ရွှေဘို၊ နတ်တလင်းနှင့် မြိုင်မြို့နယ်တို့တွင် မိုင်းဆွဲခံရမှုနှင့်တိုက်ခိုက်မှုများကြောင့် စစ်သား ၅၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘို၊ ပဲခူးတိုင်း၊ နတ်တလင်းနှင့် မကွေးတိုင်း၊ မြိုင်မြို့နယ်တို့တွင် မိုင်းဆွဲခံရမှုနှင့် တိုက် ခိုက်မှုများကြောင့် စစ်သား ၅၄ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက တရားဝင် သတင်းထုတ်ပြန်ကြသည်။

ရွှေဘိုတွင် စစ်သား ၂၀ ဦးသေဆုံး

===================

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ရှေ့ထွက်မိုင်း ၁၈ လုံးဖြင့် ၆ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဝ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ထံမှသိရသည်။

စစ်တပ်သည် ရွှေဘို-ဝက်လက် အစပ်ရှိ ရွာသစ်ကုန်းကျေးရွာကို မီးရှို့ပြီး ငါးပိအိုးရွာ အဝင်တွင် နတ်တောင်နဂါး တပ်ဖွဲ့မှ တိုက်ခိုက်ရေး ခေါင်းဆောင် ဗိုလ်စနေ ဦးဆောင်၍ GHOST RIDER Special Task Force BURMA တပ်ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နတ်တလင်းတွင် စစ်သား ၄ ဦးသေဆုံး

======================

ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပဲခူးရိုးမတောင်ခြေရှိ ဂွေ့ကြီးကျေးရွာနှင့် ဘိုကြီးကျေးရွာစခန်းကြားတွင် အကြမ်းဖက် စစ် တပ် အင်အား ၁၂ ဦးခန့် ပါဝင်သော စစ်ကြောင်းနှင့် ပဲခူးတိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ် သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း အမှတ် ၃၈၀၁ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြိုင်တွင် မိုင်းအလုံး ၁၀၀ ဖြင့် တိုက်ခိုက်၍ စစ်သား ၃၀ ဦး သေဆုံး

=====================================

မကွေးတိုင်း မြိုင်မြို့နယ်တွင် ကိုင်းတောမဘက်မှလာသည့် အကြမ်းဖက် စစ် တပ် စစ်ကား ၇ စီးပါ ယာဉ်တန်းကို မြိုင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့က ယနေ့ မေလ ၁၂ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဝ ခန့်သေ ဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို တဲကြီးရွာနှင့် နယ်သတ်ရွာ အနီး၌ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ညနေ ၅ နာရီ ၄၀ ခန့်တွင် မိုင်းအလုံးရေ ၁၀၀ ခန့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်သား ၃ဝ ဦးသေဆုံးခဲ့ပြီး စစ်တပ်က ဖောကားများဖြင့် အလောင်းလာကောက်သွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s