အရာတော်တွင် ဖက်ဆစ် စစ်တပ် တော်လှန် ရေး ၅/အရာတော် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ





khit thit
khit thit
ယနေ့ ကဆုန်လပြည့်နေ့တွင် မန္တလေးမြို့၏ အထင်ကရ ဘုရားပုထိုးစေတီနှင့် အပန်းဖြေနေရာအချို့၌ ဘုရားဖူးအလည်အပတ်ပြုကြသူများဖြင့် အထိုက်အလျောက်စည်ကားခဲ့ကြောင်း သိရသည်။
နံနက်လင်းပိုင်းမှစ၍ ဘုရားကြီး၊ မန္တလေးတောင်နှင့် ကုသိုလ်တော်ဘုရားသို့ ဘုရားဖူး၀င်ရောက်သူများ ရှိခဲ့ပြီး ဦးပိန်တံတား၊ မြို့တော်ဥယျာဉ်နှင့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွားလမ်းဘေးတစ်လျှောက်ရှိ အပန်းဖြေစခန်းများတွင် လူစည်ကားခဲ့ကြောင်းသိရသည်။
မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ သံဃာတစ်သောင်းကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ လည်း ကျုံးဘေးပတ်လည်တစ် လျှောက်ပြုလုပ်ခဲ့ပြီး အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ဝါဒဖြန့်မီဒီယာများက ဖော်ပြကြသည်။
ဘုရားဖူးအပန်းဖြေခရီးသွားလာလည်ပတ်သူ အထိုက်အလျောက်ရှိခဲ့သော်လည်း နှစ်စဉ် စည်ကားသိုက် မြိုက်စွာကျင်းပလေ့ရှိသည့် မင်းတုန်းမင်းကောင်းမှုတော် ဗောဓိညောင်ပင် ညောင်ရေသွန်းပွဲတော်ကြီးမှာ ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
“အရင်က ပွဲစျေးတွေနဲ့တစ်နေကုန်ကျင်းပတဲ့ ညောင်ရေးသွန်းပွဲတော်ကြီးက ဒီနှစ် ညောင်ရေသွန်းမယ့်သူ မရှိသလောက်ပဲ။ ပွဲလည်းမလုပ်ဘူး၊ အသွားအလာလည်း လုံး၀မရှိသလောက်ပဲ။ လူ လေး ငါး ဆယ် ယောက်လောက်ပဲ တစ်သုတ်စီ တစ်သုတ်စီ လာကြတာတွေ့ရတယ်” ဟု ဗောဓိညောင်ပင်ရှိရာ မဟာ အောင်မြေမြို့နယ် ဗောဓိကုန်းရပ်ကွက်မှ မဇ္စျိမ၏ သတင်းရင်းမြစ်ကပြောသည်။ mizzima
မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ သင်္ဘော ၃ စီးဖြင့် စစ်တပ်အင်အား ၃၀၀ ဝန်းကျင် ဧရာ၀တီမြစ်အထက်ပိုင်းသို့ ယနေ့ နေ့လည်ပိုင်းတွင် ထွက်ခွာသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။
မေလ ၁၄ ရက်နေ့ မွန်းလွဲ၂ နာရီအချိန် ပြည်သူ၊ ပုံညာ၊ ပြဒါးရှင် အမည်ရှိသော နှစ်ထပ် သင်္ဘော ၃ စီးဖြင့် ရိက္ခာ လက်နက်ခဲယမ်းများ သယ် ဆောင်သွားကြောင်း၊ နှစ်ထပ်သင်္ဘော ၁ စီးလျှင် စစ်သား အင်အား ၁၀၀ ဝန်းကျင်ဖြင့် သင်္ဘော ၃ စီး စစ်အင်အား ၃၀၀ ပါဝင်သွားကြောင်း သိရှိရသည်။
“နှစ်ထပ်သင်္ဘော သဲအိတ်တွေကြားထဲမှာ စစ်သားတွေ ဝတ်စုံအပြည့်နဲ့။နှစ်ထပ်သင်္ဘော မထွက်ခွာခင် ရှေ့ပြေးအနေနဲ့ ရေတပ်ဘုတ် (သင်္ဘောအငယ်စား)တစ်စီး နံနက် ၁၀ နာရီခန့်အချိန်က မရမ်းခြံဆိပ်ကမ်းကနေ ရှေ့ပြေးထွက်ခွာသွားတယ်။ သင်္ဘောခေါင်မိုးပေါ်မှာ စက်သေနတ်တွေတပ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ khit thit
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ထွေအုပ်ရုံး၌တပ်စွဲထားသော စစ်ကောင်စီတပ်မှ မေလ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောကြားသည်။
