မင်းအောင်လှိုင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို LDU တက်မည်မဟုတ်ကြောင်း LDU ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ ကြေညာ၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲ တက်မည်ဟု ကြေညာသော အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များကို အရေးယူမည်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU က တက်ရောက်မည်မဟုတ်ဘဲ ဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု ကြေညာသော အတွင်းရေးမှူး ကျာဆော်လမွန်နှင့် အလုပ်အမှုဆောင်တချို့ကို အ ရေးယူမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

LDU ဥက္ကဋ္ဌ ကျာခွန်ဆာကိုယ်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း မေလ ၅ ရက်နေ့တွင် စစ်ကောင်စီကို အ ကြောင်းကြားထားပြီးဖြစ်ကြောင်း၊ PPST အနေဖြင့်လည်း LDU မတက်ရောက်နိုင်ကြောင်း ပြောဆိုပြီးဖြစ်ကြောင်း၊ ယင်းအခြေအနေတွင် LDU အတွင်းရေးမှူး ကျာဆော်လမွန်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်မည်ဟု ပြောဆိုခြင်းသည် ချမှတ်ထားသော စည်းမျဉ်းဥပဒေများ၊ မူပေါ်လစီများ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအဆင့်ဆင့် လေးစားလိုက်နာခြင်းမရှိ ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့ကြောင့် LDU ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌများက ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်မည်ဆိုသော ဆုံးဖြတ်ကို လုံး၀ အသိအမှတ်မပြုကြောင်း၊ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရှိဘဲ အလုပ်အမှုဆောင်တချို့က လုပ်ဆောင်မှုအပေါ် စည်းမျဉ်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s