ချင်းတွင်းမြစ်အတွင်း ရေယာဉ်များ မောင်းနှင်သွားလာခြင်းမပြုရန် မော်လိုက် PDF သတိ ပေး

ချင်းတွင်းမြစ်အတွင်း မေ ၁၄ ရက်က စတင်ပြီး စက်လှေနဲ့ မော်တော်ရေယာဉ်တွေ မောင်းနှင် ဖြတ်သန်းသွားလာတာ မပြုဖို့  မော်လိုက်မြို့နယ်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Mawlaik-PDF က အသိပေးကြေညာထားပါတယ်။

စစ်ကောင်စီတပ်က ချင်းတွင်းမြစ်အတွင်းကနေ လက်နက်ခဲယမ်း လူအင်အားနဲ့ ရိက္ခာ‌တွေကို ပို့ဆောင့်ဖြည့်တင်းပေးတယ်လို့  ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တွေဘက်က ပြောဆိုထားပါတယ်။ 

ခရီးသွားပြည်သူတွေအနေနဲ့ အရေးပေါ်ကိစ္စကလွဲပြီး ချင်းတွင်းမြစ်ကြောင်းကို အသုံးမပြုကြဖို့နဲ့  အခြေနေအရ သတင်းတွေကို ထုတ်ပြန်သွားမယ်‌လို့ လည်း မော်လိုက် PDF ကဆိုပါတယ်။

မော်လိုက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ မကြာခဏ ထိတွေ့ တိုက်ခိုက်မှုတွေဖြစ်ပွားပြီး  စကစလက်အောက်ခံ ရဲတပ်ဖွဲဝင် ဒုရဲအုပ်အပါအဝင် ၃ ယောက် ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က မော်လိုက် PDF အဖွဲ့ကတိုက်ခိုက်လို့ သေဆုံးခဲ့ပါတယ်။

ဖေါင်းပြင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့  ဖေါင်းပြင် PDF တို့ တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့တဲ့ မေလ ၈ ရက်က ယောင်းဟီးကျေးရွာက ဒေ သခံရွာသား အယောက် ၄၀ ကို စကစနဲ့ ပျူစောထီးအဖွဲ့က ဖမ်းဆီးပြီး ယောင်းဟီးကျေးရွာရှိ အိမ်ခြေ ၂၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s