မင်းတပ်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးဟုဆို

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် မင်းတပ် – မတူပီလမ်းမှ ကျောက်ထုမြို့ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီ ယာဉ်တန်းကို ၁၄ မိုင်ဝန်းကျင်တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်သည်။

ယမန်နေ့ မေလ ၁၂ ရက်တွင် ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း နှစ်ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး တူမီးနှင့် မောင်းပြန် သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။

မင်းတပ်မြို့ရှိ ခလရ (၂၇၄) တပ်ရင်းမှ စစ်ကား နှစ်စီး စစ်သားအပြည့် တင်ဆောင်ကာ မေလ ၁၁ ရက် နံနက် ၅ နာရီတွင် အဆိုပါ စစ်ကောင်စီယာဉ်တန်းအား အင်အားဖြည့် သွားရောက် ကြိုဆိုခဲ့ သေးသည်။

ဧပြီလ ၂၇ ရက်နေ့က မတူပီမှ ကျောက်ထုမြို့သို့ ထွက်ခွာလာသည့် အင်အား ၃၀၀ ခန့်နှင့် ယာဉ်အစီး ၇၀ ပါ စစ်ကောင်စီ ယာဉ်တန်းအား မတူပီမြို့ နယ် အတွင်း CDF- Matupi က အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ယခု မင်းတပ်မြို့နယ် ထဲတွင် CDF-Mindat က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲများနှင့် ပတ်သက်၍ CDF -Mindat ၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည့် သတင်းသာ တရားဝင်ပြီး အခြားသော လူမှုကွန်ရက်များတွင် ရေးသားမှုများကို မီဒီယာများ အနေဖြင့် ဖော်ပြခြင်း မပြုကြရန်လည်း မေတ္တာရပ်ခံ ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s