ပစ်ခတ်မှုကြောင့် မြသိန်းတန်ဘုန်းကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာလေးပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံတစ်ဦး လက် နက်ကြီးကျည်ထိမှန်ကာ မုံရွာဆေးရုံတွင် တက်ရောက်ကုသနေရ သည်ဟု သိရ သည်။
“ ဘာမှမဖြစ်ဘဲ ရမ်းသမ်းပြီးပစ်နေတာ။ လက်နက်ကြီးကျည် ကျ ကျချင်း ကိုရင်လေးတစ်ပါးက ပွဲချင်းပြီး ပျံတော်မူတယ်။ ကျန်တဲ့သုံးပါးက မုံရွာဆေးရုံမှာ ပျံလွန်တော်မူတယ်။ ဒေသခံတစ်ယောက်က မုံရွာ ဆေးရုံမှာ ပေါင်ဖြတ်ရမယ်ပြောတယ်” ဟု ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ပစ်ခတ်မှုများပြုလုပ်နေသောကြောင့် ပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေရသည်ဟု ဆို သည်။
ယနေ့ မေလ ၁၄ ရက် နေ့လည်ပိုင်းအချိန်တွင်လည်း ပုလဲမြို့အစပ်ရှိ ဇီးဖြူကုန်းကျေးရွာအား စစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ခဲ့သည်ဟု သိရသည်။ mizzima
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးအရာရှိ ၁ ယောက်နဲ့ ကဗျာကြီးကျေးရွာက ပျူစောထီးအဖွဲ့ ခေါင်း ဆောင် ၁ ယောက်တို့ မေ ၁၃ ရက် ညနေ ၆ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကဗျာကြီးကျေးရွာနေ ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးထားဝယ်ဟာ သူ့ရဲ့ နေအိမ်မှာ ရှိနေစဉ် သေနတ်ထိမှန် သေဆုံးခဲ့တာဖြစ်ပြီး လဝက ဝန်ထမ်းတယောက်လည်း အသတ်ခံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ခေါဇာက အထွေထွေအုပ်ချုပ်ရေးဦးစီးအရာရှိနဲ့ ပျူစောထီးအဖွဲ့ ခေါင်းဆောင်တယောက်ဟာ ပြည်သူ့တွေကို ခြိမ်းခြောက်တာတွေလုပ်ခဲ့တာကြောင့် အခုလို နေအိမ်မှာ ၂ ဦးလုံး သေနတ်ပစ်ခတ်ပြီး သုတ်သင်ရှင်းလိုက်ပြီး သေနတ် ၁ လက်ပါ သိမ်းဆည်းလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ရေးဘီးလူးအဖွဲ့ဟာ စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲ သတင်းပေးတွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်လာခဲ့ ၁၂ ယောက်လောက်ကို သုတ်သင် ရှင်းလင်းခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ရေးဘီးလူးအဖွဲ့ဟာ အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတာဖြစ်ပြီး သတင်းပေးနိုင်တဲ့ သူကို ဆုကြေးငွေဖြင့် ပေး မယ်ဆိုပြီး သတင်းထုတ်ပြန်ထားပါတယ် DVB
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်းရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ ဖျက်ဆီးနေသော စစ်တပ် စစ်ကြောင်းကို ယနေ့ မေလ ၁၄ ရက်နေ့ နံနက် ၈ နာရီခွဲတွင် PDF များက ခုခံ တိုက်ခိုက်ရာ PDF တပ်ဖွဲ့ဝင် ရဲဘော် မောင်ပြုံး ကျဆုံးခဲ့ကြောင်း ရေဦးကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က ကန်ပေါက်ကျေးရွာကို ဝင်ရောက် စီးနင်းရန် ရောက်ရှိလာစဥ် PDF တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ PDF ရဲဘော် ၁ ဦးကျဆုံးကာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ရေဦး ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ စစ်တပ်စစ်ကြောင်းသည် ပေကြီးရွာကို မေလ ၁၃ ရက်နေ့တွင် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁၀၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စည်သာမြေရွာကိုလည်း ယနေ့ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်ပိုင်နေအိမ် ၁၀လုံးကျော်ကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။
