စစ်ကောင်စီမကြိုက်တာကို လိုက်မလုပ်ဘူးဟု ခံယူထားသည့် အာဆီယံဥက္ကဌ၏သဘောထား တစ်ဖက်သတ်ဖြစ်နေဟု NUG နိုင်ငံခြားရေးဝန်ကြီး ဝေဖန်

စစ်ကောင်စီမကြိုက်တာကို လိုက်မလုပ်ဘူးဟု ခံယူထားသည့် အာဆီယံဥက္ကဌ၏သဘောထားသည် တစ်ဖက်သတ်ဖြစ်နေဟု NUG နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်က​ ပြောသည်။

NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က RFA သတင်းဌာနနှင့် သီးသန်းမေးမြန်းတွေ့ဆုံမှုတွင် လက်ရှိအာဆီယံဥက္ကဌတာဝန်ယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ၏ လုပ်ကိုင်မှုအပေါ် ယင်းသို့ဝေဖန်ပြောကြားခြင်းဖြစ်သည်။

” အစည်းအဝေးလုပ်တဲ့ကိစ္စမျိုးမှာ One sided ပေါ့နော်။ ဘာဖြစ်ဖြစ်စစ်ကောင်စီကို ပြောတယ်။ ပြောပြီးရင် ကိုယ့် Principle (အခြေခံမူ ) နဲ့ကိုယ်မသွားဘဲနဲ့ စစ်ကောင်စီက ပြောတဲ့အတိုင်းပဲလိုက်လုပ်နေတယ်။ တဖက်သတ်သဘောဆောင်နေတာပေါ့။ စစ်ကောင်စီက Green light မီးစိမ်းမပြရင် ဘာမှမလုပ်ရဲဘဲဆိုတဲ့အနေအထားမျိုးဖြစ်နေတာပေါ့။ အဲ့ဒီတော့ ဒီ Chair (ဥက္ကဌ)လုပ်နေတဲ့ နိုင်ငံတနိုင်ငံရဲ့ Principle ကိုမေး ခွန်းထုတ်စရာရှိနေတယ်” ဟု ဒေါ်ဇင်မာအောင်ကပြောကြားသည်။

မြန်မာ့အရေးကို ဘက်လိုက်မှုမရှိဘဲ ဖြေရှင်းပေးရန်လိုအပ်ကြောင်း၊ အာဆီယံဘုံသဘောတူညီချက်အပေါ် အာဆီယံဥက္ကဌတာဝန်ယူထားသူကိုယ်တိုင် လိုက်နာဆောင်ရွက်သင့်ကြောင်း ဒေါ်ဇင်မာအောင်က ထောက်ပြသည်။

” မြန်မာပြည်အရေး ဖြေရှင်းတဲ့အခါ Solution Base( အခြေခံဖြေရှင်းမှု) ကိုသွားသင့်တယ်။ နောက်ပြီး အာဆီယံဘုံသဘောတူညီချက်ကို အာဆီယံကိုယ်တိုင် အထူးသဖြင့် Chair တာဝန်ယူထားတဲ့ နိုင်ငံကိုယ်တိုင်က တင်းတင်းရင်းရင်းလိုက်နာဆောင်ရွက်သင့်တယ်။ စစ်တပ်က မကြိုက်လို့မလုပ်ဘူးဆိုတဲ့ဟာမျိုးကတော့ အာဆီယံ Chairmanship (သဘာပတိ)ကို မေးခွန်းထုတ်စရာဖြစ်နေတယ်” ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောကြားသည်။

အမေရိကန် ဝါရှင်တန်ဒီစီတွင် ပြုလုပ်သည့် အမေရိကန်- အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးကိုလည်း ဆွေးနွေးလျက်ရှိပြီး အ ခြားအာဆီယံနိုင်ငံများ၏ ရပ်တည်ချက် အထူးသဖြင့် မလေးရှားနိုင်ငံ၏ ထုတ်ဖော်ရပ်တည်ချက်ငများကို ကြိုဆိုကြောင်း ဒေါ်ဇင်မာအောင်ကပြောကြားသည်။

အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူထားသူမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အ ဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခဆာခွန်က တာဝန်ယူထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s