Monthly Archives: May 2022

မတူပီတွင် စစ်တပ် ယာဉ်တန်း မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်သား ၁ဝ ဦးသေဆုံး၊ နတ်တလင်း၊ သရက်နှင့် ယင်းမာပင်တို့တွင်လည်း စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ စစ်သား ၄ ဦးသေဆုံး

ချင်းပြည်နယ် မတူပီမှ ဆင်းလာသည့် စစ်တပ် ယာဉ်တန်းကို မေလ ၁၂ ရက်နေ့ ညနေပိုင်းတွင် CDF-Mindat က ၁၄ မိုင်အနီးတွင် ပဒေသာမိုင်းဖြင့် ၂ ကြိမ် မိုင်းဆွဲခဲ့ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားရာ စစ်သား ၁ဝ ဦးသေဆုံးခဲ့ကြောင်း CDF-Mindat က တရားဝင်သတင်းထုတ် ပြန်သည်။

အလားတူ ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တောင်ညိုမြို့ သစ် ဂွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ကျေးရွာကြားတွင် အင် အား ၃၀ ခန့်ပါဝင်သော စစ်ကြောင်းကို ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ် စစ်ကြောင်းကို ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သာယာဝတီခရိုင် PDF တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ တို့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင်စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျွန်းတောရွာနှင့် ကျောက်ပြုတ်ရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသကာ ကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကြား ယနေ့ မေလ ၁၃ ရက် နံနက် ၆ နာရီခွဲခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးကြောင်း၊ ဒဏ်ရာရသော စစ်သားများလည်း ရှိပြီး ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဘက်မှ ရဲဘော် ၆ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့ CGYDF က သတင်းထုတ်ပြန်သည်။

အင်အား ၈၀ ခန့်ပါသော စစ်တပ်စစ်ကြောင်းက ကျောက်ပြုတ်ရွာအနီးသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အလားတူ မကွေးတိုင်း သရက်မြို့နယ် ဂုမ္မဏီရွာ အနီးတွင် ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ khit thit

ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်သည့်အဖွဲ့များကို ပြည်ပနှင့်ဆက်နွှယ်နေဟု စစ်ခေါင်းဆောင် ဝေဖန်

ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်တဲ့အဖွဲ့တွေဟာ ပြည်ပနိုင်ငံနဲ့ ပတ်သက်ဆက်နွှယ်နေတယ်လို့ အာဏာသိမ်း စစ်ခါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၂ ရက် စစ်ကောင်စီအစည်းအဝေးမှာ ဝေဖန်ပြောကြားလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP) တို့ရဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲ မတက်ရောက်မှုမှာ  ပြည်ပနိုင်ငံတွေ ပါဝင်ပတ်သက်နေပြီး PDF ၊ CRPH တို့နဲ့ ဆက်နွှယ်နေကြောင်းလည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။

“မူလက တက်မယ်လို့ဆန္ဒရှိနေပြီးတော့မှ နောက်မတက်ဘူးဆိုတဲ့ဆုံးဖြတ်ချက်ချခဲ့တာကတော့ KNU ဖြစ်ပါတယ်။ အဲတော့ KNU ရယ်၊ KIA ရယ်၊ KNPP ကတော့ အဲဒီနယ်မြေတွေမှာ ရှိတဲ့ တချို့သော သူတို့ဆီက အဖွဲ့အစည်းတွေက ကျနော်တို့ဆီမှာ လက်ရှိ အကြမ်းဖက်လို့ သတ် မှတ်ထားတဲ့ PDF, CRPH သူတို့နဲ့ ဆက်နွှယ်နေတာတွေရှိတာကို ကျနော်တို့တွေ့ပါတယ်။ နောက်တခါ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံတွေရဲ့ ပတ် သက်သက်မှုနဲ့ ဆက်နွှယ်နေတယ်လို့လည်း ကျနော်တို့သိထားရပါတယ်။ ဒါကြောင့် သူတို့က ကျနော်တို့ရဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ မတက်ဘူးဆိုတဲ့အကြောင်းကို ထုတ်ပြန်ခဲ့တာတွေဖြစ်တယ်လို့ ကျနော်တို့ တွေ့ရှိရပါတယ်။ နိုင်ငံအရေးမှာ၊ ဒို့ပြည်တွင်းရေးမှာ ပြည်ပက ပါဝင်နေသမျှကာလပတ်လုံး တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ဆိုတာ တော်တော်ခက်ပါတယ်။ မြန်မာနိုင်ငံရဲ့အရေးကို မြန်မာနိုင်ငံသားတွေပဲ ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။”