” စည်သာမြေကျွေးရွာက ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော်ကို စစ်ခွေးတွေ မီးရှို့သွားတယ်။ မီးလောင်နေတဲ့ ပြည်သူပိုင် နေအိမ်တွေကို ဒေ သခံ ကာကွယ်ရေး တပ်ပေါင်းစုက ဝိုင်းဝန်း မီးငြိမ်းသတ် ပေးခဲ့တယ်။ ပေကြီးရွာကတော့ အိမ်ခြေ ၁၀၀ လောက် မီးထဲပါသွားတယ်။ အဲ ၂ ရွာလုံးမှာတော့ ပြည်သူထိခိုက်တာမရှိဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်သည် ချမ်းသာရွာသို့ ရောက်ရှိနေပြီး နီးစပ်ရွာ ကျေးရွာများရှိ ပြည်သူများလည်း ဘေး လွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။ khit thit
ဧပြီလ ၂၇ ရက်နေ့မှစတင်ကာ ချင်းပြည်နယ် မတူပီမြို့မှ မင်းတပ်ဘက်သို့ ထွက်ခွာလာသည့် တင့်ကား နှစ်စီးအပါအဝင် စစ်ယာဉ်တန်း ၇၃ စီးကို ဒေသခံကာကွယ်ရေးတပ် CDF မတူပီနှင့် CDF မင်းတပ်တို့မှ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၈၄ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအချို့မှာ စိတ်ကြွဆေး အလွန်အကျွံသုံးစွဲထားသည်ကို အများ အပြားတွေ့ရသည်ဟု သိရသည်။
“သူတို့(စစ်ကောင်စီတပ်သား) တွေတော်တော်များများ စိတ်ကြွဆေးသုံးစွဲထားကြတဲ့ ပုံတွေ့ရတယ်။ ဒီ လောက် ကိုယ့်ဖက်ကလူတွေသေနေတာကိုလည်း ရယ်နေကြတယ်။ ကိုယ်ရှေ့မှာ ကိုယ့်လူသေနေတာ ကို ကြည့်ပြီး ရယ်နေကြတယ်။ သူတို့ပစ်လိုက်တဲ့လက်နက်ကြီး ပစ်ချက်လွဲသွားရင်လည်း ဝိုင်းပြီးရယ်နေ ကြတာပဲ” ဟု CDF-မင်းတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလားတူ ပြီးခဲ့သည့် မင်းတပ်မြို့တွင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး သေနတ် ဒဏ်ရာဖြင့် သွေးထွက်လွန်သေဆုံးနေပြီး အဆိုပါသွေးကို လာလျှက်သည့်ခွေးကို မောင်းမထုတ်ဘဲ ထိုင် ရယ်နေကြသည်ဟုလည်း ဆိုသည်။
ချင်းပြည်နယ် မင်းတပ်မြို့တွင် ပထမဆုံးတိုက်ပွဲဟုခေါ်ဆိုသည့် မင်းတပ်ဂေါက်ကွင်းတိုက်ပွဲအတွင်းCDF-မင်းတပ်မှသိမ်းဆည်းရမိသည့် ကားထဲတွင် ယာဘစိတ်ကြွဆေးပြားများ၊ ကာမစိတ်ကြွဆေး အမြောက် အမြားကို စစ်ကားထဲမှ သိမ်းဆည်းရမိခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီယာဉ်တန်းသည် မတူပီ-မင်းတပ် ၁၀၄ မိုင်ကွာဝေးသည့် ခရီးကို ၁၈ ရက်ကြာမှ မင်းတပ်မြို့ ၂၇၄ တပ်ရင်းသို့ရောက်ရှိခဲ့ပြီး လမ်းတလျှောက်တွင်လည်း CDF မင်းတပ်၏ မိုင်းဆွဲ ပစ်ခတ်မှု များကြောင့် အသေဆုံးများပြားခဲ့ကြောင်းလည်း သိရသည်။ mizzima
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ညမထွက်ရအမိန့်ကို ည၈ နာရီသတ်မှတ်ထားရကနေ ည ၉ နာရီကနေ မနက် ၄ နာရီထိ သွားလာနိုင်ကြောင်း ပြောင်းလဲပြင်ဆင်ပြီး လူ ၅ ဦးထက် မစုရဘူးလို့ စစ်ကောင်စီက ဒီနေ့ မေ ၁၄ ရက်မှာ ကြေညာလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ခင်း ၂ နာရီလောက်က စစ်ကောင်စီတပ်က ကားနဲ့ အရှေ့မှာ အရပ်ဝတ် ၂ ယောက်၊ အနောက်မှာ ရဲ ၂ ယောက်နဲ့ မြို့ထဲလှည့်လည် ကြေညာသွားတာဖြစ်ပြီး လူ ၅ ဦး ထက် ပိုမစုရဘူးလို့လည်း ကြေညာသွားတယ်လို့ဆိုပါတယ်။
