ပုလောတွင် စစ်ကောင်စီယာဉ်တန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ ၄၀ ဦးထက်မနည်း ထိ ခိုက်ဒဏ်ရာရ

မြိတ်ခရိုင် ပုလောမြို့နယ် ကဒဲကျေးရွာအုပ်စုရှိ ပဝတ်ကုန်းကျေးရွာအနီး မြိတ်-ပုလော ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄၀ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော) Palaw People’s Defence Force အဖွဲ့ ၏ ထုတ်ပြန်ချက် အရ သိရသည်။

မေလ ၁၂ ရက်နေ့ ညသန်းခေါင်ကျော် ၁၂ နာရီခွဲအချိန်တွင် မြိတ်ဘက်မှဆင်းလာသည့် စစ်ကား ၁၁ စီးပါ ယာဉ်တန်းနှင့် ထားဝယ်မှပုလော ဘက်သို့ မေလ ၁၃ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် ဆင်းလာသော စစ်ကား ၁၆ စီးပါယာဉ်တန်းတို့ကို ပုလောမဟာမိတ်တပ်ပေါင်းစုမှ မိုင်းခုနစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက် ခဲ့ သည်ဟု PPDF က ထုတ်ပြန်ထားသည်။‌

ကဒဲကျေးရွာ ဒေသခံတစ်ဦးက “ ထိခိုက်သေဆုံးမှုတွေ ရှိနိုင်ပါတယ်။ ညက ကားတွေပေါ်မှာ သွေးတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို တင်သွားတာတွေ့ရတယ်။ ထားဝယ်စစ်ဆေးရုံကို ပို့တယ်” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည့်အပြင် သေ ဆုံးသူများလည်းရှိနိုင်ကြောင်း PP DF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှလည်း ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့အားလုံးပူးပေါင်းပြီး တိုက်ခိုက်နေသလို ပြည်သူတွေကလည်း ညီညွတ်ပေးကြလို့ ကျေးဇူး တင်ပါတယ်။ နောင်လည်း စစ်ကောင်စီကားတွေကို အခုလိုမျိုးဆက်ပြီးမိုင်းဆွဲဖို့ရှိပါတယ်။ စနစ်တစ်ခု မရွေ့မချင်း တိုက်ခိုက်သွားဖို့ ကတိပြုပါတယ်” ဟု PPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုလောမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရကြောင်းလည်း သိရ သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s