ဒီလိုပြောဆိုချက်နဲ့ပတ်သက်ပြီး ကေအန်ယူ ပြောခွင့်ရသူ ပဒိုစောတောနီးက အာဏာသိမ်းခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ပြီး နာရီပိုင်းကတည်းက  ကေအန်ယူအနေနဲ့ တုံ့ပြန်ပြောဆိုထားပြီးဖြစ်သလို လက်ရှိ အာဏသိမ်းခေါင်းဆောင် ပြောဆိုချက်တွေဟာ ပကတိအခြေအနေနဲ့ ကင်းကွာနေတယ်လို့လည်းပါတယ်။ 

ကေအန်ယူ ပြောခွင့်ရသူ ပဒိုစောတောနီးက “ကျနော်ပြောချင်တာက သူဖိတ်ခေါ်တဲ့ဟာကို ဧပြီ ၂၂ ရက်နေ့ကတည်းက ၂ နာရီအချိန်မှာနဲ့တူတယ်။ ပြီးရင်နာရီပိုင်းပဲ ကျနော်ချက်ချင်းတုံ့ပြန်တယ်။ လုံးဝ လက်မခံနိုင်ဘူးဆိုတာ။ ဒါ ကျနော်တို့ အဖွဲ့အစည်းရဲ့ သဘောထား ရပ်တည်ချက်ပဲ။ ကျနော်တို့အဖွဲ့အတွင်းမှာ ပြန်ထိုင်တယ်ဆိုပေမယ့်လည်းသဘောထားတခုတည်းပဲ။ ဘာမှကွဲပြားတာ မရှိဘူး။ တခုပဲပြောစရာရှိတာက ကျနော်တို့အဖွဲ့အစည်းက အပေါ်ဆုံးကနေ အောက်ဆုံးအထိ ခေါင်းဆောင်တယောက်ပြောရင် ပြီးတဲ့အဖွဲ့အစည်းမဟုတ်ဘူး။ စုပေါင်းခေါင်းဆောင်မှုနဲ့ ဒီမိုကရေစီနည်းကျကျ လူတိုင်းက ပြောပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့  အဲဒီပြောပိုင်ခွင့်က ကိုယ့်ထင်ရာလျှောက်လုပ်လို့မရဘူး။ အများက ဆုံးဖြတ်ပြီဆိုရင် အများက ဆုံးဖြတ်တဲ့အတိုင်း ကျနော်တို့က လိုက်လုပ်ရတယ်။ ကျနော်တို့က ဒီမိုကရေစီကို ပါးစပ်နဲ့မပြောဘူး လက်တွေ့လုပ်နေတဲ့အဖွဲ့အစည်းဖြစ်တယ်။ ဒါကို သူနားလည်ပုံလည်း မပေါက်ဘူး။ နောက်တခုက ဘာလဲဆိုတော့ သူကလျှောက်လုပ်လျှောက်ပြောနေတဲ့ဟာ ရူးကကြောင် မူးကကြောင်နဲ့ အဲဒါတွေက ပိုပြီးတော့ ဆိုးဆိုးလာတယ်ဆိုတာ သတိထားမိတယ်။ နောက်ချက်က သူအာဏာသိမ်း လိုက်လို့ နောက်ထပ်ဖြစ်ပေါ်လာတဲ့ အခြေအနေအားလုံးက ထိန်းမနိုင်သိမ်းမရဖြစ်တယ်ဆိုတာ သူ့ကိုယ်သူကတော့ ဒီဟာတွေ ထိန်းနိုင်သိမ်းနိုင်တယ်ဆိုပြီးတော့ စဉ်းစား စိတ်ကူးယဉ်ပြီးတော့လုပ်နေတာလုံးဝမရတော့ဘူး။ အခု ပုံစံသစ်တခုနဲ့ ဘက်သီးသီးက ကြိုးစားနေတာ မရောက်သေးတာပဲဖြစ်တယ်။ ဒါပေမဲ့ သူက အဲဒါကို လုံးဝ လက်ခံနိုင်ပုံမပေါ်ဘူး။ သူကလက်ရှိ ပကတိအခြေအနေနဲ့ လုံးဝ ကင်းကွာသွားပြီ”လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့သစ်တွေကို လက်မခံလို့မရတော့တဲ့ အခြေအနေဖြစ်ကြောင်းနဲ့   စစ်တပ်ကသာလျှင် နိုင်ငံရေးက နေဆုတ်ခွာတာ အမှန်ကန်ဆုံး အဖြေဖြစ်လိမ့်မယ်လို့လည်း ကေအန်ယူ တာဝန်ရှိသူကပြောပါတယ်။

