လွိုင်ကော်၊ ကယန်းသာယာလမ်းခွဲရှိ စစ်ကောင်စီတပ်ဖွဲ့ကို လွိုင်ကော် PDF က စနိုက်ပါဖြင့် ပစ်ခတ်၊ စစ်သား ၁ ဦး သေဆုံး

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာလမ်းခွဲတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မေလ ၁၂ ရက် နံနက်တွင် လွိုင်ကော် PDF က စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း လွိုင်ကော် PDF က သတင်းထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ပြောက်ကျားစနစ်ဖြင့် သွားရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း လွိုင်ကော် PDF များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် ပစ်ခတ်မှုဖြစ်ပွားရာ အဆိုပါ ကယန်းသာယာလမ်းခွဲတဝိုက်ကို အထူးသတိပြု ရှောင်ရှားသွားလာကြရန် လွိုင်ကော် PDF က အသိပေးထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s