လားရှိုး-မူဆယ်ကားလမ်းတွင် အရပ်သားအိမ်စီးကားများဖြင့် ခိုးကြောင်ခိုးဝှက်သွားလာနေသော စစ်တပ်ကို PDF ပူးပေါင်းတပ်က တိုက် ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံး၊ PDF ၂ ဦးကျဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ လားရှိုး-မူဆယ်ကားလမ်းတွင် အရပ်သားအိမ်စီးကားများဖြင့် ခိုးကြောင်ခိုးဝှက်သွားလာနေသော စစ်တပ်ကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးပြီး PDF တပ်ဘက်မှ ၂ ဦး ကျဆုံးကြောင်း People Security And defense Army – Muse က သတင်းထုတ်ပြန်သည်။

မေလ ၄ ရက်နေ့ ၊ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် လားရှိုး-မူဆယ် ပြည်ထောင်စုကား လမ်းမကြီးပေါ်တွင် ခမရ ၂၄၁ နှင့် ခမရ ၄၂၀ တပ်ဖွဲ့က အရပ်သားကား ၅ စီးဖြင့် မူဆယ်သို့ ပြန်လာစဉ် မော်တောင်းရွာနှင့် တာလုံရွာကြား နမ့်ဖာတန်းလမ်း ခွဲအနီးအရောက် မူဆယ် PSDA ပြည်သူ့လုံခြုံရေးနှင့် ကာကွယ် ရေးတပ် ဖွဲ့ ၁၁၁ တပ်ရင်းနှင့် ၂၂၂ တပ်ရင်းပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ရာ စစ် သား ၂၀ ဦးသေဆုံးသွားခြင်းဖြစ် ကြောင်း သိရှိရသည်။

“စစ်တပ်ဘက်က သေဆုံးသူ ၂၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးရှိပါတယ်။ တပ်က ခမရ ၂၄၁ နဲ့ ခမရ ၂၄၀ ပါ။ ကျနော်တို့ဘက်က ရဲဘော် ၂ ဦး ကျပါတယ်။ ဒဏ် ရာရရှိသူ ၃ ဦးရှိပါတယ်။ ” ဟု PSDA ရဲဘော်တစ်ဦးက အတည်ပြု ပြော ဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s