“ဒီနေ့ဒီအချိန်ကာလမှာ မအလဆိုတာ ယုံကြည်ကိုးစားစရာ အကြောင်းကို မရှိတော့တာ။  နောက်တချက်က ဘာလဲဆိုတော့ အထူးသဖြင့် သူအာဏာသိမ်းပြီးတဲ့နောက်ပိုင်း လက်နက်ကိုင်အဖွဲ့အသစ်တွေ ပေါ်လာတယ်။ ဆိုလိုတာက new stakeholders တွေ ပေါ်လာတယ်ဆိုတာ သူလုံးဝ လက်မခံဘူးဆိုတာ ဒါတော်တော်ဆိုးတဲ့အချက်ပဲ။ ဒါက ဗမာပြည်တပြည်လုံးမှာဖြစ်ပေါ်နေတဲ့ကိစ္စ အဲဒါကို သူလုံးဝ လက်မခံနိုင်ဘူး။ သူအမှန်တရားကို လက်မခံနိုင်ဘူးဆိုတော့ ဘာလုပ်လို့ရမလဲ။ နောက်ဆုံးအချက်က ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လုပ်တဲ့အခါမှာ အထူး သဖြင့် အရင်အစိုးရတွေက ၂၀၀၈ ကို ပြင်ဆင်မယ်ဆိုတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ တခါတည်း တွဲပေးလိုက်တယ်။ ဆိုလိုတာက ဘာပဲဖြစ်ဖြစ် ဒီငြိမ်းချမ်းရေးဖြစ်စဉ်သာလျှင် ၂၀၀၈ ကိုပြင်မယ်၊ ကျနော်တို့အားလုံးက အားခဲပြီးတော့ လွှတ်တော်အပြင်ရော၊ လွှတ်တော်အတွင်းရော လုပ်နေကြတဲ့အပိုင်းတွေ အများကြီးရှိတယ်။ သို့သော်လည်း ဒီနေ့ ဒီကာလမှာ ဖြစ်နေတဲ့ကိစ္စက ၂၀၀၈ ဆိုတာ ခေါင်းထဲမှာ စဉ်းစားစရာကို မလိုတော့ဘူး။ ဒါပေမဲ့ သူကတော့ အာဏာကို သိမ်းတယ်၊ မပြောရဲဘဲနဲ့ အာဏာကို သိမ်းသလိုလို၊ ထိန်းသလို၊ ရူးသလိုမူးသလိုလို ၂၀၀၈ က ရှိသလိုလို လိမ်ပြီးဟန်ဆောင်နေတဲ့ ပုံစံကြီးက လုံးဝ အလုပ်မဖြစ်တော့ဘူးဆိုတာ သူနားလည်ဖို့ကောင်းတယ်။ ကျနော်တို့ ပြောနေတာက ဘာလဲဆိုတော့ စစ်တပ်ကသာလျှင် နိုင်ငံရေးက ဆုတ်ခွာရမယ်ဆိုတဲ့ဟာက ဒါက အဖြေမှန်ပဲဆိုတာ ကျနော်တို့ယုံကြည်ချက်က ခိုင်သတဲ့ ခိုင်မာလာတယ်ဆိုတာ ကျနော်တို့ တော်လှန်ရေးအဖွဲ့က ဒီလိုခံယူတယ်ဗျာ။ ” ကေအန်ယူ ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပြောခွင့်ရသူ ဦးအောင်ဆန်းမြင်ကလည်း ကိုယ့်ပြည်နယ်အရေးကို ကိုယ်ပြည်နယ်သားတွေကသာ ဆုံးဖြတ်ပြီး ဘယ်ပြည်ပ ဩဇာကိုမှ မခံကြောင်း ပြောပါတယ်။ 

