တောင်ကြီးမြို့ပေါ်ရှိလမ်းများအားလုံး SYFDA Rangers အဖွဲ့မှ စနေနေ့တွင် သွားလာခွင့်ပိတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိလမ်းများအားလုံးကို မိမိတို့ SYFDA Rangers အဖွဲ့မှ သွားလာခွင့်တစ်ရက်ပိတ်လိုက်ကြောင်း ယနေ့ မေလ ၁၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

တောင်ကြီးမြို့ပေါ်တွင်နေထိုင်သောပြည်သူများအနေဖြင့် မေလ ၁၄ ရက် ၊ စနေ နေ့တွင် မည်သူမျှအရေးကြီးကိစ္စမရှိဘဲ သွားလာခြင်းမပြုကြရန်၊ မြို့ပေါ်တွင် သေနတ်ပစ်ခတ်သံများဖောက်ခွဲသံများကြားပါက မစပ်စုဘဲ မိမိတို့၏နေအိမ်တွင်သာလုံလုံခြုံခြုံနေပေးရန်နှင့် အချိန်မရွေးပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနိုင်ကြောင်း SYFDA Rangers အဖွဲ့မှ အထူးအသိပေးတောင်းဆိုထားသည်။

”မနက်ဖြန် အရေးကြီး mission တစ်ခုလုပ်မှာမို့ ပြည်သူတွေ အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေပေးကြပါလို့တောင်းဆိုချင်ပါတယ်။ ပြည်သူတွေ အန္တရာယ်ကင်းရှင်းရေးကိုပထမဦးစားပေးလုပ်ဆောင်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အတတ်နိုင်ဆုံး အိမ်မှာပဲ နေထိုင်ပေးကြဖို့အသိပေးချင်ပါတယ်။ မနက်ဖြန် ၁၄ ရက်၊ စနေနေ့ကိုတော့ သွားလာတာတွေမလုပ်ကြဖို့ ပြောချင်ပါတယ်။” ဟု SYFDA – Rangers အဖွဲ့မှ ပြန်ကြား ရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ မေလ ၁၂ ရက်နေ့က တောင်ကြီးမြို့ရှိ ရွိုင်ရယ်ဟိုတယ်(Royal Taunggyi Hotel) တွင် ဖွင့်လှစ်ထားသော Play House ဘားနှင့် ကလပ်ကို ပစ်ခတ်ဖောက်ခွဲမှုပြုလုပ်မည်စိုး၍ လုံခြုံရေးအတွက် ကင်းလှည့်နေသော စစ်ကောင်စီတပ်သားအား ဖမ်းဆီးရမိခဲ့ပြီးနောက် ၎င်းစစ်ကောင်စီတပ်သားထံမှ တောင်ကြီးမြို့ကိုလက်နက်ကြီးများဖြင့်ချိန်ထားသော ပစ်မှတ်စာရင်းများ၊ လက်နက်နှင့်လူအင်အားစာရင်းများရရှိခဲ့၍ မိမိတို့အတွက်အထာက်အကူများစွာဖြစ်ရကြောင်း SYFDA – Rangers အဖွဲ့ထံက သိရသည်။

”မနေ့က ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားဆီကနေ သတင်းအချက်အလက် တော်တော်များများ ရထားပါတယ်။ မနေ့က ဖြစ်စဉ်ကြောင့် ကလပ်လည်း ပိတ်လိုက်ပြီလို့ သတင်းရပါတယ်။ ဒီအတွက်ကျနော်တို့missionအောင်မြင်ပြီလို့သတ်မှတ်လိုက်ပြီး နောက်ထပ် mission တွေအ တွက် လည်း ပြင်ဆင်နေပါပြီ။ ဒါကြောင့် မနက်ဖြန် တောင်ကြီးမြို့ပေါ်ကို အသွားအလာ တစ်ရက် ပိတ်လိုက်တာပါဗျ။ နောက်ထပ်လည်း ပြည်သူတွေသိသင့်တဲ့ mission တွေကိုလည်း ကျွန်တော်တို့ဘက်က ကြိုတင်အသိပေးတာတွေလုပ်ဆောင်ပြီးမှ တိုက်ခိုက်သွားမှာပဲဖြစ်ပါတယ်ဗျ” ဟု SYFDA – Rangers အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

Shan Youth’s Fedral Democratic Army (SYFDA-Rangers) အဖွဲ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ပေါ်တွင် နေထိုင်သောစစ်အာဏာရှင်ကို မလိုလားသည့် လူငယ်များစုပေါင်း၍ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ရန်၊ စစ်အစိုးရ၏ လည်ပတ်နေသော ယန္တရားများရပ်တန့်ရန်နည်းလမ်းမျိုးစုံဖြင့်တော်လှန်သွားရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၇ ရက်နေ့တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s