“လူ ၅ ဦး ထက် ပိုမစုရကြောင်းလည်း ပါပါတယ်။ သေချာမကြေညာပါဘူး။ ကားကို အမြန်မောင်း ကြေညာတာပါ။ ခုလိုပြောင်းလဲ ကြေညာလည်း ထူးတော့ မသွားပါဘူး။”လို့ ဒေသခံက ပြောပါတယ်။
ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီက အရင်ကတည်းက ည ၈ နာရီ မနက် ၄ ညမထွက်ရ အမိန့်ကြေညာထားတာဖြစ်ပြီး ညဘက်ထွက်သူတွေ ပတ်ကင်းနဲ့ကြုံတဲ့အခါ ဖမ်းဆီးတာမျိုးရှိပြီး လူငယ်ယောကျာ်းလေးတွေဆိုရင် အမေးအမြန်းမရှိ ဖမ်းဆီးတာရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြိုင်လမ်း၊ ပေါက်လမ်းနဲ့ လမ်းဘေးစျေးသည်တွေက ညပိုင်းအထိရောင်းကြတာဖြစ်လို့ အခုလို အချိန် တစ်နာရီ နောက်ဆုတ်သွားတာလည်း သူတို့အတွက် အသက်ရှူချောင်သွားတယ်လို့ သိရပြီး အရင်ကဆို ရောင်းကုန်ကုန် မကုန်ကုန်ဆိုင်စောစောပိတ်ကြရတာလို့ ဆိုပါတယ်။ DVB
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ၊ ကမ္ဘာ့အမွေအနှစ် ဟန်လင်းပျူမြို့ဟောင်းကျေးရွာကို မေလ ၁၃ ရက်နေ့ စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး နေအိမ်များကိုဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ရွာထဲကို မနက် ၈ နာရီလောက်က ၀င်လာတယ်။ ပြီးတော့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေပဲချန်ပြီး လူငယ်လူလတ် တွေ့သမျှ အကုန်ဖမ်းသွားတယ်”ဟု ဟန်းလင်းကျေးရွာသားတစ်ဦးက ပြောသည်။
စစ်တပ်က PDF အယောင်ဆောင်ကာ ရွာတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး လူငယ် ၁၀၀ ခန့်ကိုဖမ်းဆီးကာ ကျေးရွာရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်းတွင် ဖမ်းဆီးထားကြောင်း၊ ရဟန်းသံဃာများကိုလည်း ကျောင်းထဲတွင် အကျယ်ချုပ်သဘောမျိုး ချုပ်နှောင်ခဲ့ကြောင်း သိရှိရသည်။
“သူတို့ထဲက လူငယ်နှစ်ယောက်သုံးယောက်လောက်က PDF အယောင်ဆောင်ပြီး ပုန်းနေတဲ့လူငယ်တွေကို လိုက်ခေါ်တယ်။ ထွက်လာတာနဲ့ ဖမ်းတော့တာပဲ”ဟု ဒေသခံတစ်ဦးက ဆိုသည်။
မေလ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်အချိန် ကျေးရွာအတွင်းရှိ နေအိမ်များကို ၀င်ရောက်ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြောင်း၊ ညနေ ၅ နာရီခန့် ဓားစာခံအဖြစ်ဖမ်းဆီးထားသည့်အမျိုးသမီးများကို ပြန်လွှတ်ပေးသော်လည်း အမျိုးသားများကို ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ရှေးဟောင်းယဥ်ကျေးမှုဇုန်အနီးရှိ ငပိအိုးကျေးရွာကိုလည်း ဒုတိယအကြိမ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လမ်းကြောင်းတစ် လျှောက်ရှိ ဟင်းသာကြီး၊ ကုလားမ၊ မကျီးသုံးပင်၊ ကျောင်းကုန်း၊ ပုလဲသွယ်၊ ထနောင်းကိုင်း၊ ဂွေးကုန်း၊ ရွာသစ်ကုန်းကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။ khit thit