“ကျနော်တို့က ကျနော်တို့ ပြည်နယ်ရဲ့အရေးကို ကျနော်တို့ ကျနော်တို့ပြည်နယ်သူ ပြည်နယ်သားတွေကပဲ ဆုံးဖြတ်ရမယ်။ ကျနော်တို့ ပြည်ပက ဩဇာခံမဟုတ်ဘူး။ ကျနော်တို့ အဓိက ပြောချင်တာကတော့ ကျနော်တို့ရဲ့အရေးက ကျနော်တို့ဘာကျနော်တို့ ဆုံးဖြတ်ဖို့ပဲ လိုအပ်တယ်လို့ ကျနော်တို့ယုံကြည်တယ်။ ဒါကြောင့်မို့လည်း ဒီနေ့ သွားနေတဲ့ မြန်မာ့နိုင်ငံရေး အရေးအခင်း အကျပ်အတည်းကို ဖြေရှင်းတဲ့အခါမှာ ကျနော်တို့နိုင်ငံရေး ဦးတည်ချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို  အဓိကအလေးထားပြီးတော့ တောင်းဆိုနေတာဖြစ်တယ်။ အဲတော့ ဒီနေ့ သွားတဲ့ နိုင်ငံ ရေးအခင်းအကျဉ်းကလည်း အခုနကလို သူတို့ကတော့ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ ဘာကြောင့်ပေါင်းရလဲဆိုတော့ သူတို့က ကျနော်တို့ သွားချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေး ဦးတည် ချက်နဲ့ ဘုံသဘောထား တူညီချက်ရှိတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ကျနော်တို့က ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်။ ကျနော်တို့ နိုင်ငံမှာ ဗဟိုချုပ်ကိုင်မှု စနစ်နဲ့ စစ်အာဏာရှင်စနစ်ကို နှစ်ပေါင်း ၇၀ ကျော်အောက်ကနေ ပြီးတော့မှ ကျနော်တို့ အသက်ရှင်လာခဲ့ကြတယ်။ ဒီစနစ်ကြီးအောက်မှာတော့ ကျနော်တို့ ဆက်ပြီးတော့မှ မသွားနိုင်တော့ဘူး။ အဲတော့ ကျနော်တို့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို  တည် ဆောက်ပြီး ကျနော်တို့ ပြည်နယ်သူ၊ ပြည်နယ်သားတွေရဲ့ ဘဝလုံခြုံစိတ်ချရပြီးမှ အေးချမ်းသာယာတဲ့ လူဘောင်သစ်တရပ်ကို ဖန်တီးချင်တာ၊ ဒါ ကျနော်တို့ရဲ့ နိုင်ငံရေး ဦးတည်ချက်ပဲ”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာ မိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (MNSP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားတယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။

အဆိုပါအဖွဲ့တွေထဲက အများစုဟာ ၁၀ စုနှစ်တွေနဲ့ ချီပြီး  စစ်တပ်နဲ့ တိုက်ပွဲတွေ တကြိမ်တခါမှ ဖြစ်ပွားခဲ့တာ မရှိတဲ့ အဖွဲ့တွေဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIO၊ KNPP၊ CNF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲ မတက်ဘူးလို့ အသီးသီးကြေညာထားကြပါတယ်။ DVB

ပုလောတွင် စစ်ကောင်စီယာဉ်တန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ ၄၀ ဦးထက်မနည်း ထိ ခိုက်ဒဏ်ရာရ

မြိတ်ခရိုင် ပုလောမြို့နယ် ကဒဲကျေးရွာအုပ်စုရှိ ပဝတ်ကုန်းကျေးရွာအနီး မြိတ်-ပုလော ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄၀ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) Palaw People’s Defence Force အဖွဲ့ ၏ ထုတ်ပြန်ချက် အရ သိရသည်။

မေလ ၁၂ ရက်နေ့ ညသန်းခေါင်ကျော် ၁၂ နာရီခွဲအချိန်တွင် မြိတ်ဘက်မှဆင်းလာသည့် စစ်ကား ၁၁ စီးပါ ယာဉ်တန်းနှင့် ထားဝယ်မှပုလော ဘက်သို့ မေလ ၁၃ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် ဆင်းလာသော စစ်ကား ၁၆ စီးပါယာဉ်တန်းတို့ကို ပုလောမဟာမိတ်တပ်ပေါင်းစုမှ မိုင်းခုနစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက် ခဲ့ သည်ဟု PPDF က ထုတ်ပြန်ထားသည်။‌

ကဒဲကျေးရွာ ဒေသခံတစ်ဦးက “ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ပါတယ်။ ညက ကားတွေပေါ်မှာ သွေးတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို တင်သွားတာတွေ့ရတယ်။ ထားဝယ်စစ်ဆေးရုံကို ပို့တယ်” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည့်အပြင် သေ ဆုံးသူများလည်းရှိနိုင်ကြောင်း PP DF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှလည်း ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့အားလုံးပူးပေါင်းပြီး တိုက်ခိုက်နေသလို ပြည်သူတွေကလည်း ညီညွတ်ပေးကြလို့ ကျေးဇူး တင်ပါတယ်။ နောင်လည်း စစ်ကောင်စီကားတွေကို အခုလိုမျိုးဆက်ပြီးမိုင်းဆွဲဖို့ရှိပါတယ်။ စနစ်တစ်ခု မရွေ့မချင်း တိုက်ခိုက်သွားဖို့ ကတိပြုပါတယ်” ဟု PPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုလောမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရကြောင်းလည်း သိရ သည်။ mizzima

