မြို့သိမ်းတိုက်ပွဲများအတွက် ရည်ရွယ်ပြီး နွေ ဦးတော်လှန်ရေးအမှတ်တံဆိပ် SR-1 မောင်း ပြန်သေနတ်များကို ပြည်သူ့စစ်သားများ၏ ထုတ်လုပ်မှုအဖွဲ့က ထုတ်လုပ်၊ စစ်ကိုင်းတိုင်းကို အဓိက ပံ့ပိုးသွားမည်

နွေဦးတော်လှန်ရေး (Spring Revolution) ကို အတိုကောက် နာမည်ပေးထားသော SR-1 မောင်းပြန်သေနတ်များကို ပြည်သူ့စစ်သားများ၏ ထုတ်လုပ်မှုအဖွဲ့ People Soldiers’ Production Team က မြို့သိမ်းတိုက်ပွဲများအတွက် ရည်ရွယ်ထားလုပ်ထားပြီး စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များကို အဓိကပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

‘SR-1 မောင်းပြန်သေနတ်ဟာ Sub Machine Gun (SMG) အုပ်စုဝင် သေနတ်အမျိုးအစားဖြစ်ပါတယ်။ SR-1 ရဲ့အဓိက အားသာချက်ကတော့ FGC-9 Printed Gun ထက် ပြောင်း ၂ ဆခန့်ပိုရှည်သဖြင့် ထိရောက်မှုပိုကောင်းခြင်း၊ High Velocity ကျည်ဖြင့် ပစ်ခတ်နိုင်ခြင်း၊ သံမဏိကိုယ် ထည်ဖြစ်သဖြင့် အကြမ်းခံခြင်း၊ ပြောင်းသက်တမ်းကြာရှည်ခံခြင်း၊ အလွယ်တကူ ထုတ်လုပ်နိုင်ခြင်း၊ အလွယ်တကူပြုပြင်ထိန်းသိမ်းနိုင်ခြင်းတို့ ဖြစ်တယ်။

SR-1 မောင်းပြန်သေနတ်ကို 9 x 19 mm Parabellum (High Velocity) ကျည်အမျိုးအစားနဲ့ ပစ်ခတ်ရပြီး ထိရောက်မှုကတော့ Uzi Gun (အူဇီသေနတ်) နဲ့ အတူတူပဲဖြစ်ပါတယ်။’ ဟု PSPT အဖွဲ့က ထုတ်ပြန်ထားသည်။

SR-1 မောင်းပြန်သေနတ်သည် တတောင့်ချင်းသော်လည်းကောင်း၊ အတွဲလိုက်သော်လည်း ကောင်း ပစ်ခတ်နိုင်ပြီး ၁၅ တောင့် ဆန့် ကျည်အိမ် ပါရှိကာ မီတာ ၁၀၀ (ပေ ၃၂၀ ခန့်) အထိ ထိရောက်မှု ရှိသည်ဟု ဗိုလ်ကြီး ညီသုတက ဆိုသည်။

SR-1 လိုမျိုး SMG တွေဟာ မြို့ပြတိုက်ပွဲတွေမှာ အသင့်တော်ဆုံး လက်နက်အမျိုးအစားဖြစ်ကြောင်း ဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်တဲ့ SMG တွေဟာ သိန်း ၅ဝ ခန့် ပေါက်ဈေးရှိပြီး PSPT မှ ထုတ်လုပ်ထားတဲ့ SMG တွေကတော့ ဝယ်ယူစရိတ်ရဲ့ ၄ ပုံ ၁ ပုံခန့် (၁၂ သိန်းဝန်းကျင်) ခန့်သာ ရှိမည်ဖြစ်ကြောင်း PSPT က ဆိုသည်။

SR-1 မောင်းပြန်သေနတ်များကို အမြောက်အများထုတ်လုပ်နိုင်ရန် စက်ပစ္စည်းများ ထပ်မံဝယ်ယူဖို့ လိုအပ်ကြောင်းနှင့် အမြောက်အမြားထုတ် လုပ်နိုင်လျှင် Unit Cost သေနတ်တစ်လက်ချင်း ကုန်ကျစရိတ်ဟာ ပိုမိုလျော့ကျလာမည်ဖြစ်ကြောင်း ပြည်သူ့စစ်သားများ၏ ထုတ် လုပ်မှုအဖွဲ့ထံမှ သိရှိရသည်။

SR-1 မောင်းပြန်သေနတ်ကို အမြောက်အများထုတ်လုပ်နိုင်ဖို့ ပါဝင်ထောက်ပံ့လိုပါက PSPT Telegram – https://t.me/PSPT2021 မှာ ဆက် သွယ်စုံစမ်းနိုင်ကြောင်း PSPT က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s