တောင်ဒဂုံတွင် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးခွဲပြီး စစ်တပ်ရောက်လာချိန် မိုင်းများ ထပ်မံခွဲမှု STA က ၎င်းတို့လက်ချက်ဟု ကြေညာ၊ စစ်ကားတစ်စီးဖျက်ဆီးနိုင်ခဲ့ပြီး စစ်သား ၁ ဦးဒဏ်ရာရရှိဟုဆို

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၂၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစော နေအိမ်တွင် မေလ ၁၃ ရက်နေ့ နံနက်ပိုင်း ဗုံး ၂ လုံးပေါက်ကွဲပြီး စစ်တပ်က လာရောက်စစ်ဆေးချိန်တွင် ဗုံး ၃ လုံးဆက်တိုက်ပေါက်ကွဲမှုသည် Special Task Agency of Burma (STA) ၏ လက်ချက်ဖြစ်ကြောင်း၊ စစ်ကားတစ်စီး ပျက်စီးပြီး စစ်သား ၁ ဦး ဒဏ်ရာရရှိကြောင်း STA က သတင်းထုတ်ပြန်သည်။

ဒဂုံမြို့သစ်တောင်ပိုင်း၊ ယုဇန ၂ လမ်း ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးစောနေအိမ်တွင် မေလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်နှင့် နံနက် ၅ နာရီ ၂၀ မိနစ်အချိန်တွင် ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း၊ နံနက် ၆ နာရီ စစ်ကောင်စီတပ်များ ရောက်ရှိလာချိန်တွင် ဗုံး ၃ လုံးပေါက်ကွဲကြောင်း သိရှိရသည်။

တောင်ဒဂုံမြို့နယ်၊ ၂၅ ရပ်ကွက်အုပ်ချုပ်ရေး၏ သားဖြစ်သူ သန့်ဇင်ဦး(ခ) ခေါင်းဖြူ၊ မြေးဖြစ်သူ မြင့်မြတ်ဟိန်းတို့သည် ဒီမိုကရေစီအရေးလှုပ် ရှားသူများကို စစ်တပ်သတင်းပေး၍ ဖမ်းဆီးခိုင်းနေသဖြင့် မေလ ၆ ရက်နေ့တွင် ပစ်သတ်ခံလိုက်ရသည်။

မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် ၂၄ ရပ်ကွက် ကြာကန်အနီးတွင် တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ သန့်စင်ဦးနှင့် မြေးဖြစ်သူ မြင့်မြတ်ဟိန်းတို့ကို SDGF (ဒဂုံတောင်မြို့ပြပျောက်ကျားတပ်ဖွဲ့)က ဒို့ရိုးရာညီနောင်များ အဖွဲ့နှင့် ပူးပေါင်းပြီး ပစ် ခတ်ကြောင်း ၊ သေနတ်ဖြင့် ၁၀ ချက် ပစ် ခတ်သဖြင့် သန့်စင်ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း၊ မြင့်မြတ်ဟိန်းမှာမူ ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း၊ သန့်စင်ဦးသည် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဒုက္ခပေးခဲ့သူဖြစ်ကြောင်း SDGF က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s