ထီရိကျေးရွာရှိ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်နှင့် PNO တပ် ဖွဲ့များ အနီးဝန်းကျင် ကျေးရွာများသို့ ဝင်ရောက်စစ်ဆေး၊ တန်ဖိုးရှိ ပစ္စည်းများလုယူ၊ ဖယ်ခုံ စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီးများ ပစ်ခတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် လက်ပါးစေ PNO ပြည်သူ့စစ်များ တပ်စွဲထားသော ဂိတ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ နံနက်တွင် တိုက်ခိုက်ရှင်းလင်းပြီးနောက် ယနေ့ မေလ ၁၃ ရက် နံနက်တွင် အကြမ်း ဖက်စစ်သားများနှင့် PNO တပ်ဖွဲ့ဝင်များသည် တောင်ပို့ကွဲကျေးရွာနှင့် ဟိုပန်ကျေးရွာများသို့ ဝင်ရောက်ကာ ပိုက်ဆံများနှင့် ဖုန်းအပါအဝင် တန်ဖိုးရှိ ပစ္စည်းများကို လုယူသွားကြောင်း သတင်းရရှိသည်။

“စစ်တပ်လည်း ပါတယ်၊ PNO အဖွဲ့လည်း ပါတယ်။ တောင်ပို့ကွဲ ဘုန်းကြီး ကျောင်းမှာ လူစုခိုင်းတယ်၊ ရွာသား တဦးဆီကနေ ဖုန်းနံ ပိုက်ဆံတွေ သိမ်းတယ်။စစ်သားတွေက အိမ်တွေကို တက်စစ်ဆေးမယ် ပြောတာပေါ့၊ တကယ်က ပစ္စည်းတွေကို ယူတာပါ” တောင်ပို့ကွဲဒေသခံ ၁ ဦးက ပြောဆိုသည်။

အလားတူ အိမ်ခြေ ၃၀ ခန့်သာ ရှိသည့် ဟိုပန်ကျေးရွာတွင်လည်း ရွာလယ်ခေါင်တွင် လူစုခိုင်းပြီး ရွာသားများ၏ နေအိမ်ပေါ်များတက်ရောက်ကာ ငွေနှင့် ပစ္စည်းများကို လုယူကြောင်းလည်း သိရှိရသည်။

“မနေ့က တိုက်ပွဲဖြစ်ပြီး ညနေပိုင်းလောက်မှာ စစ်သားတွေ ဖယ်ခုံဘက် (နမ်းတောင်း) ကနေ နမ့်တုပ်(တောင်ပို့ကွဲရွာအနီး) ကို စက်လှေနဲ့ ကူးလာတယ်။ အယောက် ၄၀ လောက် ရှိတယ်လို့ သိရတယ်။ ဒီ အရှေ့ဘက်ကမ်းမှာက PNO တွေရှိပြီးသား။ ဒီမနက် ဟိုပန်ရွာလေးကို စကစတွေ ဝင်တယ်။ ရွာသားတွေကို ရွာလယ်မှာ စုခိုင်းပြီး စကစက တချို့အိမ်တွေ တက်မွှေတယ်။ ပစ္စည်းတချို့ယူတယ်။ အဓိကက ဖုန်းနဲ့ ပိုက်ဆံ။ တောင်ပို့ကွဲကိုကျတော့ PNO က ဝင်တယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ လင်လန်တောင် ကျေးရွာအုပ်စုရှိ ထီရိကျေးရွာ၊ တောင်ပို့ကွဲကျေးရွာနှင့် ဟိုပန်ကျေးရွာများသည် PNO တပ်ဖွဲ့များက လွှမ်းမိုးထားပြီး ဒေသခံများမှာ ကြောက်လန့်သဖြင့် ဘာမှ ပြန်ပြောလေ့မရှိကြောင်း ဒေသသတင်းရင်းမြစ်တဦးက ပြောဆိုသည်။

ယမန်နေ့တွင် ထီရိကျေးရွာရှိ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးနောက် ယနေ့နံနက်မှာစတင်ကာ ညောင်ရွှေဘက်မှ စစ်ကား ၅ စီးဖြင့်လည်း ကောင်း၊ မိုးဗြဲအင်း အနောက်ဘက်ကမ်းမှ PNO ပြည်သူ့စစ်တပ်ဖွဲ့များကလည်းကောင်း စစ်ကောင်စီဘက်မှ အင်အားများဖြည့်တင်းနေကြောင်း သတင်းရရှိပြီး မိုးဗြဲအင်း အရှေ့ဘက်ခြမ်း ဒေသများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရှိရသည်။

