ခေါဇာမြို့ရှိ ထွေအုပ်အရာရှိ ၁ ဦး နှင့် ကဗျာကြီးကျေးရွာ ပျူစောထီးခေါင်းဆောင် ၁ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးအရာရှိ ၁ ယောက်နဲ့   ကဗျာကြီးကျေးရွာက ပျူစောထီးအဖွဲ့ ခေါင်း ဆောင် ၁ ယောက်တို့  မေ ၁၃ ရက် ညနေ ၆ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကဗျာကြီးကျေးရွာနေ ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးထားဝယ်ဟာ သူ့ရဲ့ နေအိမ်မှာ ရှိနေစဉ် သေနတ်ထိမှန် သေဆုံးခဲ့တာဖြစ်ပြီး လဝက ဝန်ထမ်းတယောက်လည်း  အသတ်ခံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခေါဇာက အထွေထွေအုပ်ချုပ်ရေးဦးစီးအရာရှိနဲ့ ပျူစောထီးအဖွဲ့ ခေါင်းဆောင်တယောက်ဟာ ပြည်သူ့တွေကို ခြိမ်းခြောက်တာတွေလုပ်ခဲ့တာကြောင့် အခုလို နေအိမ်မှာ ၂ ဦးလုံး သေနတ်ပစ်ခတ်ပြီး သုတ်သင်ရှင်းလိုက်ပြီး သေနတ် ၁ လက်ပါ သိမ်းဆည်းလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ရေးဘီးလူးအဖွဲ့ဟာ စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲ သတင်းပေးတွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်လာခဲ့  ၁၂ ယောက်လောက်ကို သုတ်သင် ရှင်းလင်းခဲ့တယ်လို့လည်း  သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ရေးဘီးလူးအဖွဲ့ဟာ အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတာဖြစ်ပြီး  သတင်းပေးနိုင်တဲ့ သူကို ဆုကြေးငွေဖြင့် ပေး မယ်ဆိုပြီး သတင်းထုတ်ပြန်ထားပါတယ် DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s