကဲ့သို့ ပစ်ခတ်ရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
“နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်းတဲ့အချိန်မှာ ချိုဦးရဲ့မိသားစုဝင်တွေရှိနေပေမယ့် အပြစ်မဲ့မိသားစု တွေ မထိခိုက်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ကျန်တဲ့ ဒလန်တွေရဲ့အချက်အလက်တွေလည်း ရထားပြီး ပါပြီ။ စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့သူတွေကို ဆက်လက်ရှင်းလင်းသွားမှာပါ” ဟု ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
Black Wolf PDF အနေဖြင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ စစ်ကောင်စီဒေါက်တိုင်အဖြစ် လုပ်ဆောင် နေသည့် သတင်းပေးဒလန် စုစု ပေါင်း ၁၃ ဦးကို ရှင်းလင်းထားခဲ့ပြီးဖြစ်ကြောင်းလည်း သတင်းထုတ်ပြန် ထားသည်။ mizzima