“ဒီနေ့ ဖယ်ခုံကနေ လက်နက်ကြီး ၅ လုံး၊ ၆ လုံးလောက် ထုတယ်၊ ၁၀၅ မမ လို့ ထင်တယ်။ နောက် PNO က လည်း ၆ လုံး လောက် ပစ်တယ်။ သူတို့က တဖက်သတ်ပစ်တာပါ၊ ကျနော်တို့ဘက်က ပြန်မပစ်သေးဘူး။ လက်နက်ကြီးကျည်တွေက ဆောင်နန်ခဲကျေးရွာနားမှာ ကျတယ်လို့ ပြောတယ်၊ လူထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘူး” ဟု ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ khit thit

မင်းတပ်တိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ဦး ထက်မနည်း သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မေ ၁၂ ရက် ညနေပိုင်းက စစ်ကောင်စီတပ်တွေနဲ့ CDF-မင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ယောက်ထက် မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မင်းတပ်ကနေ သိရပါတယ်။

မနေ့ညနေပိုင်းမှာ မတူပီမြို့ကနေ ဆင်းလာတဲ့ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းတွေကို ၁၄ မိုင်ဝန်းကျင်မှာ CDF-Mindat က ပဒေသာမိုင်း ၂ ကြိမ်၊ တူမီး မောင်းပြန်တွေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီဘက်က အများအပြား ဒဏ်ရာရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော် ပြပါတယ်။

CDF-မင်းတပ်ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က “မတူပီဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို CDF-မင်းတပ်က ရဲဘော်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ လို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့တာ။ ကျနော်တို့ဘက်က ပဒေသာမိုင်း ၂ လုံး၊ တူမီး သေ နတ်တွေ၊ မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက် မနည်းသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိသွားကြတာ”လို့ပြောပါတယ်။

ချင်းပြည်နယ်မှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေ နှစ်ချီပြင်းထန်နေတာဖြစ်ပြီး ဒီပဋိပက္ခ ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း မြင့်တက်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီယာဥ်တန်းကို အလွတ်မပေးဘဲ အပြင်းအထန်တိုက်ခိုက်နေတဲ့ ရှေ့တန်းရောက် CDF-မင်းတပ်က ရဲဘော်တွေကို မိဘပြည်သူတွေအနေနဲ့တတ်နိုင်တဲ့ဘက်ကပါဝင်ကူညီပြီး ဆုတောင်းပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

မင်းတပ်-မတူပီ ကားလမ်းဘေးမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ဘေးလွတ်ရာ တော တောင်တွေ၊ ဘာသာရေးအဆောက်အုံတွေနဲ့ စစ်ရှောင်စခန်းတွေကို ထွက်ပြေးနေကြရပြီး မိုးရာသီရောက်တော့မှာဖြစ်လို့ အမိုးအကာတွေ အရေးတကြီး လိုအပ်နေသလို စားနပ်ရိက္ခာနဲ့ ဆေး ဝါးအကူညီလိုအပ်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်၊မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းကို ထိန်းချုပ်ဖို့ ခက်ခဲလာတာ ကြောင့် စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေ ဆက်တိုက်ကျူး လွန်နေ တယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား  ဒဏ်ရာ ရခဲ့တယ်လို့ ပြန်ကြားရေးတာ ဝန်ခံက ပြောဆိုထားပေမဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။DVB

တောင်ကြီးမြို့ပေါ်ရှိလမ်းများအားလုံး SYFDA Rangers အဖွဲ့မှ စနေနေ့တွင် သွားလာခွင့်ပိတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိလမ်းများအားလုံးကို မိမိတို့ SYFDA Rangers အဖွဲ့မှ သွားလာခွင့်တစ်ရက်ပိတ်လိုက်ကြောင်း ယနေ့ မေလ ၁၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

တောင်ကြီးမြို့ပေါ်တွင်နေထိုင်သောပြည်သူများအနေဖြင့် မေလ ၁၄ ရက် ၊ စနေ နေ့တွင် မည်သူမျှအရေးကြီးကိစ္စမရှိဘဲ သွားလာခြင်းမပြုကြရန်၊ မြို့ပေါ်တွင် သေနတ်ပစ်ခတ်သံများဖောက်ခွဲသံများကြားပါက မစပ်စုဘဲ မိမိတို့၏နေအိမ်တွင်သာလုံလုံခြုံခြုံနေပေးရန်နှင့် အချိန်မရွေးပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနိုင်ကြောင်း SYFDA Rangers အဖွဲ့မှ အထူးအသိပေးတောင်းဆိုထားသည်။