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနေအ်ိမ် ဗုံးခွဲခံရမှုကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ် အဝေးထိန်းမိုင်းဖြင့် ထပ်မံတိုက်ခိုက်ခံခဲ့ရပြီး DC စစ်ကားတစ်စီး ပျက်စီးခဲ့ကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
တောင်ဒဂုံမြို့နယ်၊ ယုဇန ၂ လမ်းရှိ အမှတ် (၂၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောသောင်း၏ နေအိမ်ကို Special Task Agency (STA) အဖွဲ့က ယမန်နေ့ မေလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်တွင် လက်ပစ်ဗုံးနှစ်လုံးဖြင့် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် အဝေးထိန်း မိုင်းတစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် တိုက်ခိုက်ခံရသည့် အုပ်ချုပ်ရေးမှူးနေအိမ်ကို လာရောက်စစ်ဆေးမှုများ ပြုလုပ်သည့် စစ်ကောင်စီတပ်၏ DC ကားတစ်စီးကိုလည်း နံနက် ၆ နာရီအချိန်တွင် STA အဖွဲ့က အဝေးထိန်းမိုင်း သုံးလုံးဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“မေလ ၁၃ ရက်နေ့ မနက်ပိုင်းက တောင်ဒဂုံ ၂၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်ကို လက်ပစ်ဗုံးတွေရော အဝေးထိန်းမိုင်းတွေရောနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီနောက် လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီတပ်ကားကိုပါ အဝေးထိန်းမိုင်း သုံးလုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကားက ပျက်စီးသွားပါတယ်။ စစ်ကောင်စီတပ်သားတစ်ဦးလည်း ခြေထောက်မှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်”ဟု STA အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ဗုံးပစ်တိုက်ခိုက်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးနေအိမ် အရှေ့မျက်နှာစာတွင် ထိခိုက်မှုများ ရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပေမယ့် ရပ်ကွက်အတွင်းရှိ ပြည်သူအချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ခြင်း ခံခဲ့ရသည့် အမှတ် ၂၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောသောင်းဆိုသူသည် စစ်တပ်သတင်းပေးအဖြစ် လုပ်ဆောင်နေသူဖြစ်ပြီး ဧည့်စာရင်းတိုင်ခြင်းနှင့် ထောက်ခံစာလာရောက်ပြုလုပ်သည့် ပြည်သူများကို ငွေကြေးတောင်းယူမှုများရှိကြောင်း သတင်းရရှိထားကာ ပြည်သူများ၏ တိုင်ကြားမှုတွေလည်း ရှိခြင်းကြောင့်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း STA တာဝန်ရှိသူက ဆိုသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း ၂၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောသောင်း၏ သားဖြစ်သူ ကိုသန့်စင်ဦး (ခ) ခေါင်းဖြူနှင့် မြေးဖြစ်သူ မြင့်မြတ်ဟိန်းတို့ နှစ်ဦးကို အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြသူများကို စစ်ကောင်စီတပ်ထံ သတင်းပေးကာ ဖမ်းဆီးခိုင်းမှုများ ရှိခြင်းကြောင့် ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် ဒို့ရိုးရာညီနောင်များအဖွဲ့တို့ ပူးပေါင်းကာ အမှတ် ၂၄ ရပ်ကွက် ကြာကန်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားခဲ့သည်။ mizzima