ခေါဇာမြို့ ထွေအုပ်ဦးစီးမှူးနှင့် ပျူစောထီးခေါင်းဆောင်ဆိုသူ အသတ်ခံရ
မွန်ပြည်နယ် ရေးမြို့နယ်ခွဲ ကဗျာကြီးကျေးရွာရှိ ပျူစောထီးခေါင်းဆောင်ဆိုသူနှင့် ခေါဇာမြို့ ထွေအုပ် ဦးစီးမှူးကို ယမန့်နေ့ညနေပိုင်းတွင် ရေးဘီလူးအဖွဲ့က သွားရောက်ပစ်သတ်ခဲ့ကြောင်း ယင်းအဖွဲ့ တာဝန် ရှိသူထံမှ သိရသည်။
ကဗျာကြီးကျေးရွာနေ ဦးထားဝယ်သည် ပျူစောထီးခေါင်းဆောင်တစ်ဦးလည်းဖြစ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်ပြီး ကျေးရွာနေပြည်သူများကိုဖိနှိပ်ကာ လက်နက်ဖြင့် ခြိမ်းခြောက် အုပ်ချုပ်နေ သည့်အတွက် ကျေးရွာနေပြည်သူများ၏ တိုင်တန်းမှုများလာခြင်းကြောင့် နေအိမ်အထိ သွားရောက်ပစ် ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ရေးဘီလူးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
“သူက ရွာမှာ တော်တော်ကိုသောင်းကြမ်းနေတယ်ဆိုပြီး ရွာသားတွေက ကျွန်တော်တို့ကို တိုင်ကြားလာ လို့ သွားရောက် ပစ်တ်ခတ်ခဲ့တာ ဖြစ်တယ်”ဟု ရေးဘီလူးအဖွဲ့က ခေါင်းဆောင်တစ်ဦးက ပြောသည်။
ကဗျာကြီးရွာအုပ်ချုပ်ရေးမှူးကို ဝင်ရောက်ပစ်ခတ်နေစဉ် စစ်ကောင်စီခန့် ခေါဇာမြို့ ထွေအုပ်ဦးစီးမှူး ရောက်ရှိလာရာ ၎င်းကိုပါဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ရေးဘီလူးအဖွဲ့ကဆိုသည်။
အဆိုပါရှင်းလင်းမှုအတွင်း ပျူစောထီး/အုပ်ချုပ်ရေးမှူး ဦးထားဝယ်ကိုင်ဆောင်သည့် သေနတ် တစ်လက် ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟုဆိုသည်။ mizzima