”မနက်ဖြန် အရေးကြီး mission တစ်ခုလုပ်မှာမို့ ပြည်သူတွေ အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေပေးကြပါလို့တောင်းဆိုချင်ပါတယ်။ ပြည်သူတွေ အန္တရာယ်ကင်းရှင်းရေးကိုပထမဦးစားပေးလုပ်ဆောင်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အတတ်နိုင်ဆုံး အိမ်မှာပဲ နေထိုင်ပေးကြဖို့အသိပေးချင်ပါတယ်။ မနက်ဖြန် ၁၄ ရက်၊ စနေနေ့ကိုတော့ သွားလာတာတွေမလုပ်ကြဖို့ ပြောချင်ပါတယ်။” ဟု SYFDA – Rangers အဖွဲ့မှ ပြန်ကြား ရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ မေလ ၁၂ ရက်နေ့က တောင်ကြီးမြို့ရှိ ရွိုင်ရယ်ဟိုတယ်(Royal Taunggyi Hotel) တွင် ဖွင့်လှစ်ထားသော Play House ဘားနှင့် ကလပ်ကို ပစ်ခတ်ဖောက်ခွဲမှုပြုလုပ်မည်စိုး၍ လုံခြုံရေးအတွက် ကင်းလှည့်နေသော စစ်ကောင်စီတပ်သားအား ဖမ်းဆီးရမိခဲ့ပြီးနောက် ၎င်းစစ်ကောင်စီတပ်သားထံမှ တောင်ကြီးမြို့ကိုလက်နက်ကြီးများဖြင့်ချိန်ထားသော ပစ်မှတ်စာရင်းများ၊ လက်နက်နှင့်လူအင်အားစာရင်းများရရှိခဲ့၍ မိမိတို့အတွက်အထာက်အကူများစွာဖြစ်ရကြောင်း SYFDA – Rangers အဖွဲ့ထံက သိရသည်။

”မနေ့က ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားဆီကနေ သတင်းအချက်အလက် တော်တော်များများ ရထားပါတယ်။ မနေ့က ဖြစ်စဉ်ကြောင့် ကလပ်လည်း ပိတ်လိုက်ပြီလို့ သတင်းရပါတယ်။ ဒီအတွက်ကျနော်တို့missionအောင်မြင်ပြီလို့သတ်မှတ်လိုက်ပြီး နောက်ထပ် mission တွေအ တွက် လည်း ပြင်ဆင်နေပါပြီ။ ဒါကြောင့် မနက်ဖြန် တောင်ကြီးမြို့ပေါ်ကို အသွားအလာ တစ်ရက် ပိတ်လိုက်တာပါဗျ။ နောက်ထပ်လည်း ပြည်သူတွေသိသင့်တဲ့ mission တွေကိုလည်း ကျွန်တော်တို့ဘက်က ကြိုတင်အသိပေးတာတွေလုပ်ဆောင်ပြီးမှ တိုက်ခိုက်သွားမှာပဲဖြစ်ပါတယ်ဗျ” ဟု SYFDA – Rangers အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

Shan Youth’s Fedral Democratic Army (SYFDA-Rangers) အဖွဲ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ပေါ်တွင် နေထိုင်သောစစ်အာဏာရှင်ကို မလိုလားသည့် လူငယ်များစုပေါင်း၍ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ရန်၊ စစ်အစိုးရ၏ လည်ပတ်နေသော ယန္တရားများရပ်တန့်ရန်နည်းလမ်းမျိုးစုံဖြင့်တော်လှန်သွားရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၇ ရက်နေ့တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ mizzima

ကော့သောင်းမြို့တွင် အရပ်သား ဦးရေ၄၀ ထက်မနည်း စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ သုံးမိုင် သိရီမြိုင်ရပ်ကွက်တွင် စစ်ကောင်စီ တပ်ဖွဲ့က မေလ ၁၁ မှ ၁၂ ရက် အထိ နှစ်ရက် ဆက်တိုက် အရပ်သား ပြည်သူ ဦးရေ ၄၀ ထက်မနည်း ဖမ်းဆီးသွားကြောင်း မြို့ခံများထံက သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ မြို့ထဲရောက်ရှိနေသည်ဟူသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က မင်္သကာသူများကို ဖမ်းဆီးခြင်း ဖြစ်သည်ဟုလည်း ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ သတင်းကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် ကော့သောင်းမြို့ နေရာ အချို့တွင် မိုင်းများထောင်ထားခဲ့ပြီးနောက် ပြန်လည် ဖြုတ်သိမ်းခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ကော့သောင်းမြို့ခံတစ်ဦးက“PDF တွေ မြို့ထဲကို ရောက်နေတယ် ဆိုပြီး ဆိုက်ဝါး သတင်းတွေကြောင့် ကြောက်ပြီး စစ်တပ်က ကင်းပုန်းချပြီး မသင်္ကာတဲ့ အရပ်သားတွေကို ဖမ်းဆီးခံရတာ ဖြစ်တယ်”ဟု ဆိုသည်။

