စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူများ၏ မိဘဆွေမျိုးများကို စစ်တပ်က ဖမ်းဆီးသတ် ဖြတ်မှု ရပ်တန့်ရန် နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လိပ်စာနှင့် မိဘဆွေမျိုးစာရင်းရရှိထားဟု Operation Hellbound သတိပေး

စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူများ၏ မိဘဆွေမျိုးများကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှု ရပ်တန့်ရန် Operation Hellbound က သတိပေးလိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လိပ်စာနှင့် ဆွေမျိုးစာရင်းရရှိထားကြောင်း သတိပေးချက်ထုတ်ပြန်သည်။
“ကျုပ်တို့ Operation Hellbound ကနေ ပြည်သူတွေကို မတရားအကြမ်းဖက် ဖမ်းဆီးနှိပ်စက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကိုကြေ ညာစရာတစ်ခုရှိတယ်။ ခင်ဗျားတို့စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်ခံသူတွေ ကျုပ်တို့ရဲ့ပြည်သူတွေကို သား၊သမီးကိုမတွေ့ရင် မိဘကိုဖမ်း ဆီးသတ်ဖြတ်၊ ယောက်ကျားမရှိရင်မိန်းမကိုဖမ်း၊ကလေးကိုဖမ်း လုပ်နေတဲ့ ပုံစံလို ကျုပ်တို့ကလည်း ခင်ဗျားတို့ကို ပြန်လုပ်ရလိမ့်မယ်။ကျုပ်တို့ Operation Hellbound ရဲ့ လက်ထဲမှာ ခင် ဗျားတို့ မိသားစု သားသမီးဆွေမျိုးတွေရဲ့ လိပ်စာတွေအကုန်ရထားတယ်။ ခင်ဗျားတို့ရဲ့လုပ် ရပ်တွေ ရပ်တန်းကမရပ်ရင် ကျုပ်တို့ နမူနာ အရင်လုပ်ပြရလိမ့်မယ်။ အဲဒီတော့ ကိုယ့်ဘဝကို ကိုယ်ရွေးချယ်ပါ။ရွေးချယ်တဲ့ဘက်မှားရင်တော့ ဒီတစ်ခါ ဒုက္ခရောက်မှာ ခင်ဗျားတို့ပဲ မဟုတ်တော့ဘူးဆိုတာ မြဲမြဲမှတ် ထားပါ” ဟု Operation Hellboundမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ khit thit