ဖမ်းဆီးခံရသူများအနက် အများစုမှာ လူငယ်များ ဖြစ်ပြီး အမျိုးသမီး တချို့လည်း ပါဝင်ကြောင်း ဒေသခံများထံက သိရသည်။

“အခု ဖမ်းဆီးခံရတဲ့ ပြည်သူတွေထဲမှာ ဆိုင်ကယ် ကယ်ရီ ဆွဲသမားတွေ အိမ်ထဲမှာ နေထိုင်သူတွေနဲ့ လမ်းသွား လမ်းလာ သူတွေကို အများဆုံး ရိုက်နှက် ဖမ်းခံထားရတယ်”ဟု သိရီမြိုင် ရပ်ကွက်နေ ပြည်သူ တစ်ဦးက ဆိုသည်။

ဖမ်းဆီးရာတွင် စစ်ကောင်စီတပ်နှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများထဲမှ တချို့ကို လူတစ်ယောက်လျှင် ကျပ် ၅၀၀,၀၀၀ နှုန်း၊ ဆိုင်ကယ် တစ်စီးလျှင် ကျပ် ၅၀၀,၀၀၀ နှုန်း တောင်းကာ ပြန်လွှတ်နေကြောင်း သိရသည်။

“ကော့သောင်းမှာ ယာဉ်ထိန်းရဲတွေကလည်းတော်တော် ဆိုးတယ်။ ဆိုင်ကယ်တွေကို အကြောင်းမဲ့ ဖမ်းဆီပြီး ပိုက်ဆံနဲ့ ပြန် ရွေးခိုင်း နေတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။ mizzima

မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၏သားအား စစ်ကောင်စီ ဖမ်းဆီး

မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိရဲ့ သားဖြစ်သူ ကိုသဲဟိန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက် ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုသဲဟိန်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက မေ ၁၁ ရက်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ရှေ့နေတဦးဖြစ်တဲ့ ကိုသဲဟိန်းကို စစ်ကောင်စီက သံဖြူဇရပ်မြို့နယ်ရှိ စစ်တပ်တခုရဲ့ စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းနေပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်သွားဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေ အဆိုအရ သိရပါတယ်။

မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ထိ မွန်ပြည်နယ်လွှတ်တော်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သံဖြူဇရပ်မြို့ နေအိမ်မှာ နေထိုင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်က မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေးမူနဲ့ သားဖြစ်သူ ကိုနေဖြိုးဇံတို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်ဇရပ်မြို့၊ သုံးခွကျေးရွာ နေအိမ်မှာ လာရောက် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၅ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ DVB

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးဟုဆို

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် မင်းတပ် – မတူပီလမ်းမှ ကျောက်ထုမြို့ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီ ယာဉ်တန်းကို ၁၄ မိုင်ဝန်းကျင်တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်သည်။

ယမန်နေ့ မေလ ၁၂ ရက်တွင် ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း နှစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး တူမီးနှင့် မောင်းပြန် သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

မင်းတပ်မြို့ရှိ ခလရ (၂၇၄) တပ်ရင်းမှ စစ်ကား နှစ်စီး စစ်သားအပြည့် တင်ဆောင်ကာ မေလ ၁၁ ရက် နံနက် ၅ နာရီတွင် အဆိုပါ စစ်ကောင်စီယာဉ်တန်းအား အင်အားဖြည့် သွားရောက် ကြိုဆိုခဲ့ သေးသည်။

ဧပြီလ ၂၇ ရက်နေ့က မတူပီမှ ကျောက်ထုမြို့သို့ ထွက်ခွာလာသည့် အင်အား ၃၀၀ ခန့်နှင့် ယာဉ်အစီး ၇၀ ပါ စစ်ကောင်စီ ယာဉ်တန်းအား မတူပီမြို့ နယ် အတွင်း CDF- Matupi က အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ယခု မင်းတပ်မြို့နယ် ထဲတွင် CDF-Mindat က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲများနှင့် ပတ်သက်၍ CDF -Mindat ၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည့် သတင်းသာ တရားဝင်ပြီး အခြားသော လူမှုကွန်ရက်များတွင် ရေးသားမှုများကို မီဒီယာများ အနေဖြင့် ဖော်ပြခြင်း မပြုကြရန်လည်း မေတ္တာရပ်ခံ ထားသည်။ mizzima

« Older Entries